ပုပ်ရဟန်းမင်းကြီးဖရန်စစ်အတွက်သမိုင်း၀င်သောနေ့၌လှပသောသင်္ကေတတစ်ခု

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အတွက်သမိုင်း၀င်သောနေ့၌လှပသောသင်္ကေတတစ်ခု

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အတွက်သမိုင်း၀င်သောနေ့၌လှပသောသင်္ကေတတစ်ခု
ဧပြီ (၂၃) ရက်နေ့သည်အမိသာသနာတော်ကြီးက စိန့်ဂျော့ချ်၏ပွဲနေ့ကိုကျင်းပသည်။ သူ သည်တရားတော်အတွက်အသက်ပေး လှူခဲ့သောဓမ္မအာဇာနည်တစ်ပါးလည်းဖြစ်သည်။ ဤနေ့၌ပင် လွန်ခဲ့သော (၂၀၁၃) ခုနှစ်ကဂိုဏ်းချုပ်ဆရာတော် Bergoglio သည်ရဟန်းမင်း ကြီးအဖြစ်ရွေးချယ်ခံခဲ့ရ ပြီး၊ ရဟန်းမင်းကြီးဘွဲ့တော်အဖြစ်အစီးစီမြို့မှဖရန်စစ်ဘွဲ့တော်ကိုခံယူခဲ့သောသမိုင်း၀င်နေ့တစ်နေ့ဖြစ်သည်။

ဤသမိုင်း၀င်နေ့ကိုအမှတ်ရဂုဏ်ပြုသောအားဖြင့်ကိုဗစ် (၁၉) ၏ဒဏ်ကိုဆိုးရွားစွာခံစားခဲ့သော နိုင်ငံများဖြစ်သည့်ရိုမေးနီးယား၊ စပိန်၊ အီတလီနိုင်ငံများသို့ပန်ကာများကိုမတ်လ (၂၇) ရက်နေ့က ကြေ ငြာ၍ပေးပို့ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ဆေးရုံများ၌အထူး လိုအပ်နေသော ကြောင့်ဖြစ်သည်။ ကမ္ဘာ အရပ်ရပ်မှရဟန်းမင်းကြီးအားနှုတ်ဆုတောင်းကျေးဇူးတင်စာများရောက်ရှိလာသည်။

ပေးခြင်းဖြစ်ပြီး၊ လက်ခံရရှိခြင်းမဟုတ်ပါ။ ယနေ့ပွဲနေ့ကိုထူးခြားစေသောစိတ်ထားဖြစ်သည်။ ယ နေ့ပွဲနေ့ရှင်သည် အေဒီ (၃၀၃) ခုနှစ်၊ ခရစ်ယာန်များအားညှဉ်းပမ်းနှိပ်စက်သောရောမဘုရင်ဒီယိုက လေးစီယံလက်ထက်၌ဖြစ်သည်။ သူသည်ခံယူထားသောယုံကြည်ခြင်းကိုလွယ်လင့် တကူမစွန့်။ တရား တော်အတွက်အသက်ပေးလှူခဲ့သည်။ သူသည်လူတို့ကိုက်ဖျက်စား၍ဒုက္ခပေးနေသောနဂါးကြီးကို လက်ဝါးကပ်တိုင် တော်၏အစွမ်းဖြင့်ကာကွယ်နှိမ်နှင်းပေးနိုင်ခဲ့သည်။ ထိုလက်ဝါးကပ်တိုင်တော် သည်ယုံကြည်ခြင်း၏မကောင်းမူကိုအောင်မြင်ခဲ့သော သင်္ကေတဖြစ်သည်။

