ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ အီစတာ မင်္ဂလာသတင်းစကားတော်မြတ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ အီစတာ မင်္ဂလာသတင်းစကားတော်မြတ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ အီစတာ မင်္ဂလာသတင်းစကားတော်မြတ်

ချစ်လှစွာသောညီအစ်ကိုမောင် နှမအပေါင်းတို့

ကောင်း၍ပျော်ရွှင်ပြီး၊ ငြိမ်း ချမ်းသောအီစတာပွဲတော်ဖြစ်ပါစေဟုဦးစွာနှုတ်ခွန်းဆက်ဆုတောင်းလိုက်ပါသည်။

ယနေ့ ကမ္ဘာတစ်ဝှမ်းလုံး၌ အမိကက်သလစ်သာသနာတော်ကြီးတွင် ‘လက်၀ါးကပ်တိုင်ပေါ်တွင်တင်သတ် ခံရသော ယေဇူးသခင်သည် သူမိန့်ကြားခဲ့သည့်အတိုင်းရှင်ပြန်ထမြောက်တော်မူပြီ’ ဟုကြေညာသံသည်ပဲ့တင်ထပ်နေပါ သည်။

ပါစကားပွဲတော်၏ သတင်း ကောင်းသည် ကျွန်ုပ်တို့အားသံလျက်ကဲ့သို့လည်းကောင်း၊ မျက်လှည့်ဖန်တီးသကဲ့သို့ ဖော် ပြနေခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့ကြုံတွေ့နေရသောအခက်အခဲ၊ အကြပ်အတည်းတစ်မှလွှတ်မြောက်စေရုံသက်သက် ကိုမီးမောင်းထိုးပြနေခြင်းမဟုတ်ပါ။ ကူးစက်မြန်ကပ်ရောဂါ သည် ဆက်လက်ပျံ့နှံ့လျှက်ရှိပါသည်။ လူမူရေးနှင့်စီး ပွားရေး အကြပ်အတည်းများလည်း ဆိုးရွားစွာရှိနေပါ သည်။ အထူးသဖြင့်ချို့တဲ့နွမ်း ပါးသောသူတို့အဖို့မှာပို၍ ခက်ခဲကြပ်တည်းနေ ရသောကာလဖြစ်သည်။ သို့သော် လက်နက်ကိုင်၍ပဋိပက္ခများဖန်တီးနေခြင်းများအဆုံးမသတ်နိုင်သေးခြင်း၊ စစ်အုပ်စု များသည် အင်အားပို၍တောင့်တင်းခိုင်မာလာခြင်းများမှာဂုဏ်သိက္ခာအလီလီကျစေသောဖြစ်ရပ်များဖြစ်သည်။ ဤဖြစ် ရပ်များသည် ယနေ့ကမ္ဘာ၌ဖြစ်ပျက်နေသောမကောင်းသည့်ဖြစ်ရပ်ဖြစ်နေသည်။

လက်ရှိဖြစ်ပျက်နေသော ရှုပ် ထွေးသည့်မျက်မှောက်အခြေ အနေအဖြစ်အပျက်အမှန်၌ ကျွန်ုပ်တို့အားစိတ်ပျက် အား လျော့ခြင်းမရှိရန် မျှော်လင့် ချက်သတင်းစကားဖြစ်သည့် ‘လက်၀ါးကပ်တိုင်ပေါ်တွင်အသေခံခဲ့သောယေဇူးသခင် ရှင်ပြန်တော်မူပြီ’ ဟုပါစကားသတင်းစကားသည် တိုတို တုတ်တုတ်နှင့်အားပေးအ လင်းပြလျှက်ရှိသည်။ ပါစကားသတင်း စကားသည်ကျွန်ုပ်တို့အား သိကြားတမန်အကြောင်း၊ ၀ိညာဉ်များအ ကြောင်းကိုပြောပြနေခြင်းမ ဟုတ်။ လူစင်စစ်တစ် ဦးအ ကြောင်း၊ သွေးနှင့်သားနှင့်တည်ဆောက်ထားသောသူတစ်ဦးအကြောင်း၊ လောက၌ သွားလာလှုပ်ရှားခဲ့ပြီး လူအများ က ယေဇူးဟုသိကျွမ်းသောသူအကြောင်းကိုပြောပြနေခြင်းဖြစ်သည်။ ဧဝံဂေလိကျမ်းစာတော်မြတ်ကလည်း ဤယေဇူး သခင်နှင့်ပတ် သက် ၍ ရောမအစိုးရ၏သစ္စာခံဘု ရင်ပီလတ်တုမင်းကိုယ်တိုင် ‘သူသည် ဘုရားသခင်၏ သားတော် ခရစ္ဏတူး ဖြစ် သည်။ ကျမ်းစာတော်မြတ်အတိုင်း တတိယနေ့၌ရှင်ပြန်ထမြောက်တော်မူသည်။ ထိုအကြောင်းကိုလည်းသူကိုယ် တိုင် သူ၏တပည့်တော်ကြီးများအားမိန့်မြွတ်ခဲ့သည်’ ဟုသက်သေခံထားပါသည်။

