ပုပ်ဘက်နဒစ် ၁၆ သည် ဘုရားစကားသင်ကြားရာ၌ ဆရာတစ်ဆူ ဖြစ်​သည်

ပုပ်ဘက်နဒစ် ၁၆ သည် ဘုရားစကားသင်ကြားရာ၌ ဆရာတစ်ဆူ ဖြစ်​သည်

ပျံလွန်တော်မူသော ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် ဘုရားစကားသင်ကြားရာ၌ ဆရာတစ်ဆူ ဖြစ်ကြောင်း ပုပ်ဖရန်စစ်အရှင်သူမြတ်မှ မိန့်ကြာတော်မူ
ခဲ့သည်။

၀ိညာဉ်ရေး၌ အတူတကွ ခရီးပြုလျှောက်လှမ်းခြင်းနှင့် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း အကြောင်းအရာများနှင့် စပ်လျင်းပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ ဘုရားစကား သင်ကြားခြင်း ပြုလုပ်ပေး နေခဲ့ရာ ယခုအပတ် (ဇန်နဝါရီလ ၄ ရက် နေ့) ဗုဒ္ဓဟူးနေ့တွင် လူထုပရိသတ်အား ဘုရားစကား သင်ကြား ခြင်းအစီ အစဉ်၌ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ပျံလွန်တော်မူသော အနား ယူခဲ့သည့် ပုပ်ရဟန်းမင်းကြီး ၁၆ ကြိမ်မြောက် ဘက်နဒစ်သည် ဘုရားစကား အယူဝါဒသင်ကြားခြင်းနှင့် ပတ်သက်၍ ဆရာတစ်ဆူ ဖြစ်ကြောင်း ချီးမွမ်းစကားဆိုခဲ့ပါသည်။

“ပျံလွန်တော်မူခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်အား ရိုသေဂါရဝပြုနေကြတဲ့ ဘုရားဖူး သားသမီး များနှင့်အတူ ကျွနု်ပ်လည်း ရဟန်းမင်းကြီးအား အရိုသေပေး ဂါရဝပြုရင်း ဒီတစ်ပတ်မှာတော့ ဘုရားစကားသင် ကြားရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်အကြောင်း အတွေးဝင်လာခဲ့ပါတယ်။ ရဟန်း မင်းကြီး ဘက်နဒစ်အရှင်သူမြတ် သင်ကြားတော်မူတဲ့ အယူဝါဒ သွန်သင်မှုတွေဟာ မိမိကိုယ်ကို မှီငြမ်းပြု ပြီး သင်ကြားခြင်းမဟုတ်ဘဲ သာသနာတော်ကြီးရဲ့ လမ်းစဉ်အတိုင်း အမြဲတမ်း သင်ကြားပေးလေ့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှင်သူမြတ်က ယေဇူးဘုရားရှင်နဲ့တွေ့ဆုံတဲ့နေရာမှာ ကျွနု်ပ်တို့နှင့်အတူ အမြဲတမ်း ခရီးပြုပေးချင်နေလို့ပါပဲ။ အသက်စွန့် အသေခံ ရှင်ပြန်ထမြောက်တော်မူတဲ့ ခရစ်တော်ယေဇူးဟာ အရှင်သူမြတ် လမ်းညွှန်ခဲ့တဲ့ ဆုံမှတ်တစ်ခုပါ။ ခုလည်းပဲ ဆက်လက်ပြီး အရှင်သူမြတ်က ယုံကြည်ပျော်ရွှင် မျှော်လင့်ရတဲ့ ခရစ်တော်ဘုရားကို ပြန်လည်ရှာဖွေတွေ့ရှိဖို့ လမ်းညွှန်နေဦးမှာပါ”

