ပုပ်ဖရန်စစ် စနေနေ့ကြီးည (ပါစကားအဖိတ်ည) ည၌ဟောကြားခဲ့သောဩ၀ါဒကောက်နုတ်ချက်

ပုပ်ဖရန်စစ် စနေနေ့ကြီးည (ပါစကားအဖိတ်ည) ည၌ဟောကြားခဲ့သောဩ၀ါဒကောက်နုတ်ချက် စနေနေ့ကြီးညလည်းဖြစ်ပြီး ယေဇူးသခင်သေမင်းကိုအောင်မြင်၍ရှင်ပြန်သော ပါစကားအဖိတ်ည၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ပီတာဘာစီးလီကာဘုရကျောင်းကြီး ၌ မစ္ဆားတရားကိုဦးဆောင်ပူဇော်ခဲ့သည်။ မစ္ဆားတရားအတွင်းမစ္ဆားတရားပါ၀င်ပူဇော်နေကြသောဘာသာတူလူထုာအား ရဟန်းမင်းကြီးက ‘ယေဇူးသခင်၏သေခြင်းအစွမ်းတန်ခိုကိုထိတွေ့ခံစားရရန် သင်တို့၏နှလုံသားအ၀ကိုဖုံးပိတ်ထားသော အပြစ်၏ကျောက်တုံးများကိုလည်းကောင်း၊ ကြောက်စိတ်ကိုလည်း ကောင်းတွန်းဖယ်လိုက်ပါ’ ဟုမိန့်ကြားတိုက်တွန်းခဲ့သည်။ ဆက်လက်၍လည်း ဘုရားသခင်၏သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကောင်းချီးကိုသင်တို့အထဲ၌ပြန်လည်ဖွေရှာဆန်းစစ်ရန်တိုက်တွန်းခဲ့သည်။ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ အီစတာ၏အစွမ်းတန်ခိုးကား ကျောက်တုံးများနှယ်ဖြစ်နေသောစိတ်ဓာတ်ကျစရာများ၊ မယုံကြည်နိုင်မှုများအားလုံးကိုဖယ်ရှားရန်ကျွန်ုပ်တို့အားတိုက်တွန်းနေသည်။ ဘုရားသခင်သည် အပြစ်နှင့် ကြောက်ရွံ့ခြင်းကျောက်တုံးကိုတွန်းဖယ်ရာ၌လွန်စွာကျွမ်းကျင်သောပညာရှင်ကြီးဖြစ်သည်။ သူ့ထံသို့လှည့်ပြန်ပါ။ ယုံကြည်မှုဖြင့်အနာဂတ်ကိုမျှော်ကြည့်ပါ။ အဘယ်ကြောင့်ဆိုသော် ခရစ္စတူးသခင်သည်ရှင်ပြန်တော်မူပြီ။ သမိုင်း၏လားရာကိုလည်းပြောင်းလဲပစ်လိုက်တော်မူပြီ။ ပါစကားအဖိတ်ည၏၀တ်ပြုခြင်းသည် အမိသာသနာတော်ကြီး၏၀တ်ပြုခြင်းများအနက် အရေးကြီးဆုံးနှင့်၀တ်ပြုခြင်း၌အခမ်းအနားဆုံးဖြစ်သည်ဟု သာသနာ၏၀တ်ပြုခြင်းဆိုင်ရာလမ်းညွှန်စာအုပ်၌ဖော်ပြထားသည်။ စနေနေ့ကြီးည၏၀တ်ပြုခြင်းကို ပတ်၀န်းကျင်မှောင်သွားသည်အထိစောင့်၍ ကျင်းပရသော၀တ်ပြုခြင်းအစီအစဉ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည်အမှောင်ကမ္ဘာကိုခွင်းသောအလင်းရှင်ဖြစ်သည်ကိုပြသရန်မီးကိုကောင်းချီးပေးခြင်းနှင့်အတူ ငါသည်လောက၏အလင်းဖြစ်၏ဟုမိန့်ကြားခဲ့သော ယေဇူးသခင်အားပုံဆောင်သောပါစကားဖယောင်းတိုင်ကိုလည်းကောင်းကြီးပေးခြင်းအစီအစဉ်ရှိသည်။ (သံယောဟန် ၁း၅) ရဟန်းမင်းကြီးသည် စနေနေ့ကြီးညမစ္ဆားတရားကိုပူဇော်ရန် ဘီးတပ်လှည်းဖြင့်ရောက်ရှိလာခဲ့သည်။ မစ္ဆားတရားပူဇော်ရန်အဖြူ‌ရောင်နှင့်ရွှေရောင်နှောသောသက်န်းကိုလည်းအဆင့်သင့်ဆင်မြန်းထားသည်။ အဖြူရောင်သည်စင်ကြယ်သန့်ရှင်းခြင်းနှင့်ရွှေရောင်သည် ယေဇူးသခင်မွေးဖွားစဉ်က မင်းပညာရှိများရွှေထည်ကိုလရောက်လှူဒါန်းခဲ့သကဲ့သို့ ဘုရားသခင်အဖြစ်တော်ကိုဖော်ညွှန်းသောအရောင် ဖြစ်သည်။ အဆိုပါမစ္ဆားတရားပူဇော်ခြင်း၌ ဘာသာတူ (၈၀၀၀) ပါ၀င်ပူဇော်ခဲ့သည်။ ဘာသာတူများအပြင် ကာဒီနယ် အပါး (၄၀)၊ ဆရာတော် (၂၅) ပါး၊ ရဟန်းတော်အပါး (၂၀၀) တို့လည်းစုပေါင်းပါ၀င်ပူဇော်ခဲ့သည်။ ၀တ်ပြုခြင်းအစအား မီးကိုကောင်းချီးပေးခြင်းနှင့်အစပြုပြီးနောက်အသင့်ယူလာကြသော ဖယောင်းတိုင်များကိုထွန်းညှိ၍စီတန်းကာဘာစီးလီကာဘုရားကျောင်းကြီးထဲသို့၀င်ရောက်လာရင်းအမှောင်ထုကိုချေမှုန်းခဲ့ကြသည်။ ဘုရားကျောင်းကြီးထဲသို့အသီးသီးရောက်ရှိလာပြီးနောက် အီစ္စရေးလူမျိုးများမှဘုရားသခင်၏ဖန် ဆင်းခြင်းကိုချီးမြောက်ကျေးဇူးတင်ခြင်း၊ အာဒမ်တို့၏အပြစ်သို့သွေးဆောင်ခံရခြင်း၊ အီဂျစ်လူမျိုးတို့၏ကျွန်ခံရာဘ၀မှလွှတ်မြောက်ရခြင်းကောင်းချီး၊ အီဂျစ်စစ်သားတို့၏ရက်စက်စွာသတ်ဖြတ်ကွက်ခံရမည့်‌သေဘေးမှလွှတ်မြောက်ခွင့်ကောင်းချီး၊ အပြောကျယ်ပြီးနက်ရှိုင်းလှသောပင်လယ်နီထဲ၌ရေနစ်သေဆုံးပြီး သချိုင်းပါမကျန်သေဆုံးရမည့်အဖြစ်ဆိုးမှဘေးကင်းရန်ရှင်းလွှတ်မြောက်ခြင်းကောင်းချီးမှသည် ကယ်တင်ခြင်း၏အထွဋ်အထိပ်ဖြစ်သောယေဇူးသခင်မွေးဖွားလာပြီး တရားဒေသနာဟောကြားကာ နောက်ဆုံးခမည်းတော်ဘုရား၏အလိုတော်ဖြစ်သော ဒုက္ခခံခြင်း၊ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်း များအတွက်ဘုရားသခင်အားသီကျူးခဲ့သည့်ဓမ္မသီချင်းကိုပြန်လည်သီကျူးခဲ့သည်။ ထိုဓမ္မသီချင်ကို ‘Exsultet ’ ဟုခေါ်ပြီး အရိုးရှင်းဆုံးပြန်ဆိုရမည်ဆိုပါလျှင် ‘ပါစကားကြွေးကြော်သံ’ ဟုဖြစ်ပါသည်။ ဘာစီးလီကာဘုရားကျောင်းကြီး၏မီးများသည် မှိန်ရာမှတစ်စတစ်စမီးများဖွင့်၍နောက်ဆုံးကယ်တင်ခြင်းသတင်းကောင်းကြေညာခြင်းဖြစ်သော ယေဇူးသခင်မွေးဖွားစဉ်က ကောင်းကင်တမန်တော်တို့ ‘ဘုရားဘုန်းတော်ဘွဲ့’ (Gloria ဂလိုရီယာ) ဓမ္မသီချင်းကိုစတင်သီဆိုလိုက်သည်နှင့်ကျန်ရှိသောအပိုင်းမှအလင်းများအားလုံးကိုဖွင့်၍လုံး၀လင်းထိန်သွားသည်စေခဲ့သည်။ ဆိုလိုသည်မှာ ‘ကယ်တင်ခြင်းရောက်ရှိလာပြီဖြစ်၍ အမှောင်သည်မလွှမ်းမိုးမကြီးစိုးနိုင်’ ဟုဆိုလိုခြင်းဖြစ်သည်။ ထိုသို့မီးများအားလုံး လည်းထွန်းညှိပြီး၊ ဘုရားဘုန်းတော်ဘွဲ့သီချင်းကိုလည်းသီဆိုရင်း