လက်၀ါးကပ်တိုင်ပေါ်၌အ သေ ခံတော်မူသောယေဇူးသ ခင်သည် အဘယ်သူမျှမရှင်ပြန်ဖူးသေးသည့် သေခြင်းမှ ရှင်ပြန်ထမြောက်လာခဲ့သူဖြစ် သည်။ ခမည်းတော်ဘုရားသည် သူ၏သားတော်ဖြစ်သော ယေဇူးသခင်ကိုရှင်ပြန် စေခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည် ခမည်းတော်ဘုရား၏ ကယ် တင်ခြင်းအမူတော်ကိုပြည့် ၀စွာဖြည့် ဆည်းဆောင်ရွက်နိုင်ခဲ့သည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့လူသားများ၏ အား နည်းချက်၊ ပြစ်ချက်များအားလုံဂအပြင်၊ ကျွန်ုပ်တို့၏သေခြင်းကိုလည်း သူကိုယ်တိုင်ခံထမ်းခဲ့သည်။ ကျွန်ုပ်တို့ခံထမ်းရမည့်ဝေဒနာနှင့်အပြစ်၀န်ကိုလည်းသူ ကိုယ်တိုင်ခံထမ်းခဲ့သည်။ ထို့ကြောင့် ခမည်းတော်ဘုရားကသူ့အား ချီးမြှင့်မြှောက်စားတော်မူ၏။ ယခုအခါ ယေဇူးခရစ္စ တူးသခင်သည် ကာလအဆက်ဆက်အသက်ရှင်စိုးစံလျှက်ရှိသည်။ သူသည်သခင်ဖြစ်တော်မူသည်။

ယေဇူးသခင်၏ရှင်ပြန်ထ မြောက်ခြင်းအဖြစ်အပျက်ကို မျက်မြင်သက်သေများက စေ့ စပ်သေချာစွာပြန်လည် ဖောက် သည်ချပါသည်။ သေခြင်းမှရှင်ပြန်ထမြောက်သော ယေဇူးသခင်သည် သူ၏လက်ဖ၀ါး၊ ခြေဖ၀ါး၊ နံဘေးတော် ၌ဒဏ် ရာဒဏ်ချက်များရှိနေသည်။ ဤဒဏ်ရာဒဏ်ချက်များသည် ကျွန်ုပ်တို့အပေါ်ထားရှိသောသူ၏ထာ၀ရချစ်ခြင်းအ မှတ်လက္ခဏာဖြစ်သည်။ ကာယ သို့မဟုတ်စိတ်ပိုင်းဆိုင်ရာနာကြင်မူများတွေ့ကြုံခံစားရသူများအနေဖြင့် ဤဒဏ်ရာ တော်၌ကိုးစားခိုလှုံနိုင်သည်။ ဤဒဏ်ရာဒဏ်ချက်များအားဖြင့် ကျွန်ုပ်တို့အားစိတ် ပျက်အားလျော့ခြင်းမဖြစ်ပေါ်စေနိုင် သောမျှော်လင့်ချက်ကျေးဇူးကိုပေးသနားမည်ဖြစ်သည်။

