ပုပ်ဖရန်စစ်၏ အီရတ်မှ ဆရာတော်၊ ဘုန်းတော်ကြီး၊ သီလရှင်များအားမိန့်ကြားသောဩ၀ါဒ အပိုင်း (၂) 

ပုပ်ဖရန်စစ်၏ အီရတ်မှ ဆရာတော်၊ ဘုန်းတော်ကြီး၊ သီလရှင်များအားမိန့်ကြားသောဩ၀ါဒ အပိုင်း (၂) 

 

ချစ်လှစွာသောဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သစ္စာသုံးပါးခံသူတော်စင်များ၊

သိုးထိန်းများ၊ ဘာသာတူများ၊ ဘုန်းတော်ကြီးများ၊ သူတော်စင်များ၊ ဓမ္မအမူတော်ဆောင်များ သာသနာတော်ကြီး ၏လုပ်ငန်းများကိုပိုမိုထိရောက်စေရန် ထူးခြားပေါ်လွင် သောနည်းလမ်း များဖြင့်ဝေ မျှနေကြသည်။ ထိုသို့ဆက်ကပ်လုပ် ဆောင်စဉ်နားလည်မူလွှဲမှားခြင်းမျိုး၊ တင်းမာမူမျိုးလည်း ဖြစ်ပေါ်ကြုံ တွေ့ ရတတ်သည်။ ဤအခြေအနေသည်ညီအစ်ကိုရင်း စိတ်ဓာတ် ယှက်ရာ၌ကြုံ တွေ့ရတတ် သောမမြင် နိုင်သည့် အထုံးများဖြစ်သည်။  ဤအထုံးများကိုစိတ်ထဲ၌သာသိုထားရမည်။ ကျွန်ုပ်တို့အား လုံးအပြစ်ရှိ သူများဖြစ် သည်။ မပြည့်စုံကြပါ။ ဤအထုံးများကိုကျေးဇူးတော်ဖြင့်လည်းကောင်း၊ ကြီးမားသော ချစ်ခြင်းဖြင့်လည်းကောင်း၊ ခွင့်လွှတ်ခြင်းတည်းဟူသောအစွမ်းထက်သည့်ဆေးကောင်းဖြင့်လည်းကောင်း၊ ညီအစ်ကိုစိတ် ရင်းဖြင့်လည်းကောင်း၊ အချင်းချင်း၏လိုအပ်ချက်ကိုစိတ်ရှည်သီးခြင်းဖြင့်ဖြေလျော့ရမည်။ (ဂါလားဆီယာ ၆း၂) ထို့ နောက်စုံစမ်းမူများ၊ အခက်အခဲများကြုံ ရသည့်အချိန်မျိုး၌ အချင်းချင်းအား ပေးကြရမည်။