ဘုရားကျောင်းခေါင်းလောင်းကြီးငယ်များကိုထိုး၍ကယ်တင်ခြင်းရောက်ရှိပြီဖြစ်ကြောင်းကမ္ဘာသို့ကြေညာမောင်းခတ်လိုက်ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးက ဩ၀ါဒအတွင်းဘုရားကျောင်းအတွင်းမှလည်းကောင်း၊ လူမှုကွန်ရက်မှလည်း ကောင်းတရားနာနေကြသောဘာသာတူများအား မိမိတို့၏ဘ၀၌ယေဇူးသခင်ကိုမည်သည့်အချိုးအကွေ့၌သိရှိလာခဲ့သည်ကိုဆင်ခြင်စေခဲ့သည်။ အချို့ကားစက္ကရာမင်တူးခံယူပြီးလျှင်ယေဇူးသခင်ကိုခံယူပြီဟုမှတ်ထင်ကြသည်။ ထိုသို့မဟုတ်ပေ။ ၀ိနည်းတော်အရသာသိရှိခံယူခြင်းဖြစ်သည်။ ရဟန်းမင်းကြီးဆိုလိုသည်မှာ ယေဇူးသခင်အားမိမိတို့ဘ၀နှင့်ရင်း၍မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အခြေအ နေမျိုး၌အတွင်းကျကျထိတွေ့သိရှိခွင့်ရခဲ့သည်ကိုဆင်ခြင်စေရန်ဖြစ်သည်။ ဤအတွေ့အကြုံသည်မတူပေ။ ဤအတွေ့အကြုံသည်လူတစ်ဦး၏ယုံကြည်ခြင်းအသက်တာကိုလုံး၀ပြောင်းလဲသွားစေသောအခြေ အနေဖြစ်သည်။ ထိုအခြေအနေကိုပြန်ပြောင်းသတိရရန်အသိပေးလိုက်သည်။ သန့်ရှင်းသော၀ိညာဉ်တော်ဘုရား၏ အားကောင်လှသောထိတွေ့ခံစားမှုကိုသတိရပါ။ အာပတ်ဖြေခြင်းစက္ကရာမင်တူးကိုခံယူပြီနောက် ခံစားရသောခွင့်လွှတ်ခြင်း၏ပျော်ရွှင်မှုကြီကိုသတိရပါ။ အဘယ်မျှပီတိဖြစ်ရ၊ မေ့မရသောဆုတောင်းခြင်းအချိန်ဖြစ်သည်ကိုခံစားသတိရပါ။ ထိုအတွေ့အကြုံ၊ ထိုခံစားချက်ဖြစ်ပေါ်လာချိန်သည် သင့်အတွင်း၌မီးထွန်းညှိခြင်းကိုခံလိုက်ရသည်။ သင့်ဘ၀ကိုပြောင်းလဲသွားစေခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီ မည်သည့်နေရာ၊ မည်သည့်အချိန်၊ မည်သို့သောအခြေအနေမျိုး၌ မိမိသည်ယေဇူးသခင်အပေါ်သက်၀င်ယုံကြည်မှုလျော့နည်း၊ သေဆုံးနေရာမှပြန်လည်ရှင်ပြန်ခဲ့သည်ကိုကောင်းစွာသိသည်။ ထိုကိုယ်စီ၏ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့တစ်ဦးစီ၏ဘ၀ပြောင်းလဲခြင်း၊ အရာရာပြောင်းလဲခြင်း၏အစ၊ အုတ်မြစ်ဖြစ်သည်။ ဤအတွေ့အကြုံအဖြစ်အပျက်ကိုအတိတ်၌ချန်ထားခဲ့၍မရ။ မေ့ပျောက်နေ၍မရ။ သေခြင်းမှအောင်မြင်ရှင်ပြန်သောသခင်သည် ကျွန်ုပ်တို့သူ့အပေါ်ပို၍ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းကိုတိုးပွားနက်ရှိုင်းစေခဲ့သောထိုအတွေ့အကြုံ၊ ခံစားချက်ကိုပြန်လည်တူးဆွ၍ ယခုနှစ်ပါစကားပွဲတော်ကိုကျင်းပရန်ဖိတ်ခေါ်နေကြောင်းဟောကြားခဲ့ပါသည်။ CNA အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် https://bit.ly/3UnQLuh

Add new comment

17 + 2 =