Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်းကြီးက အသင်းတော်အတွင်းမှာ စည်းလုံးခြင်းရှိဖို့၊ မိသားစုထဲမှာ ငြိမ်းချမ်းခြင်းရှိဖို့ မစ္ဆားတရားတော်မြတ်၌ ဆုတောင်းပေးခြင်း
ပုပ်ရဟန်းမင်းကြီးက အသင်းတော်အတွင်းမှာ စည်းလုံးခြင်းရှိဖို့၊ မိသားစုထဲမှာ ငြိမ်းချမ်းခြင်းရှိဖို့ မစ္ဆားတရားတော်မြတ်၌ ဆုတောင်းပေးခြင်း
Santa Marta ဘုရားကျောင်းတော်မှာပူ ဇော်တဲ့ မစ္ဆားတရားတော်၌ ပုပ်ရဟန်းမင်းကြီးက ကမ္ဘာ့ကပ်ရောဂါကြောင့် အိမ်ထဲမှာပိတ်မိနေကြတဲ့ မိသားစုများအတွက်ဆုတောင်းပေးခဲ့ပြီး "သခင်ခရစ်တော်က အသင်းတော်အတွင်း၌ ငြိမ်းချမ်းခြင်းရှိရန်လိုလားကြောင်းကို" ပြန်လည်သတိမူစေပါတယ်။
တနင်္လာနေ့ မေစ္ဆားတရားမှာ ကမ္ဘာ့ကပ်ရောဂါကြောင့် အိမ်ထဲမှာပိတ်မိနေကြတဲ့ မိသားစုတွေအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါတယ်။ မိသားစုတွေ အရင်က မလုပ်ခဲ့ဖူးသောအရာတွေ အများကြီးလုပ်ဖို့ရန်အတွက် ကြိုးစားနေကြကြောင်းကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။ ပြီးနောက် "အိမ်တွင်းအကြမ်းဖက်မှု အဖြစ်မှန်တွေကိုလည်း" ထုတ်ဖော်ပြပါတယ်။
"ရောဂါမကူးစက်စေရန် သီးခြားခွဲထားတဲ့ ကာလအချိန်မှာ စိတ်ရှည်ရှည်နှင့် တီထွင်ဖန်တီးမှုတွေနှင့်အတူ မိသားစုဝင်များ ဇွဲရှိဖို့အတွက်၊ မိသားစုများအတွက် ဆုတောင်းပေးကြရအောင်။" လို့နှိုးဆော်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဩဝါဒပေးတဲ့အချိန်မှာ "ကွဲပြားခြင်းထက် စည်းလုံးခြင်း၏ အရေးကြီးပုံ" ကို အလေးနက်ပြောပြခဲ့ပါတယ်။ ရှေးကနဦးအသင်းတော်က စိန်ပီတာကို အပြစ်သည်တွေနှင့်အတူတူအစာစားလို့ဝေဖန်ခြင်းနှင့် "ငါသည် အားလုံး၏ သိုးထိန်း ဖြစ်၏။" ဆိုတဲ့ဧဝံဂေလိကျမ်းထဲက ခရစ်တော်ရဲ့ အမှာစကားတွေက ကွဲပြားလှတဲ့ ဝင်ရိုးစွန်းနှစ်ခုကို လည်ပတ်စေပါတယ်။
စိတ်ဝမ်းကွဲပြားစေသော အရင်းအမြစ်များ
"ပထမကျမ်းစာ တမန်တော်ဝတ္ထုထဲမှာ ခရစ်ယာန်အဖွဲ့စည်းက စိန်ပီတာကို ဘာသာပတွေနှင့်အတူတူ စားသုံးလို့ဝေဖန်ခဲ့ကြတယ်။ ဒါဟာ အစောပိုင်းက အသင်းတော်မှာ တွေ့ရတဲ့ ခွဲခြားခြင်းများစွာထဲက ပုံဥပမာတစ်ခုမျှသာဖြစ်တယ်။" လို့ ပုပ်ရဟန်းမင်းကြီးကဆိုပါတယ်။
စိတ်ဝမ်းကွဲပြားခြင်း သဘောသဘာဝက ဖြောင့်မတ်တဲ့သူနှင့် အပြစ်သည်တွေ၊ ကျွန်ုပ်တို့နှင့် သူတို့တွေကို ကွဲပြားစေပါတယ်။ ကျွှန်ုပ်တို့တွေက ဘုရားရဲ့မျက်မှောက်မှာ မှန်ကန်တဲ့အနေထားမှာ နေနေကြတယ်လို့ယုံကြည်ကြတယ်။ တခါတစ်လေမှာ အဲလိုယုံကြည်နေခြင်းက တစ်ခြားသူတွေကို "အပြစ်စီရင်ခြင်းခံရတယ်" ဆိုတဲ့ တွေးခေါ်မှုဘက်ကို ဦးတည်စေပါတယ်။ တကယ်မှာတော့ အဲဒီအချိန်က ဘာသာရေး နယ်ပယ်မှာ စိန်ပီတာ မက သခင်ခရစ်တော်ပါ အပြစ်သည်တွေနှင့်အတူ စားသုံးကြလို့ ဝေဖန်ပြစ်တင်ခြင်း ခံကြရတယ်။