သေခြင်းမှရှင်ပြန်ထမြောက်သောယေဇူးသခင်သည် ကူးစက်မြန်ရောဂါကိုဆက်လက်ခံစားနေရသူများ၊ ဖျားနာ နေသူများ၊ ချစ်သူခင်သူများဆုံး ပါး သွား၍စိတ်ထိခိုက်ခံစားနေရသူများအတွက် မျှော်လင့်ခြင်းဖြစ်သည်။ ယေဇူးသခင် သည်၄င်းတို့အား အသိပညာ၊ အတတ်ပညာများဖြင့်ပြည့်ပြီး၊ လူနာများအပေါ်ကြင်နာစွာပြုစုတတ်သောဆရာ၀န်များ၊ သူနာပြုများ၊ အထူးသဖြင့် အသိပညာရှင်၊ အတတ် ပညာ ရှင်တို့၏အကူအညီနှင့်ကျန်း မာရေးစောင့်ရှောက်မူကိုအထူးလို အပ်နေသောသူများလည်းသာတူညီမျှသောအခွင့်အရေးကိုရရှိကြပါစေ။ ကျွန်ုပ်တို့အား လုံးသည် ကူးစက်မြန်ကပ်ရော ဂါ ဆိုးကြီးကိုအတူတကွကာကွယ်ရန်တာ၀န်ရှိသကဲ့သို့ ကာ ကွယ်ဆေးကိုလည်းအား လုံးထိုးနှံနိုင်ရန်လည်းအတူ တကွ တောင်းဆိုရမည်။ ထို့ ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးအတွက်တာ၀န်ရှိသည်ဟုခံ စားရသောစိတ်ဖြင့် ကမ္ဘာ့အဖွဲ့အစည်းအား လုံးကိုတောင်းဆိုလိုသည်မှာ ကူးစက်မြန်ရောဂါကာကွယ်ဆေးဖြန့်ချီရာ၌ နိုင်ငံအားလုံး အထူး သ ဖြင့်ဆင်းရဲနွမ်းပါးသော နိုင်ငံများသို့လည်းအမြန်ဆုံးအရောက်ပို့ပေးကြရန်ဖြစ်ပါသည်။

လက်၀ါးကပ်တိုင်ပေါ်၌ အ သေခံပြီး၊ ရှင်ပြန်ထမြောက်သောသခင်သည် ကပ်ရောဂါ ဆိုးကြောင့်ရိုက်ခတ်လာ သောစီးပွားရေးအကြပ်အတည်းများ၊ လုံခြုံသောအကာ အ ကွယ် မပေးနိုင်ခြင်းစသောအခြေအနေများကြောင့် အ လုပ် လက်မဲ့ဖြစ်သွားရသူများအတွက် နှစ်သိမ့်ရာဖြစ်သည်။ ထိုသခင်သည် တာ၀န်ရှိသောအာဏာပိုင်များအား လုပ်သင့်လုပ် ထိုက်သည့်လုပ်ဆောင်မူများကိုလုပ်ဆောင်စေရန် သို့မှသာလူတိုင်း၊ မိသားစုတိုင်း အထူးသဖြင့်အခက်အခဲအ ကြပ်အ တည်းကြီးစွာကြုံတွေ့နေရသောမိသားစုများ ဂုဏ်သိ က္ခာရှိစွာအခက်အခဲကိုကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ကပ်ရောဂါ ဆိုးကြီးသည်ဆင်း ရဲနွမ်းပါးသောသူများ၊ စိတ် ပျက်နေကြသောသူ များ၏ ဦးရေကိုနေ့စဉ်တိုးပွားလာစေပါသည်။

‘နွမ်းပါးချို့တဲ့မူအမျိုးမျိုးကြားမှ မျှော်လင့်ချက်ဖြင့်တဖန်အစပြုရမည်’ ဟုစိန့်ဂျွန်ပေါလ် (၂) က ဟေတီနိုင်ငံသို့ တမန်တော်ခရီးကြွရောက်စဉ်မိန့်ကြားခဲ့သည်။ ယနေ့ဟေတီနိုင်ငံသားများဆီသို့ကျွန်ုပ်၏ အတွေးများရောက်ရှိသွားပါ သည်။ ၄င်းတို့အနေဖြင့် တွေ့ ကြုံနေရသောအခက်အခဲများကြောင့် ဟုန်ကျမသွားမိစေရန်နှင့်အနာဂါတ်ကိုယုံကြည်ချက်၊ မျှော်လင့်ချက်ဖြင့် မျှော်ကြည့်ရန်တိုက်တွန်းအားပေးလိုပါသည်။ ‘ချစ်ခင်ရ သော ဟေတီနိုင်ငံမှညီအစ် ကိုမောင်နှမအ ပေါင်းတို့ ကျွန်ုပ်သည် သင်တို့အကြောင်းကိုတွေးတောနေမိပါသည်။ သင်တို့နှင့်အနီးဆုံးတွင်ရှိနေပါ သည်။ သင်တို့ကြုံ တွေ့နေရသောပြသာနာများကို ထိ ရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်သောနည်းလမ်းကိုလည်းလိုချင်မိပါသည်။ ထို့ကြောင့် ဆုတောင်းပေးလျှက်ရှိပါသည်။

