ပုပ်ဖရန်စစ်၏ အီရတ်မှ ဆရာတော်၊ ဘုန်းတော်ကြီး၊ သီလရှင်များအားမိန့်ကြားသောဩ၀ါဒ အပိုင်း (၁) 

ပုပ်ဖရန်စစ်၏ အီရတ်မှ ဆရာတော်၊ ဘုန်းတော်ကြီး၊ သီလရှင်များအားမိန့်ကြားသောဩ၀ါဒ အပိုင်း (၁) 

 

ချစ်လှစွာသောဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သစ္စာသုံးပါးခံသူတော်စင်များ၊

ဖခင်တစ်ဦး၏မေတ္တာဖြင့်သင်တို့အားလုံးကိုနွေးထွေးစွာပွေ့ပိုက်ပါသည်။ ဘုရားသခင်ကို လည်းကျေး ဇူးတင်ပါ သည်။ အဘယ်ကြောင့်ဆိုသော်သူ၏အမျှော်အမြင်အစီအမံတော်၌ ကျွန်ုပ်တို့ကိုဆုံ ဆည်းခွင့် ပြုပေး ခဲ့သည်။ ထို့အတူအီရတ် ဆရာတော်ကြီး Ignace Youssif Younan နှင့် ကာဒီနယ် Louis Sako တို့ အား လည်းအထူးကျေးဇူးတင်ပါသည်။

ယခုကျွန်ုပ်တို့သည် ကယ်တင်ခြင်း၏မယ်တော်ဘွဲ့ကိုခံယူထားသော ကက်သီဒရယ် ကျောင်းတော်ကြီး၌ စုရုံး ရောက်ရှိနေကြသည်။ ဤနေရာ၌ ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ကယ်တင်ရှင်ထံထားရှိသော ယုံကြည် ခြင်းကို သွေးဖြင့်သက်သေခံကာအသက်စွန့်ခဲ့ကြသည့် ကျွန်ုပ်တို့ညီအစ်ကို မောင်နှမ တို့၏သွေး ဖြင့်လွှမ်းခြုံခြင်းခံထားရသည်။

၄င်းတို့၏ကိုယ်တော်နှင့်သာသနာတော်ကြီးအပေါ်ထားရှိသော ရဲစွမ်းနှင့် ပြည့်သော ယုံကြည်ခြင်း ကို ပြန်လည် အမှတ်ရရင်း ကိုယ်တော့်အပေါ်ထားသော ကျွန်ုပ်တို့အားလုံး၏ယုံကြည်ခြင်း၊ လက်၀ါး ကပ် တိုင်တော် ၏တန်ခိုးတော်နှင့်သူ၏သာသ နာအပေါ် ထားရှိသော ယုံကြည်ခြင်း ကိုလည်းပြန် လည်ဆန်း သစ် ရှင်သန်ကြပါစို့။ ဤသတင်းစကားသည် ကျွန်ုပ်တို့အားခွင့် လွှတ်ခြင်း၊ ကြေအေးခြင်း ကောင်းကြီး ကို ပြန်လည်မွေးဖွားလာစေပါသည်။  

ခရစ်ယာန်များသည် ယေဇူးသခင်၏ချစ်ခြင်းကိုနေရာမရွေး၊ အချိန်အခါမရွေး သက်သေ ပြရန် ခေါ်တော်မူခြင်းခံ ရသည်။ ဤဧ၀ံဂေလိတရားသည် ဤချစ် လှစွာသော နိုင်ငံတော် ၌ကြေငြာ ရန်နှင့် လက်တွေ့ရှင်သန်ရမည်ဖြစ်သည်။

ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ သူတော်စင်များ၊ ဓမ္မအမူတော်ဆောင်များ၊ အရပ်သား ဘာသာရေးခေါင်း ဆောင်များအနေဖြင့် သင်တို့အားလုံးသည် ခရစ္စတူး သခင်၏ သစ္စာ တည် ကြည် သော ပျော်ရွှင်ခြင်း၊ ဒုက္ခခံထမ်းခြင်း၊ မျှော် လင့်ခြင်းနှင့်သောကများကို‌ေ၀မျှခံထမ်းရမည်။ ဘုရားလူ မျိုးတော် ၏လို လားချက်နှင့် သာသနာပြု ရာ၌သင်တို့ နေ့စဉ်တွေ့ ကြုံရသော စိန်ခေါ်မူ တို့သည် လက်ရှိ ကိုးဗစ်ကူး ဆက်မြန် ရောဂါကာလ၌ပိုမိုဆိုးရွားသွားစေသည်။  ဤအခြေအနေများသည် အတိတ်က တွယ်နေခဲ့ သောအမြစ် ဖြစ်သည့်တက်ကြွသောတမန်တော်စိတ်ဓာတ်ကိုပိတ်လှောင်လျော့နည်းမသွားစေသင့် ပေ။ အဘယ်ကြောင့်ဆိုသော် ဤတရားတော်သည် အတိတ်မှစ၍ ဤမြေ၌ကွင်းဆက်မပြတ်ရှိနေခဲ့သည်။ (ရဟန်းမင်းကြီး(ငြိမ်း)ဘေနေဒစ်(၁၆)၏ဩ၀ါဒကိုမှီငြိမ်း) စိတ်ဓာတ်ကျခြင်း ဗိုင်းရပ်စ်ကိုပိုးကူး စက်ရန် အလွန် လွယ်ကူကြောင်း၊ တစ်ခါ တစ်ရံ၌ ကျွန်ုပ်တို့၏ပတ်၀န်းကျင်၌လည်း လျင်မြန် စွာကူး စက်ပျံ့နှံ့နေ သည် ဟုလည်းခံစားရသည်။ သို့သော်ဘုရားသခင် သည်ကျွန်ုပ်တို့အား ဤဆိုးလွန်း လှသောဗိုင်း ရပ်စ်ပိုး အား အလွန်အစွမ်းထက်သော ကာကွယ်ဆေးပေးထားပြီးဖြစ်သည်။ ဤကာကွယ်ဆေးကား ဆု တောင်း ခြင်းနှင့်ကျွန်ုပ်တို့၏တမန်တော်အမူတော်ဆောင်ခြင်း၌သစ္စာတည်ကြည်ခြင်းမှမွေးဖွား လာသော မျှော် လင့်ခြင်းဖြစ်သည်။ ဤကာကွယ်ဆေးဖြင့် ကျွန်ုပ်တို့သည်ဆန်းသစ်သောအင်အားများဖြင့်ရှေ့ ဆက်၍ ပျော် ရွှင်ဖွယ်ဧ၀ံဂေလိသတင်းကောင်းကိုကြေငြာဟောပြောသော တပည့်တော် ကြီးများ အဖြစ် လည်း ကောင်း၊ ဘုရားသခင်၏ နိုင်ငံတော်ကြီးသန့်ရှင်းခြင်း၊ တရားမျှ တခြင်းနှင့် ငြိမ်းချမ်းခြင်း၌ သက်ရှိ ထင် ရှားရှိ နေသည့်အလားခံစားစေရမည်။ ကျွန်ုပ် တို့ပတ်၀န်းကျင်ရှိ လူသားများ ထိုသတင်း ကောင်းကို ကြား သိ ချင်ကြသည်။ ယေဇူးသခင်သည် ဧ၀ံဂေလိတရားတော်၏ပျော် ရွှင်ခြင်း၌ အသက် တာပြောင်း လဲ သည့်နည်းလမ်းဖြင့်ကြေငြာဟောပြောခဲ့သည်။   

ဤမြေ၏ရှေးဦးခရစ်ယာန်သမိုင်းကိုကြည့်မည်ဆိုလျင် ယေဇူးသခင် အပေါ်ထား ရှိသောယုံ ကြည် ခြင်း သည် ရှင်သန် ခဲ့သည်။ ထိုယုံကြည်မူသည် အခြားသူများဆီသို့လည်းကူးစက်သွားခဲ့သည်။ ကမ္ဘာ ကြီး ကို လည်း ပြောင်းလဲပစ်ခဲ့သည်။ တပည့်တော်ကြီးတို့၏အသက်တာသည် အဘယ်သို့ရှင် သန်ရမည်ကို ရန္တာ တို့၏ အသက်တာကဖော်ပြနေသည်။ တပည့် တော်ကြီးတို့၏အသက်တာသည် ‘အမှန်အမှား’ ခွဲခြားတတ် ရုံမျှမ ဟုတ်ပေ။ ဤထက်ပို၍မဂ်လာရှိသည်။ အသက်တာကို သစ်လွင်ပြီး၊ နက်ရှိုင်းလှသော ပျော်ရွှင် မှုဖြင့် အစားထိုးနိုင်ရမည်။ ဤပျော်ရွှင်မူကို သက်တောင့်သက်သာအခြေအနေ၌သာ မဟုတ်။ ခက်ခဲ သောစိန် ခေါ်မူရှိနေချိန်၌လည်းပြုလုပ်နိုင်ရမည်ဟု  (Evangelii Gaudium, 167) ၌အတိ အလင်းညွှန် ကြား ထားသည်။

