ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ‘အမှန်တရားနှင့်ညီအစ်ကိုရင်းစိတ်တိုးပွားစေမည့်ကမ္ဘာကြီးကိုတည်ထောင်ရန်လုပ်ဆောင်ပါ’ ဟုသံအမတ်အ သစ်များအားမိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ‘အမှန်တရားနှင့်ညီအစ်ကိုရင်းစိတ်တိုးပွားစေမည့်ကမ္ဘာကြီးကိုတည်ထောင်ရန်လုပ်ဆောင်ပါ’ ဟုသံအမတ်အ သစ်များအားမိန့်ကြား

ပုပ် ရဟန်းမင်းကြီးသည် ပြီးခဲ့သောသောကြာနေ့က ဗာတီကန်မှသတ်မှတ်ပေးထားသောနေရာ ၌နေထိုင်ခြင်းမပြုသော သံအမတ်များနှင့်တွေ့ဆုံခဲ့သည်။ ၄င်းနိုင်ငံများမှာ Jordan, Kazakhstan, Zambia, Mauritania, Uzbekistan, Madagascar, Estonia, Rwanda, Denmark and India နိုင်ငံတို့ဖြစ်ကြသည်။

ယနေ့အထိဗာတီကန်နှင့်သံတ မန်ခင်း ထားသောကမ္ဘာ့နိုင်ငံပေါင်း (၁၈၃) နိုင်ငံရှိသည်။ ကပ်ရော ဂါဆိုး၏ စိန်ခေါ်ချက် သံအမတ် သစ်များသည် ၄င်းတို့၏တာ၀န်ကိုအလွန်ကြပ်တည်းခက်ခဲသောကူးစက်ရောဂါပိုးပြင်းထန်ချိန်၌ အစပြုရ ခြင်းဖြစ် ကြောင်း၊ ကိုဗစ် (၁၉) မဖြစ် ပွားမီကပင် (၂၀၂၀) သည်လူသားထုအတွက်အလွန်ကြပ်တည်းသောနှစ်တစ်နှစ်ဖြစ် လိမ့်မည် အဘယ်ကြောင့်ဆိုသော်ကမ္ဘာကြီး၏အစိတ် အပိုင်း များစွာ၌ ပဋိပက္ခာများ၊ အကြမ်းဖက်မူများ၊ အစွန်းရောက် တို့ ၏လက် ချက်များကြောင့်ဖြစ်သည်ဟုကြိုတင်ဟောကိန်းထုတ်ထားပြီးဖြစ်သည်။

စီးပွားရေးအကြပ်အတည်းသည်အစာရေ စာငတ်မွတ်မူနှင့်အစု လိုက်အပြုံလိုက်မိမိတို့၏ဌာနေကိုစွန့်၍ပြောင်းရွေ့ခြင်းများကိုဖြစ်ပေါ်စေသည်။ ထို့အတူကမ္ဘာ့ရာသီဥ တုပူနွေးလာမူတိုးမြှင့်ဖြစ်ပေါ်လာခြင်းသည်သဘာ၀ဘေးဒဏ်ဖြစ် ပွားရန်၊ အစာရေစာခေါင်းပါးရန်နှင့်မိုးခေါင်ရေရှားဖြစ် ရန်အကြောင်းတရားများဖြစ်ပေါ်လာနိုင်သည်။

ယခုနှစ်မတ်လ (၂၇) ရက်နေ့ကကျင်းပခဲ့သော ထူးခြားသည့်ဆု တောင်းပွဲအစီအစဉ်ကိုကိုးကား၍ ရဟန်းမင်းကြီးက ဖြစ်ပွားနေသောပဋိပက္ခများကကျွန်ုပ်တို့အားအသိ ၀င်စေသည်မှာ ကျွန်ုပ်တို့သည်လည်းတစ်လှေထဲစီး၊ တစ်ခရီးထဲသွားနေ ကြသူများဖြစ် ကြောင်း၊ ကျွန်ုပ်တို့အားလုံးလည်းအလွန်ထိလွယ်ရှလွယ်ကြသူများဖြစ်ကြောင်း၊ ဆောက်တည်ရာမရဖြစ် တတ်ကြောင်း၊ သို့သော်အရေးပါပြီး၊ လိုအပ်ကြောင်း၊ ကျွန်ုပ်တို့အားလုံးအတူတကွလှော်ခတ်ရန်ဖြစ်ကြောင်း၊ အချင်းချင်း အားပေးနှစ်သိမ့်ရန်လည်းလို အပ်ကြောင်း၊ ကိုဗစ် (၁၉) ရောဂါပိုးသည်တန်းတူညီမျှမူမရှိသောကျွန်ုပ်တို့၏လူ့ အဖွဲ့အစည်း ကိုပိုမိုဆိုးရွားလာနေကြောင်း၊ ချို့တဲ့နွမ်းပါးနေသောအသိုင်းအ၀ိုင်းထဲမှကျွန်ုပ်တို့ညီအစ် ကိုမောင် နှမ‌များ၊ မေ့လျော့ခံများ၊ ဖယ်ကျင်းခံရသူများ၊ သတိရဖော်မရှိကြသောသူများသည်ဤရော ဂါကိုပို၍ခံစားနေကြရသည်။