ရှင်ပြန်ထမြောက်သောယေဇူးသခင်သည် ကူးစက်မြန်ကပ်ရောဂါဆိုးကြေင့်ကျောင်း၊ တ က္ကသိုလ်မတက်ရ၊ သူ ငယ်ချင်းများနှင့်မဆုံတွေ့နိုင်ဘဲ အချိန်ကြာမြင့်စွာနေနေကြရသော လူငယ်များအား လုံး ၏မျှော်လင့်ချက်လည်းဖြစ် သည်။ လူမူရေးမျှသာဆက်ဆံခြင်းမျိုးမဟုတ်ဘဲ သားတစ်ဦး၏ဆက်ဆံရေးအမှန်ကိုလူတိုင်းလိုအပ်သည်ကို ကြုံတွေ့ခံစားကြရ သည်။ အထူး သ ဖြင့် မိမိတို့၏ဘ၀ကိုထုဆစ်ပုံဖော်နေရသောအခသက်အ ရွယ်၌ ပုံမှန်သောလူမူဆက်ဆံရေးသည်အထူး လိုအပ်သည်။ ဤအချက်ကို ပြီးခဲ့သော‌ သန့် ရှင်းသည့်သောကြာနေ့ကြီး၌ ကလေးများ၏ခရူးစူးကားတိုင်လမ်းလျှောက် သည့်ထောက်ရူချက်၌ ကွင်းကွင်းကွက်ကွက်သိရှိခဲ့ရသည်။ ကမ္ဘာတစ်ဝှမ်းမှ လူငယ်များနှင့်လည်းအနီးကပ်တွင်ရှိနေပါ ကြောင်းကျွန်ုပ်ပြောလိုပါ သည်။ အထူးသဖြင့် ဤရက် ပိုင်းများ၌ ဒီမိုကရေစီရရှိရေးနှင့်၄င်းတို့၏တောင်းဆိုချက်များကို ကြားသိစေရန်ငြိမ်းချမ်းစွာထုတ်ဖော်ဆန္ဒပြနေကြသော မြန်မာနိုင်ငံမှလူငယ်များနှင့်အနီးကပ်တွင်ရှိနေပါ သည်။ အမုန်း တရားကိုချစ်ခြင်းဖြင့်သာမောင်းထုတ်ရမည်ကိုလည်းသိစေလိုပါ သည်။

 

     သေခြင်းမှရှင်ပြန်ထမြောက်သော ယေဇူးသခင်၏လင်းရောင်ခြည်သည် စစ်ကြောင့်သော်လည်းကောင်း၊ ချွတ်ချုံ ကျသောဆင်းရဲမွှဲတေမူ‌များကြောင့်လည်းကောင်း နေရပ်စွန့်ခွာကြရသူတို့၏ဘ၀ ပြန်လည်ဦးမော့လာရန်အကြောင်းတ ရားဖြစ်စေတော်မူပါ။ သူတို့၏မျက်နှာ၌ ယေဇူးသခင်ကာလ်၀ါရီတောင်သို့ လေးလံသောလက်၀ါးကပ်တိုင်ထမ်း၍ တက်ကြွစဉ်ကရှိခဲ့သောခံစားချက်များ၊ ‌ေ၀ဒနာများပေါ်လွင်နေပါသည်။ ၄င်းတို့သည်အချင်းချင်းကူညီယှိုင်းပင်းခြင်း နှင့်လူသားညီအစ်ကိုရင်းစိတ်ဓာတ်လက္ခဏာများမပျောက်အပျက်စေပါဘဲ ထိုစိတ်ဓာတ်ကောင်းသည် ယနေ့ကျွန်ုပ်တို့ ကျင်းပနေသောသေခြင်းကိုအောင်မြင်စေသည့်အခြေအနေဖြစ်သည်။ အတိဒုက္ခရောက်နေသောဒုက္ခသည်များအား မိမိ တို့နိုင်ငံ၌ ရက်ရောစွာဖြင့်လက်ခံပေးခဲ့ကြ၊ နေထိုင်နိုင်ရန်နေရာပေးခဲ့ကြသော နိုင်ငံအသီးသီးကိုကျေးဇူးတင်ပါသည်။ လေဘနွန်နှင့်ဂျော်ဒန်သည် ဆီးရီးယား၌ဖြစ်ပွားသောပြည်တွင်းစစ်ကြောင့်ထွက်ပြေးတိမ်းရှောင်လာသောဒုက္ခသည် အ များဆုံးကိုလက်ခံပေးခဲ့သောနိုင်ဖြစ်သည်။       