ဤနေရာ၌ ကျွန်ုပ်၏ညီအစ်ကိုဆရာတော်အားအထူးမိန့်မှာလိုသည်မှာ ‘အနီးကပ်ရှိခြင်း’ နှင့်ဆက်စပ်၍ ကျွန်ုပ်တို့ ၏သိုးထိန်းအမူတော်ကိုဆင်ခြင်လိုပါသည်။ ကျွန်ု်ပတို့သည်ဆု တောင်းခြင်း၌ ဘုရားသခင်နှင့် လည်းကောင်း၊ ဘုရားသခင် ကျွန်ု်ပတို့ကိုအပ်နှံထားသည့်သိုးများနှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏လုပ် ဖော်ဆောင်ဖက် ရဟန်းတော်များနှင့်လည်းကောင်း အနီးကပ်၌ရှိရမည်။ အထူးသဖြင့်သင်တို့၏ ရဟန်း တော် များနှင့် နီးကပ်စွာရှိနေပါ။ သင်တို့၏ရဟန်းများသည် သင်တို့ကိုတာ ၀န်ခံသက်သက်၊ မန်နေ ဂျာသ ဘောမျှ သာမခံစားစေပါနှင့်။ သင်တို့သည်၄င်းတို့၏ဖခင်အစစ်အမှန်ဖြစ်ကြောင်း၊ ၄င်းတို့၏အ ရေးကို အလေး ပေးကြောင်း၊ သဘောထားကြီးစွာဖြင့်အားပေးကြောင်းခံစားရစေပါ။ ဆုတောင်း ခြင်းဖြင့်၄င်းတို့ နှင့်အတူ အ စဉ်ရှိနေပါ။ ၄င်းတို့၏လုပ်ဆောင်ချက်များကိုအသိအမှတ်ပြုပေးခြင်း၊ အကြံ ဉာဏ်များ ပေး ခြင်း တို့ဖြင့်ယုံကြည်မူတိုးလာစေ ပါ။ ဤသို့ဖြင့်သင်တို့သည် ကောင်းသိုး သောသိုးထိန်း ဖြစ်သည် ယေဇူး သခင်ကို သင်တို့၏ဘုန်းတော်ကြီးများမြင်တွေ့သိရှိ ခွင့်ပေးလိုက်ခြင်းဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ယေဇူးသခင်သည်သူ၏သိုးတို့ကိုသိ၏။ သူ၏သိုးများအတွက်အသက် ကိုပေး၏။ (သံယောဟန် ၁၀း၁၄-၁၅)

 ချစ်ခင်ရပါသောဘုန်းတော်ကြီးများ၊ အမျိုးသား၊ အမျိုးသမီးသူတော်စင်များ၊ ဓမ္မအမူတော်ဆောင်များ၊ အနာ ဂါတ်၌ ဘုရားအမူတော်ဆောင်ရန်ပြင်ဆင်နေကြသော ရဟန်းလောင်းကိုရင်များတို့ သင်တို့ အား လုံး ၏နှလုံးသားထဲ၌ သခင်၏ခေါ် သံကိုကြားခဲ့သော လူငယ် လေးဆာမူ အဲလ်ကဲ့ သို့သင် တို့လည်း ကြား ခဲ့ကြသည်။ ထို့နောက် ‘ကျွန်ုပ်အသင့်ရှိပါသည်’ ဟုဖြေကြားခဲ့သည်။ (ပ ဓမ္မ ၃း၄) ထိုဖြေကြား ချက်ကို နေ့စဉ် ပြန် လည်ဆန်းစစ်၍ ဆန်းသစ်ရန်တိုက်တွန်းပါသည်။ ဤသို့ ဖြင့်ပြန်လည်ဖြေကြားသံများသည် သင်တို့ အားသတင်းကောင်းကို‌ေ၀မျှရာဆီသို့ ဇွဲ၊ သတ္တိ၊ ရှင်သန်လျှောက်လှမ်းရင်းဦး ဆောင် သွားပါစေ။  အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် တို့၌ဟောကြားရန် ပေးအပ်ထားခြင်း ခံရသကဲ့သို့ တာ၀န် လည်း ရှိသည်။ ကျွန်ုပ်တို့၏အမူတော်ဆောင်ခြင်းအသက်တာသည် စီမံအုပ် ချုပ်ရ သည့် အပိုင်း ဟုဆို သော် လည်း တစ်ချိန်လုံးရုံးခန်း၌သာ ထိုင်၍အချိန်ကုန်ဆုံးစေရမည်ဟုမဆိုလိုပါ။ ရပ်ကွက်၊ ရပ်ရွာ များရှိ သိုး များရှိရာဆီသို့ထွက်သွား၍၄င်းတို့နှင့်တွေ့ဆုံရန်၊ ကျွန်ုပ်တို့၏ရှိနေခြင်းဖြင့် ၄င်းတို့ကို အင်အား များ လည်း ဖြစ်စေရမည်။ အထူးသဖြင့်မေ့လျော့ခံများ၊ ငယ်ရွယ်နုနယ်သူများ၊ အသက်ကြီးရွယ်အိုများ၊ နေထိုင်မကောင်းသူများ၊ နွမ်းပါးချို့တဲ့သူများကိုထည့်သွင်းစဉ်းစားရမည်။ ကျွန်ုပ်တို့၏နီးစပ်သူ များအား ဆက် ကပ်ခြင်းဖြင့်အစေခံလျှင် သင်တို့သည်ကြင်နာခြင်း၊ နှိမ့်ချခြင်း၊ ချစ်ခြင်းဖြင့် ဆောင်ရွက် ခြင်းဖြစ် သော ကြောင့် ကျွန်ု်ပတို့သည်ယေဇူးသခင်ကိုအစေခံနေခြင်းဖြစ်သည်ကို သံမာတေဦး (၂၅း၄၀) တွင် အတိအလင်းမိန့်မြွတ်ထားသည်။  

