ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မြောက် မာချေဒီုးနီးယား ပြည်သို့ ငြိမ်းချမ်းခြင်း နှင့် စည်းလုံးခြင်း ကျေးဇူးတော်များယူဆောင်လာ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည်် မြောက် မာချေဒီုးနီးယား ပြည် Skopke သို့ တစ်ရက်တာ ခရီးစဉ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မြောက် မာချေဒီုးနီးယား ပြည်သို့ ငြိမ်းချမ်းခြင်း နှင့် စည်းလုံးခြင်း ကျေးဇူးတော်များယူဆောင်လာ
မေလ ၆၊ ၂၀၁၉

မတူညီကွဲးပြားမူ့များတွင် စည်းလုံးခြင်း ကို ဦးတည်ခြင်း ရည်ရွယ်ချက် ဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည်် မြောက် မာချေဒီုးနီးယား ပြည် Skopke သို့ တစ်ရက်တာ ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခဲ့ပါသည်။

မြောက် မာချေဒီုးနီးယား နိုင်ငံ သို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ရောက်ရှိခြင်းသည် ယင်းနိုင်ငံ့ သမိုင်းတလျှောက် တွင် ပထမဦးဆုံး ပုပ်ရဟန်းမင်းကြီး လာရောက်လည်ပတ်ခြင်း သမိုင်းဝင် ခရီးစဉ်ဖြစ်ပါသည်။ ယင်းသည် မြောက် မာချေဒီုးနီးယား နိုင်ငံ၏ တစ်ရာခိုင် နှုန်းတောင်မရှိသော သေးငယ်သော ကက်သလစ်ခရစ်ယာန် အဖွဲ့အစည်းအတွက် ကြီးမားသော အမှတ်ရစရာ အရေးကြီးသော အခွင့်အရေး ဖြစ်ပါသည်။ ပုပ်ရဟန်းမင်းကြီး သည် မြောက် မာချေဒီုးနီးယား နိုင်ငံသို့ လာရောက်လည်ပတ်ခြင်း ခရီးစဉ်၏ ခေါင်းစဉ်မှာ လည်း ခွန်အားဖြစ်ဖွယ်ရာဖြစ်ပါသည်။ ယင်းခရီးစဉ် ခေါင်းစဉ်မှာ သေးငယ်သော သိုးစုလေး မကြောက်ပါနှင့် ဟု ဖြစ်ပါသည်။

မြောက် မာချေဒီုးနီးယား နိုင်ငံတွင် သြသဒေါ့စ် ကဲ့သို့သော ခရစ်ယာန် အဖွဲ့အစည်းများ ဖြစ်သည့် အာလ်ဘေးနီးယာန်း၊ ခရိုအိတ်၊ ပိုးလ်စ်၊ ဗူဂေးရီးယာန်း နှင့် အခြားသော အဖွဲ့အစည်းများ ရှိနေပြီး ဆရာတော် Stoyannov သည် အသင်းတော်၏ လာတင်း (latin-rite) ထုံးတန်းအစဉ်အလာကို ဆက်လက် လက်ခံကျင်သုံးနေသော ဘာသာသူ ထောင်ပေါင်းများစွာရှိသော Skopje သာသနာနယ်၊ လက်ရှိ ကက်သလစ်ထုံးတန်းအစဉ်အလာကို လိုက်နာ ကျင်သုံးနေသော ကောင်းကင်သို့ပင်ဆောင်ခံရသော မယ်တော် သာသနာနယ် နှင့် ဘိုင်ဇင်တိုင်း (Byzantine Rite) အစဉ်အလာကို လိုက်နာသူ တစ်သောင်းငါးထောင်ကျော် တို့ကို တစ်ပါးတည်းကြည့်ရူ့နေရသည့် ဖြစ်တောင့်ဖြစ်ခဲအခြေအနေတွင်ရှိသော ဆရာတော်ဖြစ်ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ကက်သလစ်ခရစ်ယာန် လူနည်းစုသာရှိသော နိုင်ငံများသို့ သူ၏သိုးထိမ်း ခရီးစဉ်ကို အဓိကထား သွားရောက်အားပေး တတ်သော ရဟန်းမင်းကြီးဖြစ်သည့်အလျှောက် ယခုခရီးစဉ်တွင် မြောက် မာချေဒီုးနီးယား နိုင်ငံသို့လည်း ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် အတူတကွယှဉ်တွဲနေထိုင်သော ကျေးဇူးတော်များ သယ်ဆောင်လာလိ်မ့်မည့်ဟုမျှော်လင့်ကြောင်း ဆရာတော် Stoyannov ပြောကြားခဲ့ပါသည်။

မတူကွဲးပြားသော လူမျိုးစုများ၊ မတူညီသော ဘာသာတရားများ အတူတကွယှဉ်တွဲးနေထိုင်ကြသော နိုင်ငံ အဖြစ် ပုပ်ရဟန်းမင်းကြီးမှ မကြာခဏ သုံးနုုနု်း ပြောကြားခဲ့ပြီး၊ ဘာသာတရားများအကြားအပြန်အလှန် နှီးနှောဖလှယ်ကြဖို့၊ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ကြဖို့ အဓိက ရည်ရွယ်ပြီး လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြောက် မာချေဒီုးနီးယား နိုင်ငံရှိ့ ဂျူးအဖွဲ့အစည်း၊ မွတ်စလင် အဖွဲ့အစည်း၊ မက်သဒစ် အဖွဲ့အစည်း၊ အရှေ့သြသဒေါ့စ် အဖွဲ့အစည်းများ နှင့် တွေ့ဆုံအပြီး နေ့လည်ခင်းတွင် လူငယ်များ နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါသည်။

ဘာသားရေးခေါင်းဆောင်များနှင့်တွေ့ဆုံရန် မြောက် မာချေဒီုးနီးယား နိုင်ငံ စကော့ပီရေ တွင် အာဘ်ဘေးနီးယာန်းမိသားစုမှ မွေးဖွားလာသူ မာသာ ထရေဇား၏ အမှတ်တရ အဆောက်အအုံ တွင် စီစဉ်ထားကြောင်း၊ ယင်းနေရာ၌ပင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ မာသာထရေဇားအသင်းဂိုဏ်းမှ သီလရှင်များ ကြည့်ရူ့စောင့်ရှောက်ပေးထားသော ဆင်ရဲးသားများ နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းကိုလည်းဖော်ပြထားပါသည်။

 

https://www.vaticannews.va/en/pope/news/2019-05/pope-francis-north-maced...

#pope, #visit, #northmacedonia, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 2 =