ရဟန်းမင်းကြီးကအစီးစီမြို့သားဖရန်စစ်အမည်ကိုရွေးချယ်ခဲ့ခြင်း၊

ရဟန်းမင်းကြီးဖရန်စစ်အဖြစ်ရွေးချယ်တင်မြောက်မခံရခင် ဂိုဏ်းချုပ်ဆရာဖြစ်နေစဉ်ကရဟန်း မင်းကြီး၏အမည်မှာ Jorge Mario Bergolio ဖြစ်သည်။ Jorge မှာ George ပင်ဖြစ်သည်။ သူ့အားမှိုင်း မသောရဟန်းတာပွဲနေ့၌ ရဟန်းမင်းကြီးအဖြစ်အမည်သစ်ကို လည်းရွေး ချယ်ခဲ့သည်။ ထိုနေ့ကိုအမှတ် ရသည့်အနေဖြင့်ကျန်းမာရေး၀န်ထမ်းများ ရောဂါဖြစ်ပွားနေသောသူများအားအနီးကပ်ကုသပေးနေ သောသူ များအတွက်လိုအပ်သော ပန်ကာများ၊ ကျန်းမာရေးဆိုင်ရာပစွည်းများ ဖြစ်သောနှားခေါင်းအုပ်၊ ဆေးလက်အိတ်များကိုလှူဒါန်းပေးပို့ခဲ့သည်။ ထိုပစွည်းများသည်ရိုမေးနီးယားနိုင်ငံ၊ Suceava သို့ လည်းကောင်း၊ အီတလီနိုင်ငံ၊ Lecce သို့လည်းကောင်း၊ စပိန်နိုင်ငံ၊ Madrid သို့လည်းကောင်း ပေးပို့ခဲ့ သည်။

ရဟန်းမင်းကြီး၏နွေးထွေးသောပွေ့ပိုက်မူ

ဤလုပ်ရပ်သည်အလွန်လှပပြီး၊ ယနေ့ကဲ့သို့သမိုင်း၀င်သောနေ့၌ဖြစ်ပျက်သွားခဲ့သည့်အတွက်ပို ၍အဓိပ္ပါယ်ပြည့်၀သွားပါသည်။ ယနေ့ကဲ့သို့သောသမိုင်း၀င်နေ့၌ရဟန်းမင်းကြီးသည်လက်ဆောင်လက် ခံရရှိခြင်းမဟုတ်ဘဲပေးကမ်းလိုက်သည်ဟုကာဒီနယ် Konrad Krajewski ကမှတ်ချက်ပြုပါသည်။ ဤ သို့အရေးပေါ်လိုအပ်ချက်ကိုချက်ချင်းပေးပို့ခြင်းကို ရဟန်းမင်းကြီး၏ကြီးမားနွေးထွေးသောပွေ့ပိုက်မူ ဟုတင်စားလိုက်ပါသည်။ ရိုမေးနီးယားနိုင်ငံ၊ Suceava မြို့လေးသည်ကိုဗစ် (၁၉) ကြောင့်အလွန်အရေး ကြီးသောအခြေအနေသို့ရောက် ရှိနေ ပါသည်။ ပိုဆောင်ပေးမည့်အသက်ရူကိရိယာများသည် ရောဂါ၏ ၂၅ ရာခိုင်နှုန်းကိုကူညီဖြေရှင်းပေးမည်။ ကွာရာတင်း၀င်ရန်ပြုလုပ်ထားသောနေရာ များမှာလည်းအလွန်ချို့ တဲ့သောနေရာများဖြစ်သကဲ့သို့၊ ညီညွှတ်သောဥရောပနိုင်ငံများအနက်အလွန်ချို့တဲ့သောနိုင်ငံလည်းဖြစ် သည်။
ရိုမေးနီးယားနိုင်ငံ၌ ကိုဗစ်လူနာပေါင်း (၅၀၀) ကျော်ရှိပြီး၊ လူတစ်သောင်းကျော်ကူးစက်ခံထားရ သည်။ ရဟန်းမင်းကြီးလှူဒါန်းပေး သောကျန်းမာရေးအတွက်လိုအပ်သောပစွည်းများကိုလေယာဉ်ဖြင့် တင်ဆောင်ပေးပို့ခဲ့သည်။ ထို့အတူရိုမေးနီးယာဆရာ၀န်များနှင့်ကျန်းမာရေး ၀န်ထမ်းခြောက်ဦးပါသည့် အဖွဲ့တစ်ဖွဲ့လည်းဧပြီလ (၇) ရက်နေ့ကလိုက်ပါသွား၍ဒေသခံဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ နှင့်ချိပ်ဆက် လုပ်ဆောင်စေရန်ဖြစ်သည်။
စပိန်နိင်ငံ၊ Madrid သို့ပေးပို့မည့်အသက်ရူကိရိယာ သုံးလုံးသည် ရဟန်းမင်းကြီးကိုယ်စားလှယ်၏ရုံး တော်မှသယ်ယူပို့ဆောင်မည်ဖြစ်ပြီး၊ ၄င်းပစွည်းများနှင့်အတူ Madrid ၏ကာဒီနယ် Carlos Osoro Sieraa သည်လည်းလိုက်ပါသွား၍လိုအပ်သောဆေးရုံများ သို့လှူဒါန်းမည်ဖြစ် သည်။ Iberian နိုင်ငံသည် လာမည့်မေလ (၉) ရက်နေ့အထိလူအ၀င်အထွက်လုံး၀ပိတ်ထားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆို သော်ကူးစက်ခံ ထားရသူဦးရေမှာ (၂၀၈၀၀၀) ဦးထိမြင့်တက်နေသည်။ ရောဂါကြောင့်သေဆုံးသူများမှာ (၂၁၀၀၀) ရှိပြီး၊ (၈၆၀၀၀) မှာပြန်လည်ကျန်းမာလာ ခဲ့ပြီဖြစ်သည်။
အသက်ရူကိရိယာ နှစ်လုံးမှာ အီတလီနိုင်ငံ၊ lecce သို့ ကာဒီနယ် Krajewski ၏အစီအမံဖြင့်ပို့ဆောင် မည်ဖြစ်သည်။ ထိုမှအပြန်တွင်နာပိုလီ (နေပယ်စ်) မြို့၌ခရီးတစ်ထောက်နားမည်ဖြစ်ပြီး၊ ရောမမြို့မှချို့ တဲ့သူများအတွက်ဆေး၀ါးများသယ်လာမည်ဖြစ်သည်။
ပါစကားမတိုင်မှီရက်အနည်းငယ်၌ဗာတီကန်မှတိုက်ရိုက်ပေးပို့သော အသက်ရူကိရိယာ နှစ်လုံး၊ ဆေးဝါးနှင့်ကျန်းမာရေးပစ္စည်းများ၊ ပါစကားကြက်ဥများ Maples ရှိ Cotugno ဆေးရုံသို့ရောက်ရှိလာခဲ့ သည်။ ယမန်နှစ်ကလည်း ရဟန်းမင်းကြီးဘွဲ့တော်ရွေးချယ်ကြေငြာ ခဲ့သော ယနေ့ကဲ့သို့သောနေ့မျိုး၌ ပနားမားတွင်ကျင်းပမည့်ကမ္ဘာ့လူငယ်များနေ့ အတွက်ပြုလုပ်သောစိပ်ပုတီးများကိုထုပ်ပိုး၍မီလန် ဂိုဏ်းချုပ်သာသ နာအတွင်းရှိလူငယ်များထံသို့ပေးပိုလှူဒါန်းပေးခဲ့သည်။ ထို့အတူရောမရထားဘူတာရှိ ချို့တဲ့သူများအတွက်အလေးချိန် (၂၀) ဂရမ်ရှိ ချောက လက်ကြက်ဥများကိုလည်းပေးပို့ဝေစေခဲ့သည်။