 အကူအညီလိုအပ်သော အခြားသူများကိုအစေခံခြင်းဖြင့် ယေဇူးသခင်ကိုအစေခံခြင်း ဖြစ်သည်ကိုသိရှိခံ စားရသော အခါကျေနပ်အားရလာမည်။ ထို့ကြောင့်မည်သည့်အခါမျှ ဘုရားသခင်၏လူမျိုးတော်ကို အစေခံရန် တွန့်ဆုတ် နေမည်မ ဟုတ်ပေ။  ထိုဘုရားသခင်၏လူမျိုးတော်ထဲ၌ သင်တို့လည်း အပါအ၀င် ဖြစ်သည်။ သင်တို့မိခင်များနှင့်အဖွားများကိုသတိရ ပါ။ ၄င်းတို့၏ဆက်ကပ်အနစ်နာခံခြင်းနှင့်ပတ်သက်၍ စိန့်ပေါ်လ်က ‘သင့်အားယုံကြည်ခြင်း၌ပြုစုပျိုးထောင်ပေးခဲ့သည်’ ဟုချီးကျူးဂုဏ်ပြုထားသည်။ (ဒုတီမောသေ ၁း၅)  သိုးထိန်းပီသကြပါစေ။ ဘုရားလူမျိုးတော်၏အစေခံကောင်းများဖြစ် ကြပါစေ။ လစာစား သော၀န်ထမ်းများကဲ့သို့မဖြစ်စေနှင့်။ မိမိတို့သည် ဘုရားသခင့် လူမျိုးတော်နှင့် ပတ်သက် ဆက်နွယ် ကြောင်းကိုဆင်ခြင်ပါ။ မိမိတို့နှင့်မဆိုင်သကဲ့သို့မတွေးတောပါနှင့်။ အခွင့်ထူး ခံလူတန်း စားဟု လည်းတံ ဆိပ်တပ်မထားမိပါ စေနှင့်။ ထိုဂုဏ်ရှိလှသောချိပ်ဆက်မူကိုပြတ်တောက်မသွားစေနှင့်။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏သန့်ရှင်းသောလူမျိုးဖြစ်သည်။      