ယခင်အပတ်တွေက သင်ကြားပို့ချနေခဲ့သည့် ၀ိညာဉ်ရေးရာ ခရီးပြုလျှောက်လှမ်းခြင်းနှင့် ဆက်လျင်း၍ နိဂုံးချုပ်အဆုံးသတ်စကားကို သွန်သင်တော်မူခဲ့ပါသည်။ ၀ိညာဉ်ရေး၌ အတူခရီးပြုလျှောက်လှမ်းပေးခြင်းသည် အဆက် မပြတ် ပြုလုပ်လေ့ကျင့်ရမည့်အရာဖြစ်ပြီး ကျွနု်ပ်တို့ဘဝအသက်တာထဲမှာ ဘုရား သခင်၏ အလိုတော် ကို ကောင်းစွာ နားလည် လက်ခံတတ်လာခြင်းသည်ဟု ဆိုခဲ့သည်။ ၀ိညာဉ်ရေးလမ်းညွှန်မူခံယူခြင်းသည် မိမိကိုယ်ကို ပိုမိုသိရှိလာ၍ နက်ရှိုင်းစွာ ဆောက်တည်တတ်ခြင်းနှင့် မိမိကိုယ်ကို ဆန်းစစ်သုံးသပ်ရာတို့၌ မရှိမဖြစ် လိုအပ်သော ကျင့်စဉ်တစ်ခုပင်ဖြစ်သည်။

ဘုရား၏ ကျေးဇူးတော်သည် လူ့သဘာဝအပေါ်တွင် အစဉ် အမြဲ သက်ရောက်လှုပ်ရှားတတ်ပေသည်။ တိုင်းတာ ဆုံးဖြတ်ခံရမှာ စိုး၍ မိမိ၏ အဖြစ်သနစ်ကို ဖုံးကွယ်ထားရန် မလိုအပ်ပါ။ မိမိ၏ အားနည်းချက်များကို အရှိအတိုင်း လက်ခံပြီး ပူဇော်လိုက်သည့်အခါ စစ်မှန်သော ကြွယ်ဝမှုများ ဖြစ်လာနိုင်သည်။

အခြားသူတစ်ယောက်နှင့် မိမိ၏ ၀ိညာဉ်ရေးခရီးကို အတူလျှောက်သည့်အခါ ကိုယ့်နှလုံးသားထဲက ၀ိညာဉ်တော်ကို သူတစ်ပါးနှင့်ဝေမျှပြီး မိမိ၏ အဖြစ်အတိုင်း နေထိုင်လက်ခံတတ်ရန်၊ အားနည်းချက်များ ရှိနေလျှက်နဲ့ လူကို ကယ်ချွတ်ခဲ့သည့် ဘုရားရှင်နဲ့ ပို၍ နီးကပ်လာစေရန် ၀ိညာဉ်လမ်းညွှန်မှု ခံယူခြင်းက ကူညီ ပေးသည်။

ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရား သခင်၏ မိမိဘဝထဲမှာ တည်ရှိမှုများကို သုံးသပ်မြင်လာတတ် ရန် ကူညီပေးသည့်အရာမှာ ၀ိညာဉ်ရေးရာ လမ်းညွှန်မှုခံယူခြင်းပင်ဖြစ်သည်။

ဤကဲ့သို့ ၀ိညာဉ်ရေးရာ လမ်းညွှန်မှုခံယူခြင်းအားဖြင့် ကျွနု်ပ်တို့သည် စုံလင်ပြည့်ဝသော ဘဝ အသက်တာသို့ အတူတကွ ခရီးပြုနေခြင်းဖြစ်သည်။

ခရစ်တော်၏ ကိုယ်ခန္ဓာတစ်ခုတည်းမှာ အားလုံး ပါဝင်တည်ဆောက်ကြသည်။ ဘုရားရှင်၏ သားသမီးများ၊ ၀ိညာဉ်တော်ဘုရား၏ အသက်တာ၌ ဝေမျှရှင်သန် သူများ ဖြစ်လာကြသည်။ ထို့ကြောင့် တစ်ဦးတည်း လျှောက်လှမ်းခြင်းထက် အတူ တကွ လျှောက်လှမ်ခြင်းက အခရာ ကျလှသည်။ ဘုရား၏ စကားကို ယုံကြည်လက်ခံ နှလုံးသွင်းပြီး လျှောက်လှမ်းပြခဲ့သည့် အမိမယ်တော် သည် ကျွနု်ပ်တို့အတွက် ၀ိညာဉ်ရေးရာ လမ်းခရီး အကောင်းဆုံးသော စံနမူနာနှင့် ဆရာသမားလည်း ဖြစ်သည့်အတွက် အမိမယ်တော်ကို အတုယူ၍ ၀ိညာဉ်ရေးရာလမ်းခရီး၌ အတူလျှောက်လှမ်းအသက်ရှင်ကြပါစို့။

အာဗီအေမြန်မာဘာသာပြန်- သီကိုရှင်း

https://bit.ly/3VStOPc

Add new comment

7 + 5 =