ဒါဟာ အတွေးအမြင်ကပေါက်ဖွားလာတဲ့ အသင်းတော်ရဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ မှတ်သားကြတဲ့ အတွေးအမြင်ရှုတောင့်တွေဟာ ကျွန်ုပ်တို့ကို လမ်းညွှန်ပေးတဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို နားစွင့်တာထက် ပိုအရေးကြီးတယ်လို့ ထင်မြင်လာစေပါတယ်။ ဒီလိုအရာတွေက စိတ်ဝမ်းကွဲခြင်းတွေကို ဦးတည်နိုင်ပါတယ်။
သခင်ခရစ်တော် လူအယောက်တိုင်းအတွက် အသေခံခဲ့တယ်
ပုပ်ရဟန်းမင်းကြီးက Vatican မှာနေတဲ့ ကာဒီနယ် Emeritus ပြောတဲ့ " အသင်းတော်ဟာ မြစ်တစ်စင်းနဲ့တူတယ်။တစ်ချို့သော အသင်းသားတွေက မြစ်ကမ်းပါးတစ်ခု မဟုတ်ရင်တခြားတစ်ခုနှင့်ပိုနီးကြတယ်။ ဒါပေမဲ့ လူတိုင်းက မြစ်ထဲမှာပါပဲ။" လို့ တင်းစားချက်ကို ကိုးကားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးက "လူတိုင်းက အသင်းတော်အထဲမှာပဲရှိတယ်။ ဘယ်သူမှအပြင်မှာမရှိဘူး။ ဘုရားကလဲဒီလို အလိုရှိတယ်။ လို့ ဆိုပါတယ်။
ဧဝံဂေလိကျမ်းချက်ကို ဦးတည်ပြီး ခရစ်တော်ရဲ့ နှုတ်တော်ထွက်စကားကို လေးလေးနက်နက် ပြောပြခဲ့ပါတယ်။ "ဤသိုးခြံနှင့်မဆိုင်သော အခြားသိုးတို့ကို ငါပိုင်သည်အလျောက် ခေါ်ခဲ့ရမည်။ သူတို့လည်း ငါ့စကားသံကိုကြားနာသဖြင့် သိုးစုတစ်အုပ်၊ သိုးထိန်းတစ်ပါးတည်း ဖြစ်လိမ့်မည်။" (ရှင်ယောဟန် ၁၀း ၁၆) "သခင်ခရစ်တော်၌ လူအယောက်တိုင်းက အ ရေးကြီးပါတယ်။ သခင်ခရစ်တော်က အယောက်တိုင်းအတွက်အသေ ခံခဲ့တယ်။ လူကောင်းနှင့် ဖြောင်မတ်တဲ့သူတွေအတွက် သာမက ကျွန်ုပ်တို့ဘဝကို ခက်ခဲအောင်လုပ်တဲ့သူ၊ သူခိုးတွေအတွက်၊ ဒီ့ပြင် သူ့ကိုမယုံကြည်တဲ့သူတွေအတွက်ပါ သူအသေခံခဲ့တယ်။" လို့ ပုပ်ရဟန်းမင်းကြီးက အခိုင်အမာပြောခဲ့ပါတယ်။
သိုးထိန်းတစ်ပါးရှိခြင်းဌါ
"ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က လူသားအားလုံး စည်းလုံးညီညွတ်ပြီး သိုးထိန်းတစ်ပါး၊ သင်းအုပ်တစ်ပါးသာရှိစေရန် ဆုတောင်းကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဘုရားရှင်က ကျွန်ုပ်တို့ကို စိတ်ဝမ်းကွဲပြားခြင်းရဲ့သဘော တရားမှ ကယ်လွတ်ပါစေ။ ယေဇူးရှင်၌ ကျွန်ုပ်တို့အားလုံးက ညီအစ်ကို မောင်နှမများဖြစ်ပြီး သူသည် ကျွန်ုပ်တို့အားလုံး၏ သိုးထိန်းရှင်ဖြစ်ကြောင်း၊ ယေဇူးဘုရား ရဲ့ ကြီးမားသောအဖြစ်မှန်ကို သိမြင်တတ်အောင် ဘုရားရှင်စောင်မပါစေ။" ဒီနေ့အတွက် သတင်းစကားတော့....... "လူအယောက်တိုင်း၊ လူအယောက်တိုင်း"
ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA
Add new comment