 လွန်ခဲ့သောဆယ်နှစ်ခန့်က အကြမ်းဖက်လုပ်ရပ်ကြောင့် ဤဘုရားကျောင်းတော်ကြီး၌ အသက် ဆုံးရှုံး သွားခဲ့ကြ သော ကျွန်ု်ပတို့၏ညီအစ်ကိုမောင်နှမတို့ကိုပြန်လည်သတိရအောက်မေ့မိပါသည်။ ၄င်းတို့ အား သူတော်မြတ်များအဖြစ်တင် မြောက်နိုင်ရန်လုပ်ဆောင်နေပြီဖြစ်သည်။ ၄င်းတို့၏သေခြင်းသည် စစ်ဖြစ်ပွားစေခြင်း၊ အမုန်းစိတ်ဖြင့်လုပ်ဆောင်ခြင်း၊ သွေး စွန်းသည်အထိသည်ဖြစ်ပျက်စေခြင်းသည် စစ်မှန်သောမည်သည့်ဘာသာတရားကသင်ကြားမည်မဟုတ်ပါ။ (Fratelli Tutti, 285) ဘာသာမရွေး၊ လူမျိုးမရွေးဘဲအစွန်းရောက်တို့၏အကြမ်းဖက်သတ်ဖျက်မူ၌အသက်ဆုံးရှုံးခဲ့ရသောသူများအား လုံးကို လည်းသတိရအောက်မေ့လိုပါသည်။ ‘အုးရ်’ ၌ ဤနိုင်ငံအတွင်းနေထိုင်ကြသော ဘာသာ ရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဤသို့တွေ့ဆုံခြင်းမှာ ဘာသာရေးသည် ဘုရား သခင်၏သားသမီးများကြား၌ ငြိမ်းချမ်းရေးနှင့်စည်း လုံးညီညွှတ်ခြင်း ကိုတည်ဆောက် ရမည်ဖြစ်ကြောင်း ကြေငြာရန်ဖြစ်သည်။  သင်တို့သည် သင်တို့အချင်းချင်းကြား၌သော် လည်းကောင်း၊ သက်၀င် ယုံကြည်မူ မတူ သောသူများကြား၌လည်းကောင်း၊ ငြိမ်းချမ်းရေးကိုတည်ဆောက်သောသူများ၊ ကြေအေးရေး၊ သက်၀င်ယုံကြည်မူမတူသော်လည်းအတူယှဉ်တွဲနေထိုင်ရေးမျိုးစေ့ကိုကြဲခဲ့ကြသောကြောင့် ယခုသင်တို့ အားကျွန်ုပ်ကျေးဇူးတင်လိုပါသည်။ဤအခြေအနေသည်လူတိုင်းအတွက်မျှော်လင့်ချက်ကိုပြန်လည်မွေးဖွားစေနိုင်ပါသည်။

ဤနေရာ၌ လူငယ်များကိုအဓိကထားထည့်သွင်းစဉ်းစားမိပါသည်။ နေရာတိုင်းရှိလူငယ်များသည် ဖွံ့ဖြိုး တိုးတက် ခြင်း၊ မျှော်လင့်ခြင်း၏အမှတ်လက္ခဏာများဖြစ်ကြသည်။ အထူးသဖြင့်အီရတ် နိုင်ငံအတွက် ဖြစ် သည်။ ဤမြေ၌သင်တို့သည် သမိုင်း၀င် သောရှေးဟောင်း အမွေအနှစ်များ သာရှိသည် မဟုတ်။ တွက်ဆ ၍မရ သောအလွန်လင်းလက်သည့်အနာဂါတ်လည်း ပိုင်ဆိုင်ထားသည်။ ထိုအရာကား ‘လူငယ်များ’ ဖြစ်ကြ သည်။ လူငယ်များသည်သင်တို့၏ရတန်များဖြစ်ကြသည်။  ၄င်းတို့ အားထိန်းကျောင်းရန်၊ သူတို့၏ အိမ်မက် များကိုသန်စွမ်းလာအောင်ပျိုးထောင်ရန်၊ သူတို့နှင့်အတူလျှောက်လှမ်းရန်၊ သူတို့၏ မျှော်လင့် ချက်ကို အားပေးအားမြောက်ပြုပေးရန်သင်တို့ကိုလိုအပ်၏။ သူတို့သည်အသက်အရွယ်ငယ်သော်လည်း ပဋိပက္ခ များကိုနှစ်နှင့်ချီကြာခံစားခဲ့ရသောကြောင့် စိတ်ရှည် သီးခံနိုင်စွမ်းမှာ အလွန်မော ဟိုက်နွမ်း လျှနေပြီ။ သက်ကြီးများနှင့်အတူ လက်တွဲ၍ဤနိုင်ငံ၏စိန်ပွင့်များအဖြစ်ပြောင်းလဲလာနိုင်ကြောင်း၊ အသီး အလွန် အောင်သောအပင်ကောင်းဖြစ်နိုင်သည်ကို သတိရကြပါစို့။ ဤသို့ဖြစ်လာရန်မှာ ကျွန်ုပ်တို့၏ ပြုစုပျိုး ထောင်မူအပေါ်၌တည်မှီနေသည်။ ကောင်းမွန်စွာဖွံ့ဖြိုးလာနိုင်ရန် လိုအပ်သော အခြေအနေ များကိုကြိုး စားဖန်တီးပေးရန်လိုပါသည်။    