အခက်အခဲသည် အီရတ်ပြည်သူများ၏နေ့စဉ်ဘ၀အသက်တာ၏ တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့သည်။ ပြီးခဲ့ သော ဆယ် စုနှစ်ကသင်တို့ (ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သူတော်စင်များ၊ ဓမ္မအမှု တော် ဆောင်များ) နှင့်သင်တို့၏ပြည်သူများ သည် စစ်ဒဏ်၊ ညှဉ်းပမ်းနှိပ်စက်မူဒဏ်၊ အခြေခံ ယန္တားယား ၏ထိ လွယ် ရှလွယ်မူ၊ ဆက်လက်၍ရုန်းကန်နေသောစီး ပွားရေး အကြပ်အတည်း၊ လူတစ်ဦးစီ၏လုံခြုံမူ၊ ဤလုံ ခြုံမူမရှိ သောကြောင့်ပြည်တွင်း၌ပင်ပြောင်းရွေ့နေထိုင်မူများရှိလာခြင်း၊ နိုင်ငံ တကာသို့ ပြောင်းရွေ့ နေထိုင် ခြင်းများကိုနိုင်ငံသားများ၊ ထိုနိုင်ငံသားများတွင်ခရစ်ယာန်များလည်းပါ၀င်နေသည့် ဒဏ်ကို ရင်ဆို င်ခံ ထမ်းခဲ့ရသည်။  ထိုအခြေအနေမျိုး၌ သင်တို့သည်သင်တို့၏သိုးများနှင့်မခွဲမခွာ စွန့်ပစ် တိမ်း ရှောင်ခြင်း များကိုမပြု ခဲ့ဘဲအနီးကပ်နေထိုင်၍စောင့်ရှောက်ပေးခဲ့၊ အားပေးခဲ့၊ ၄င်းတို့၏ လိုအပ်မှု များကိုတတ် နိုင်သလောက်ကူညီပံ့ပိုးပေးရင်း ၄င်း တို့သည်လည်း အများကောင်း ကျိုးအတွက်ပြန် လည် ဆက် ကပ်လုပ်ဆောင်နိုင်ရန်အကြောင်းတရားဖန်တီးပေးနိုင်ခဲ့သည့်အ တွက် သင် တို့  (ဆရာတော်များ၊ ဘုန်း တော်ကြီးများ၊ သူတော်စင်များ၊ ဓမ္မအမူတော်ဆောင်များ) ကို ကျေးဇူး တင်ပါ သည်။ သင်တို့ ဒေသန္တ ရသာသနာ၏ပညာရေးနှင့်ကရုဏာရေးလုပ်ငန်းစဉ်များသည် သာသနာ အတွက် သော် လည်း ကောင်း၊ ၄င်း ထက်အပြောကျယ်သောလူမူအသိုင်းအ၀ိုင်းအတွက်သော်လည်းကောင်း အရင်း အမြစ် အလွန် ကြွယ်၀ ကြောင်းကိုပြသနေ ပါသည်။ အားမလျော့ဘဲဆက်လက်၍ အားကြိုး မာန် တက် လုပ် ဆောက် ကြရန်၊ သို့မှသာအီရတ်ရှိကက်သလစ်သိုးစု လူဦးရေ နည်းသော်လည်း သံမာ တေဦး ၏ဧ၀ံ ဂေလိကျမ်း (၁၃း၃၁-၃၂) ၌ဖော်ပြထားသောမုန်ညှင်းစေ့ဥပမာကဲ့သို့ဖြစ်ကြရမည်။ အစေ့ အရွယ် ငယ် သော်လည်း အပင် ပေါက်လာ သောအခါ ပတ်၀န်းကျင် လူမူအသိုင်း အ၀ိုင်းကို များစွာအ ထောက် အပံ့ပြုနိုင် ရမည်။       