ဆွေးနွေဖလှယ်ပြီး၊ ယှိုင်းပင်းကူညီကြပါ။

ယနေ့ခေတ်အခါ အခြားသောခေတ်အခါများထက် တစ်ကမ္ဘာ လုံးအတိုင်းအတာဖြင့်ရိုးသားခြင်းနှင့်လေးစားမူဖြင့် တွေ့ဆုံဆွေးနွေးရန်၊ ယှိုင်းပင်းကူညီရန်ရဟန်းမင်းကြီးကတိုက်တွန်းခဲ့သည်။ ဤသို့စုစည်းအားဖြင့် ကျွန်ုပ်တို့ ၏ကမ္ဘာကြီး၊ အနာဂါတ်မျိုးဆက်တို့ အားခြိမ်းခြောက်ကာ မလုံမခြုံဖြစ်စေသောအခြေအနေကိုကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။ ရဟန်း မင်းကြီးလည်းမကြာမီကပုံနှိပ်ထုတ်ဝေလိုက်သော Fratelli tutti (ညီအစ်ကိုမောင်နှမများအားလုံး) ဟုအမည်ပေး ထားသောစာချွန်တော်ကိုလည်းကိုးကား၍ ‘လက်ရှိအချိန်၌ ကျွန်ုပ်တို့သည်လူသားတစ်ဦးစီ၏ဂုဏ်သိက္ခာကိုအသိအ မှတ် ပြု၍ကမ္ဘာတစ်ဦးလုံ း၌ညီအစ်ကိုမောင်နှစိတ် ဓာတ် များပြန်လည်မွေးဖွားရှင် သန်သင့်လှသည်။

ဗာတီကန်အနေဖြင့် ကမ္ဘာ့အစုအဖွဲ့ထဲ၌ရှိနေရခြင်းမှာ အား လုံးအကျိုးအတွက်အသုံး တော်ခံရန်ဖြစ်သည်။ ဤသို့ ဖြင့်လူသားနှင့်ဆိုင်ရာအ ကြောင်းအရာ၊ လူမူကျင့်၀တ်နှင့်ဘာသာရေးရူထောင့်များမှထွက်ပေါ်လာသည့်လူတစ်ဦးစီ၊ လူများ ၊ နိုင်ငံများအားထိခိုက်နစ်နာမူဖြစ်ပေါ်စေသည့်အရာများကိုအာရုံထားလုပ်ဆောင်ပေးရန်ဖြစ်သည်။ ရဟန်းမင်းကြီးက မိမိ တို့နိုင်ငံအားကိုယ်စားပြု၍ရောက်ရှိလာကြသောသံအမတ်များအနေဖြင့်တွေ့ဆုံဆွေးနွေးခြင်းအလေ့အထကိုပြုစုပျိုးထောင်ကြမည်ဟုမျှော်လင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်နိုင်ငံ တကာအဖွဲ့အစည်းမှတောင်း ဆိုချက်များကိုလက်တွေ့

ဖော် ဆောင်ရန်မှာမတူညီမူ၊ ကွဲပြားမူများကိုကျော်လွန်ရန် လိုအပ်ကြောင်း၊ ကျွန်ုပ်တို့တစ်ဦးစီသည် ပိုမိုတရားမျှတသော ၊ စည်းလုံးသောကမ္ဘာကိုတည် ဆောက်ရန်အတွက်ဖိတ်ခေါ်ခံနေရကြောင်းမိန့်ကြား၍ အဆုံးသတ်လိုက်ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2VQhBhf

Add new comment

10 + 3 =