ရဟန်းမင်းကြီးအတွက်ဆုမွန်ကောင်းတောင်း

ယနေ့ကဲ့သို့မင်္ဂလာရှိပြီး၊ သမိုင်း၀င်သောနေ့မျိုး၌ ရဟန်းမင်းကြီးသည်ကောင်းသောဆုမွန် ကောင်းများစွာကိုခံယူခဲ့ရသည်။ ဤပါ စကားသတင်းစကား၌အီတလီနိုင်ငံ၏သမတ Sergio Mattarella ကအလွန်ခွန်အားဖြစ်စေသောအသက်ပေးနှုတ်တော် ထွက်စကားနှင့်မျှော် လင့်ခြင်းကိုရှင် သန်နိုးထလာစေသောစကားများအတွက်ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ ရဟန်းမင်း ကြီးသည်ထိုအားပေး စကားကိုထပ်ခါထပ်မိန့်ကြား၍ပြည်သူများကိုအားပေးခဲ့သည်။ ထို့ကြောင့်ရဟန်း မင်းကြီး၏ဘွဲ့တော်ကိုခံယူခဲ့သောမင်္ဂလာရှိပြီး၊ သမိုင်း၀င် သောနေ့၌ရဟန်း မင်းကြီးကိုအထူးကျေးဇူး တင်ပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

 

https://bit.ly/2VyF6Mx

Add new comment

13 + 0 =