ခရစ္စတူးကိုချစ်သည့်အချစ်သည် ကျွန်ုပ်တို့ကိုယ်ကိုဗဟိုပြုခြင်း၊ ပြိုင်ဆိုင်လို သည့်စိတ်များ ကိုတွန်းလှန် ဖယ်ရှားရန်၊ ထို့နောက်တစ်ကမ္ဘာလုံးနှင့်နွယ်ဆက်သောအသိုင်းအ၀ိုင်း၊ အချင်းချင်းကို ညီအစ်ကိုမောင် နှမ ကဲ့သို့ အလေထားစောင့် ရှောက်ကြမည့်လူ့အဖွဲ့အစည်းကိုတည်ဆောက်ရန်စိန်ခေါ်နေသည်။ (ကိုးကား - Fratelli Tutti , 95-96) အီရတ်ရှိအသင်း တော်အသီးသီးသည် ရာစုထောင်ချီသောသမိုင်း၊ ၀ိနည်း၊ ၀ိညာဉ်ရေးအမွေအနစ်နောက်ခံများရှိကြသည်။ ဤနောက်ခံ သည်ကော်ဇော်တစ်ခုနှင့်တူပြီး၊ ကော်ဇော တစ်ချပ်ဖြစ်လာရန်မှာအရောင်အသွေးစုံလင်စွာစပ်၍ယှက်လုပ်ရသည်။ ကော် ဇော်၏ ဥပမာ သည်သင်တို့၏ညီအစ်ကိုစိတ်ဓာတ်ကိုဖော်ပြနေသကဲ့သို့ မူလအရင်းအမြစ်ကိုလည်းဖော်ပြနေသည်။ ဘုရား သ ခင်သည်မူလအရင်းအမြစ်၊ အဆင်၊ အကွက်ကိုဖော်သူဖြစ်သည်။ ဂရုတစိုက် စိတ်ရှည် စွာယှက် လုပ်သည်။ သူ၏သားသမီး များဖြစ်သော ကျွန်ုပ်တို့အချင်းချင်းအားနီးကပ်ရင်းနှီးစွာရှိနေစေချင်သည်။ အန္တီအုတ်မြို့မှစိန့်အီညှားရှို၏သွန်သင်ချက်ဖြစ် သည့် ‘သင်တို့ကိုကွဲပြားခြားနားစေသောမည်သည့်အရာကိုမျှသင်တို့အလယ်၌မရှိစေနှင့်။ ချစ်ခြင်းနှင့်ပျော် ရွှင်ခြင်း၌တူညီ သောဆုတောင်းမေတ္တာ၊ တစ်စိတ်တစ်သဘောတည်းရှိရန်၊ တစ်ခုတည်း၌မျှော်လင့်ကြစို့’ ဟုတိုက်တွန်းထားသည်။ (Ad Magnesios, 6-7: PL 5,667) ညီအစ်ကိုရင်းစိတ်ဓာတ် ဤကမ္ဘာကြီး ၌ရှင်သန်အားကောင်းရန်အဘယ်မျှအရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ဤစိတ်ဓာတ် သည်မကြာ ခဏအစိပ် စိပ်အမွှာမွှာဖျက်ဆီးခံရကြရသည်။ သာသနာတော်ကြီး၊ သာသ နာအုပ်စု၊ ဘာသာရေး အသင်း အဖွဲ့များ ၏ပေါင်းကူးနိုင်ရေးအားထုတ်ခဲ့မူများသည် အချည်းနှီးမဖြစ်ခဲ့။ အီရတ်နိုင်ငံ၏အနာ ဂါတ် အတွက်သာ သနာတော်ကြီး၏အမြှော်အမြင်နှင့်လုပ်ဆောင်ခဲ့မူဖြစ်သကဲ့သို့ ‘အားလုံး တစ်စည်း တစ်လုံး ဖြစ်ရန်’ ဟူ သော ယေဇူးသခင်၏နောက်ဆုံးညစာ စားပွဲ၌ဆုတောင်းချက် သည်ပြည့်စုံခြင်းသို့ ရောက် ခြင်းဖြစ်သည်။ (သံယောဟန် ၁၇း၂၁၊ Ecclesia in Medio Oriente, 37)          

         

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်t

http://bit.ly/38g2CDS

Add new comment

3 + 1 =