ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ပြင်သစ် ဘုရားဖူး လူငယ်များ နှင့် တွေ့ဆုံခြင်း

ပြင်သစ်နိုင်ငံ Aire နှင့် Dax သာသနာနယ်မှ လူငယ်များနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ပြင်သစ် ဘုရားဖူး လူငယ်များ နှင့် တွေ့ဆုံခြင်း
ဧပြီလ ၂၅၊ ၂၀၁၉

ပြင်သစ်နိုင်ငံ landes ဒေသ ကမာ့္ဘလူငယ်များနေ့ အမှတ်တရ ရောမမြို့သို့ ဘုရားဖူးထွက်လာသော ပြင်သစ်နိုင်ငံ Aire နှင့် Dax သာသနာနယ်မှ လူငယ်များနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခဲ့ပါသည်။

ရောမမြို့ကိုဘုရားဖူးလာခြင်မှာ တပည့်တော်ကြီး ပေတရု တို့ ပေါလူး တို့လို ဘုရားသခင်ကို သစ္စာရှိစွာ အသက်ပေးကြသူတွေကဲ့သို့ သင်တို့ရဲ့ယုံကြည်ခြင်းတွေ ပြန်လည်ရှင်သန် နိုးထလာရမယ်၊ ယနေ့ခေတ် တိုးတက်လာတဲ့ အခြေအနေ နှောက်ယှက်ခြင်း တပ်မက်ခြင်းတွေပေါများတဲ့အခြေအနေမှာ ရှေးတုန်က ခရစ်ယာန်တွေထက် ဒီနေ့ခေတ် ခရစ်ယာန်အသက်တာဟာ ရှင်သန်ရတာ ပိုမိုခက်ခဲမယ် ဒါပေမဲ့ လူတစ်ယောက်ရဲ့ကြိုးစားအားထုတ်မူ့ပေါ်ပဲ မူတည်ပါတယ်၊ တူညီတဲ့အချိန်ကာလတွေကြားမှာ ဘုရားအပေါ်မှာ သစ္စာရှိစွာ အသက်ရှင်နေထိုင်ဖို့သာအရေးကြီးပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက ပျော်ရွှင်စရာ ၊ ဝမ်းနည်းစရာ၊ မျှော်လင့်ခြင်း၊ ဒုက္ခဆင်းရဲ၊ ဝေဒနာများ စသည်တို့ကို အတူတကွ ဝေမျှ ခံစားလာခဲ့တဲ့ အသင်းတော်ကို လူငယ်တွေ သင်တို့ရဲ့အထင်အမြင် သင်တို့ အတွေးအခေါ်တွေနဲ့ သင်တို့နဲ့ ထိတွေ့နေရတဲ့အသင်းတော်ဟာဘယ်လိုမျိုးလည်း၊ အသင်းတော်ရဲ့ ဘယ်ကဏ္ဍမှာ ငါရောက်နေလည်း ကိုယ်ကိုကိုယ် ပြန်လည်ရှာဖွေ ဖော်ထုတ်ရမယ်။

ကြီးမာရှည်လျှားသော အသင်းတော်၏ ခရီးစဉ်ထဲမှာ သင်တို့လူငယ် တွေကို ငယ်ရွယ် သစ်လွင်နုပျုုိမူ့တွေ့ ခွန်အားသစ်တွေ၊ အတွေးအခေါ် အကြံအသစ်တွေကို ပေးသနား ပြီး အသင်းတော်ထဲမှာ သင်တို့ကို ခေါ်ဆောင်းပေးထားသော သခင်ခရစ်တော်ကို ကျေးဇူးတင်ပါတယ် ကိုယ်တော့က သာသနာတော်ကို ဘယ်တော့မှပြစ်ထားတော် မမူကြောင်းကိုညကျွနု်ပ်တို့ သိမှတ်ဝန်းခံကြပါတယ်။

လူငယ်များ တပါးသူကို အစေခံခြင်း၊ ညီကိုမောင်နှကဲ့သို့ချစ်ခြင်း၊ စက္ကရမင်းတူး များကို ခံယူခြင်း၊ နုတ်ကပတ်တော် နာထောင်ခြင်း တို့၌ သခင်ခရစ်တော်နှင့်အတူပေါင်းစပ်ကြပါ၊။ သခင်ခရစ်တော်ကိုနားထောင်ခြင်းအားဖြင့် သင်နှင့်ဆိုင်သော အရာ ကမ္ဘာလောက ကောင်းကြိုးအတွက် သင်လုပ်ဆောင်ရမည့်အရာ ကို သခင်ခရစ်တော်သင့်ကို ဖော်ပြပေးလိမ့်မယ်။ လူလောက သာယာငြိမ်းချမ်းစိုပြည်ဖို့ မတူညီသော ရိုးရာယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာစကား၊ အခြေအနေ စသည် မတူကွဲပြားမှုူ့တွေကြားမှာ လူသားအချင်းချင်း ဆက်သွယ် ဖို့၊ ရိုးရာယဉ်ကျေးမှု ဖလှယ်ဖို့၊ မတူညီသော နာလည်မူများ တည်ဆောက်ကြဖို့ ပေါင်းကူတံတားများ တည်ဆောက်သူများ ဖြစ်ကြပါ။ အငယ်ဆုံးသောသူကို ကူညီခြင်းဟာ သခင်ခရစ်တော် ကို သင်လုပ်ဆောင်ပေးနေခြင်ပါပဲ။ လူငယ်တို့ သင်တို့ရဲ့ စိတ်အားထက်သန်မူ့၊ သစ်လွင်သောယုံကြည်ခြင်း၊ ပြည့်ဝသော ခွန်အားတွေကို အသင်းတော် အလိုရှိတယ်။

 

https://www.vaticannews.va/en/pope/news/2019-04/pope-francis-young-frenc...

#pope, #youth, #future, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

10 + 4 =