ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ဇွန်လအတွက် ဆုတောင်းရာရည်ရွယ်ချက် (ဘုန်းတော်ကြီးများ အတွက် ဆုတောင်းပေကြပါ)

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ဇွန်လအတွက် ဆုတောင်းရာရည်ရွယ်ချက် (ဘုန်းတော်ကြီးများ အတွက် ဆုတောင်းပေကြပါ)
ဇွန်လ ၆၊ ၂၀၁၉

ကျွနု်ပ်တို့အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်ပေးနေသော ဘုန်းတော်ကြီးများကို ကြည့်ကြဖို့ ကျွန်​ုပ်ပြောကြားလိုတယ်၊

သူတို့တွေ ပြည့်စုံတဲ့လူသားတွေမဟုတ်ကြပါဘူး ဒါပေမဲ့ သူတို့ဘဝကို နှိမ့်ချခြင်း၊ ပျော်ရွင်ခြင်းနှင့် ပေးဆပ်နေသူတွေပါ သူတို့ထဲက အများစုဟာ သူတို့ဘဝ အဆုံးထိပေးဆပ်ကြသူတွေပါ။

သူတို့​တွေဟာ လူတွေနဲ့အနီးကပ်ရှိနေသလို၊ လူတိုင်းအတွက်ကြိုးစားလုပ်ကိုင်ပေးနေကြတဲ့ ဘုန်းတော်ကြီးတွေပါ။

သူတို့ရဲ့ စံနမူနာကောင်းပြခြင်း နှင့် သက်သေခံခြင်းများအတွက် ကျေးဇူး သိတတ်​သူများဖြစ်ပေးကြပါ။

ဝါကြွားမူ့မပါ နှိမ့်ချသော သူတို့၏ ဘဝများဖြင့် တက်ကြွစွာဆက်ကပ်လုပ်ကိုင်နေကြသော ဘုန်းတော်ကြီးများ အထူးသဖြင့် အနိမ့်ကျဆုံးသော ဆင်းရဲသားများ နှင့် အတူတလုံးတဝတည်း ရှိနေသော ဘုန်းတော်ကြီးများအတွက် ဆုတောင်းပေးကြပါ။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-prayer-inte...

#pope's, #prayer, #priests, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

2 + 17 =