           လေဘနွန်နိုင်ငံမှပြည်သူများလည်း ခက်ခဲသော၊ အသေချာမရေရာသော အချိန်ကာလကိုဖြတ်သန်းနေရချိန်၌ သေခြင်းမှရှင်ပြန်ထမြောက်သောသခင်၏ နှစ်သိမ့်ခြင်းကောင်းကြိးကိုခံစားရပါစေ။ မတူညီသောယဉ်ကျေးမူ၊ လူမျိုး၊ ဘာသာများအတူယှဉ်တွဲနေထိုင်ရသည့်အခြေအနေ၌ နိုင်ငံတကာအဖွဲ့အစည်း၏အကူအညီ၊ အထောက်အပံ့ကိုလည်း ရရှိပါစေ။

            ကျွန်ုပ်တို့၏ငြိမ်းချမ်းခြင်းဖြစ်သော ခရစ္စတူးသခင်သည် နောက်ဆုံး၌ကျွန်ုပ်တို့၏ချစ်လှစွာသော ဆီးရီးယားနိုင်ငံ ၌ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ၊ စစ်များကိုအဆုံးသတ်ပေးပါ‌စေ။ အဘယ်ကြောင့်ဆိုသော် ဆီးရီယားနိုင်ငံ ၌ လူသန်းနှင့်ချီ၍ လူမဆန်စွာနေထိုင်ရှင်သန်နေရသည်။ ရေမင်နိုင်ငံ၌၏အရေးသည်လည်း လစ်လျူရူခံနေရ၊ ပြောဆို ရေးသားကြမည့်သူများလည်းမရှိသလောက်ဖြစ်နေသည်မှာအလွန်ဆိုးရွားလှသောစာနာမူကင်းသည်လုပ်ရပ်ဆိုးကြီးဖြစ် နေသည်။ နောက်ဆုံးတွင် လီးဗျား၌ဆယ်စုနှစ်ချီကြာခဲ့သောပဋိပက္ခများသည်အဆုံးသတ်နိုင်တော့မည့်မျှော်လင့်ချက် များသန်းလာနေပါသည်။ အဖွဲ့အစည်းများအားလုံးလည်း ဤမတည်မငြိမ်မူများကိုဖြစ်ပေါ်စေသောအခြေအနေများကို ရပ်တန့်နိုင်နှင့်စစ်ပန်းနေပြီဖြစ်သောပြည်သူများအားသနားငဲ့ညှာသောအားဖြင့် ငြိမ်းချမ်းစွာဖြင့်ဘ၀ကိုပြန်လည်အစပြု ကာ မိမိတို့၏နိုင်ငံအသီးသီးကိုတည်ဆောက်နိုင်ရန်ကြိုးစားခွင့်ပြုသင့်ပါသည်။     

            ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့အား ဂျေရူးဆလင်မြို့သို့ခေါ်ဆောင်သွားသည်။ ဂျေရူးဆလင်၌ ‘ငြိမ်းချမ်း ခြင်းနှင့်လုံခြုံမူ’ ကိုပေးရန်ဘုရားသခင်ထံဆုတောင်းကြမည်။ (ဆာလံ ၁၂၂) သို့မှသာ ဂျေရူးဆလင်သည် လူသားများ အားလုံးညီအစ်ကိုမောင်နှမများကဲ့သို့သဘောထား၍ဆုံဆည်းမည့်နေရာအဖြစ်အမှန်အကန်ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ဂျေ ရူးဆလင်သည်အီစ္စရေးနှင့်ပါလက်စတီးနီးယံလူမျိုးနှစ်မျိုးတို့တွေ့ဆုံဆွေးနွေးကြမည်။ ထို့နောက်ခိုင်မာသောဆုံးဖြတ် ချက်ကိုချမှတ်ကြမည်။ ဤသို့ဖြင့်နှစ်ပြည်ထောင်သည် ဘေးချင်းယှဉ်၍ငြိမ်းချမ်းခြင်းနှင့်စည်ပင်၀ပြောရေးကိုလုပ်ဆောင် နိုင်ကြမည်ဖြစ်သည်။   