 ညီအစ်ကိုမောင်နှမအပေါင်းတို့၊ သင်တို့၏ဆေးကြောခြင်းနှင့် ခရစ္စမားအားပေးခြင်း စက္ကရာမင်းတူများ အားဖြင့်၊ ၄င်းနောက် ရဟန်းတော်များသည်ရဟန်းသိက္ခာတော်မြတ်အားဖြင့်၊ အမျိုးသမီးသူ တော်စင်များ သည် မိမိတို့၏ရာသက်ပန် ကတိသစ္စာကိုခံယူခြင်းဖြင့် သင်တို့၏ဘ၀တစ်သက်တာကို ဘုရားသခင်အား ဆက်ကပ်အပ် နှံခဲ့သည်။ ထို့နောက်ဤမြေ၊ ဤ ရေ၌စေလိုရာ စေရန်တပည့် တော်ကြီးတို့၏ ပါရမီကိုယူ တင်၀တ် ဆင်ခဲ့ကြသည်။ သင်တို့သည်ထိုသမိုင်းကြောင်း၏အစိတ် အပိုင်းများဖြစ်သည်။ ထို့ကြောင့် သစ္စာ တည် ကြည်စွာထမ်းဆောင်ရန်၊ ပြုခဲ့သောကတိသစ္စာကိုမသွေဖီမဖောက်ပြားရန်နှင့် အနာဂါတ် သစ် ကို တည်ဆောက်ရမည်။  သင်တို့၏သက်သေခံချက်များသည် ကြုံတွေ့ရသော စိန်ခေါ် ချက်များ ကြောင့်ရင့် ကျက်ခဲ့ပြီ။ ဓမ္မအာဇာနည်တို့၏သွေးဖြင့်အားဖြည့်တင်းခဲ့ပြီ။ ထို့ကြောင့် အီရတ်နိုင်ငံ အတွက် ရောင်ခြည် ဖြာဆင်းရုံမျှမကအီ ရတ်နိုင်ငံ၏အလွန်နယ်နိမိတ်များအထိထွန်းလင်းနေပြီး၊ ကိုယ်တော်၏ ကြီးမြတ် ခြင်းနှင့်ဤလူမျိုးအားကျွန်ုပ်တို့၏ကယ် တင်ရှင် ဘုရားသခင်၌ပျော် ရွှင်အောင် ပြုလုပ်နေပြီ ဖြစ် သည်။ (သံလုကာ ၁း၄၆-၄၇)  ဆက်လက်၍ကျွန်ုပ်အနေဖြင့်ယခုကဲ့ သို့အတူတကွတွေ့ ဆုံနိုင် သည့် အတွက် ကျေးဇူးတင်ပါသည်။ ကယ်တင်ခြင်း၏မယ်တော်နှင့်တပည့်တော်ကြီးစိန့်သော မတ်စ်တို့မှ သင် တို့ အတွက်ကြား၀င်ဆုတောင်းပေးကြပါစေ။ သင်တို့ကိုစောင့်ရှောက်စောင့်ပါစေ။ သင်တို့ဖြင့် နှင့် သင် တို့ ၏ ဘာသာတူသိုးစုအားလုံးအားလည်း လှိုက်လှဲနွေးထွေးစွာဖြင့် တမန်တော်ကောင်းကြီး ကိုပေး လိုက် ပါ သည်။ ကျွန်ုပ်အတွက်လည်းဆုတောင်းပေးရန် တောင်းခံပါသည်။  ကျေးဇူးတင်ပါသည်။ 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bit.ly/38g2CDS

Add new comment

5 + 0 =