            ယနေ့ကျင်းပသောပွဲနေ့၌ ကျွန်ုပ်မကြာမီကကြွရောက်ခဲ့သော အီရတ်နိုင်ငံကိုလည်းသတိတရရှိနေမိပါသည်။ ငြိမ်းချမ်းရေးလမ်းမပေါ်၌ ဆက်လက်၍လျှောက်လှမ်းနိုင်ရန်၊ ဤသို့ဖြင့်လူသားမိသားစု၏ပျူဌာမူ၊ ဘုရားသခင်၏သား သမီးများအားလုံးကိုနွေးထွေးလှိုက်လှဲစွာကြိုမူပေးစေလိသော ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြည့်၀စေပါမည့်အ ကြောင်းလည်းဆုတောင်းပေးပါသည်။ (မှီငြမ်း ၁)  

              ရှင်ပြန်ထမြောက်သောသခင်၏ တန်ခိုးတော်သည်လည်း အာဖရိကတိုက်မှပြည်သူများအပေါ်လည်းသက် ရောက်ပါစေ။ တိုက်ကြီး၏အနာဂါတ်သည် ပြည်တွင်းအကြမ်းဖက်မူများ၊ နိုင်ငံတကာအစွန်းရောက်တို့၏ရန်နှင့်ဘတစ် ပြန်ကျားတစ်ပြန်လွန်ဆွဲနေရသည်။ အထူးသဖြင့် Sahel၊ Nigeria၊ Tigray နှင့် Cabo ဒေသများတွင်တွင်ဆိုးရွားစွာကြုံ တွေ့နေရသည်။ ဤအခက်အခဲပြသာနာများကို အကြမ်းမဖက်ဘဲငြိမ်းချမ်းစွာဆက်လက်ဖြေရှင်းရာ၌ လူ့အခွင့်အရေးကို လေးစားရန်၊ မြင့်မြတ်လှသောလူ့အသက်ကိုတန်ဖိုးထားကား ညီအစ်ကိုရင်းစိတ်ဓာတ်ဖြင့်အပြုသဘောဆောင်သည့်တွေ့ ဆုံဆွေးနွေးမူကိုပြုလုပ်ပြီး၊ ကျေအေးသင့်မြတ်သောစိတ်၊ တစ်စိတ်တစ်၀မ်းတည်းရှိသောစိတ်များဖြင့်တွေ့ဆုံကာဖြေ ရှင်းနိုင်စေတော်မူပါ။    

             ကမ္ဘာပေါ်၌ စစ်မျက်နှာပြင်၊ အကြမ်းဖက်မူများစွာဖွင့်လျှက်ရှိသည်။ ကျွန်ုပ်တို့၏ငြိမ်ချမ်းခြင်းဖြစ်သော ဘုရား သခင်သည် အရာရာကိုစစ်ခင်းမှ၊ စစ်ဖြင့်ဖြေရှင်းမှရမည်ဟူသောအတွေးကိုပြုပြင်ပြောင်းလဲနိုင်ရန်ကူညီပေးစေတော်မူ ပါ။ ပဋိပက္ခ၏အကျဉ်းသားများအဖြစ်မှလွှတ်မြောက်ပေးစေတော်မူပါ။ အရှေ့ကူကရိန်းနှင့် Nagorno-Karabakh များ လည်းပြန်လည်ငြိမ်းချမ်းလာစေ၍ အိုးအိမ်စွန့်ခွာခဲ့ကြရသောမိသားစုများလုံခြုံစွာဖြင့်နေရပ်သို့ပြန်သွားနိုင်စေတော်မူပါ။ ကမ္ဘာ့ခေါင်းဆောင်ကြီးများအားလည်းလူမျိုးစုများကို နည်းလမ်းတကျစုစည်းနိုင်ခြင်းသည် လူသတ်လက်နက်မဟုတ်ဘဲ၊ နိုင်ငံအတွက်ကြိုးရှိသောလက်နင်အသစ်ကိုတပ်ဆင်ခြင်းဖြစ်သည်ကိုလည်းသိရှိနားလည်စေတော်မူပါ။ ဧပြီလ (၄) ရက် နေ့သည် ‘ကမ္ဘာ့မြေမြှုပ်မိုင်းဆန့်ကျင်ရေးနေ့’ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိုင်းများကြောင့်အပြစ်မဲ့လူသားများ၏ အသက်ကိုသေစေခြင်း၊ ကိုယ်လက်အဂ်ါများဆုံးရှုံးရခြင်းအဖြစ်သနစ်သည် နှစ်တိုင်းဖြစ်ပျက်လျှက်ရှိသည်။ ထို့အတူလူ သားများကို ကြောက်ရွံ့စိတ်ကင်းစွာဖြင့် အတူတကွယှဉ်တွဲလျှောက်လှမ်းခြင်းမှအဟန့်အတားဖြစ်စေသည်။ အဘယ် ကြောင့်ဆိုသော် အသက်ကိုခြိမ်းခြောက်နေသောကြောင့်ဖြစ်သည်။ (မှီငြမ်း - ၂) အကယ်၍ လူသားထုအား ခြိမ်းခြောက် နေသောသေခြင်းသာလျှင်မရှိလျှင် ကျွန်ုပ်တို့ကမ္ဘာသည်အဘယ်မျှကောင်းမွန်မည်နည်း။      

            ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ယခုနှစ်လည်း ယခင်နှစ်ကကဲ့သို့ ကမ္ဘာ့နေရာအတော်များများ၌ ခရစ်ယာန်များသည် ပါစကားပွဲတော်ကြီးကို အစဉ်အလာအတိုင်းခမ်းနားစွာမကျင်းပနိုင်ဘဲ သတ်မှတ်ချက်များစွာဖြင့် ကျင်းပခဲ့ကြသည်။ အချို့သောနေရာများ၌မူ ပါစကား၀တ်ပြုခြင်းကိုပင်မပါ၀င်နိုင်ခဲ့သည်များလည်းရှိခဲ့သည်။ ကမ္ဘာတစ် ၀ှမ်း၌ ကျန်းမာရေးကြောင့်ချမှတ်ထားသောသတ်မှတ်ချက်များလည်းအမြန်ဆုံးဖြေလျော့ရန်နှင့်ဘာသာရေးလွှတ်လပ် မူကိုမြစ်တားသောသတ်မှတ်ချက်များလည်းပြန်လည်ရုတ်သိမ်းရန်ဆုတောင်းပါသည်။ သို့မှသာ လူတိုင်းသည်မိမိတို့ သက်၀င်ယုံကြည်သောဘာသာတရားကိုလွှတ်လပ်စွာရှိခိုး၀တ်ပြုနိုင်ကြမည်ဖြစ်သည်။

            အခက်အခဲများစွာကိုခံထမ်းရင်း ကျွန်ုပ်တို့အားလုံးသည် ခရစ္စတူးသခင်၏ကယ်တင်ခြင်းဒဏ်ရာတော်များ၏ ကုသခြင်းကိုခံရကြောင်းကိုလည်း ဘယ်တော့မှမမေ့သင့်ပေ။ (ကျမ်းကိုး - ပေတရုဩ၀ါဒစာ ပထမစောင် ၂း၂၄) ရှင်ပြန်ထမြောက်သောသခင်၏ရောင်၀ါတော်၌ ကျွန်ုပ်တို့အားလုံး၏ဒဏ်ရာတော်သည် ပြောင်းလဲသွားပြီဖြစ်သည်။ သေခြင်းအစားအသက်ရှင်ခြင်းရှိနေသည်။ ပူဆွေးငိုကြွေးခြင်းအစား နှစ်သိမ့်ခြင်းခံရပြီ။ ကားတိုင်တော်ကိုဖက်တွယ်ရင်း ယေဇူးသခင်သခင်သည်ကျွန်ုပ်တို့၏‌ေ၀ဒနာများကိုအဓိပ္ပါယ်ရှိလာစေခဲ့သည်။ ယခုထိုကုစားမူကိုခံစားတွေ့ကြုံပြီး နောက် ကမ္ဘာကြီးအားကြေညာဟောပြောရမည်ဖြစ်သည်။

သင်တို့အားလုံးအတွက် ကောင်းသော၊ ပျော်ရွှင်သော၊ လေးနက်တည်ကြည်သောပါစကားဖြစ်ပါစေ 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Salt + Light TV

https://bit.ly/3mrIjJJ

Add new comment

8 + 0 =