ပုပ်ဖရန်စစ်မှ အီရတ်နိုင်ငံ၏အာဏပိုင်များ၊ အရပ်ဖွဲ့အဖွဲ့အစည်းများအားမိန့်ကြားခဲ့သောမိန့်ခွန်း

ပုပ်ဖရန်စစ်မှ အီရတ်နိုင်ငံ၏အာဏပိုင်များ၊ အရပ်ဖွဲ့အဖွဲ့အစည်းများအားမိန့်ကြားခဲ့သောမိန့်ခွန်း

          ယခုကဲ့သို့ဆုံဆည်းနိုင်ခွင့်ရရန်အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ပြီး၊ စောင့်ဆိုင်းခဲ့သကဲ့သို့ဆုံဆည်းနိုင်၍အထူးကျေး ဇူးတင်ကြောင်း၊ ဤမြေသည်လူမူအသင်းအဖွဲ့စတင်သန္ဓေတည်မွေးဖွားခဲ့သော ယုံကြည်ခြင်းဖခင်အာဘရ ဟမ်၊ ကယ်တင် ခြင်းသမိုင်း၌ ဂျူဒဘာသာ၀င်၊ ခရစ်ယာန် နှင့်အီစလမ်ဘာသာ၀င်တို့အတွက်အထွဋ်အမြတ်ထားရသည့် ပရောဖက်များပေါ် ထွန်းခဲ့သောမြေဖြစ်သည်။ ဤမြေသို့ကြွရောက်နိုင်ရန် လှိုက်လှဲ နွေးထွေးစွာဖိတ်ခေါ်ခဲ့မူ၊ ရောက်ရှိသည့်နေ့ကအာဏာ ပိုင်အသီးသီး၊ နိုင်ငံသားများအားကိုယ်စားပြုသော ကြိုဆိုနှုတ်ခွန်းဆက်စကားများအတွက် နိုင်ငံတော်သမ္မတကြီးအား အထူးကျေးဇူးတင်ကြောင်း၊ သံအမတ်များ၊ အရပ်ဖက်အဖွဲ့အစည်းများကိုလည်းနှုတ်ခွန်းဆက်ပါကြောင်း၊ ထို့အတူချစ် ခြင်း၌ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ အမျိုးသားအမျိုးသမီးသူတော်စင်များနှင့်ကက်သလစ်ဘာသာတူများ အားလည်းနှုတ်ဆက်ပါ ကြောင်း၊  ကျွန်ုပ်သည်ဘုရားဖူးကဲ့သို့ရောက်ရှိလာပြီး ၄င်းတို့၏အဆုတ်မနစ်သောယုံကြည်ခြင်း ကိုဆက်လက်ရှင်သန်ရန်ကြွရောက်အားပေးခြင်း ဖြစ်သည်။ ထို့အတူခရစ်ယာန်အသင်းတော်များကို၊ ဘာသာရေးအသင်း အဖွဲ့များ၊ အီစလမ်ဘာသာ၀င်များ၊ အခြားသောရိုးရာဓလေ့ကိုသက်၀င်ယုံ ကြည်သောအခြားသောဘာသာ၀င်ခေါင်းဆောင် များကိုလည်းနှုတ်ဆက်ပါသည်။ ညီအစ်ကိုရင်းစိတ်ဖြင့် ကျွန်ုပ်တို့အတူတကွ လျှောက်လှမ်းနေ သောဘာသာတရား၏ သွန်သင်ချက်ဇစ်မြစ်ဖြစ်သည့် ငြိမ်းချမ်းရေး၊ အချင်းချင်းလေးစားလိုက်နာခြင်း၊ လူသားအခြေခံသောညီအစ်ကိုစိတ်၊ အတူ ယှဉ်တွဲနေထိုင်ခြင်း စသောလျှောက်လမ်းကိုဘုရားသခင်ခွင့်ပြုတော်မူပါစေ။ (မှီငြမ်း -  Document on Human Fraternity, Abu Dhabi, ၄ February 2019).

          ကျွန်ုပ်၏တမန်တော်ခရီးစဉ်သည် ကမ္ဘာတစ်၀ှမ်းက (၂၀၁၉၊ ဒီဇင်ဘာ) လမှစတင်၍ကူးစက်ပျံ့နှံ့လာ သောကိုးဗစ်ကူးစက်မြန်ရောဂါ ပိုး၏လှိုင်းလုံးမှရုန်းထွက်ရန်ကြိုးစားနေချိန်နှင့်တိုက်ဆိုင်နေပါသည်။ ဤကူးစက်ရောက်ဂါဆိုးကြီးသည်  မရေမတွက်နိုင်သောလူတို့၏ကျန်းမာ ရေးကိုသာထိခိုက်စေခဲ့သည်မ ဟုတ်။  အလွန်ထိလွယ်ရှလွယ်သော မတည်မငြိမ်ဖြစ်နေသည့် လူမူဆက်ဆံရေးနှင့်စီးပွား‌ရေးများကိုလည်း ပိုမိုဆိုး ၀ါးသွားစေခဲ့သည်။  ဤကူးစက်ရောဂါကြောင့် ထိရောက်သောလုပ်ဆောင်ချက်များကိုစတင်ရန်လိုအပ်လာပါသည်။ ဥပမာအားဖြင့်လူတိုင်းအ တွက် ကာကွယ်ဆေးထိုးနှံနိုင်ခွင့်ရှိရမည်ဖြစ်သည်။ သို့သော်ဤမျှဖြင့်မလုံလောက်သေးပေ။ ဤကပ်ရောဂါဆိုးသည်ကျွန်ုပ်တို့၏ ဘ၀နေထိုင်မူပုံစံ ကိုလည်းပြန်လည်ဆင်ခြင်ရန်လိုအပ်ပါသည်။  နှင့်ကျွန်ုပ်တို့၏ဖြစ်တည်နေမူကိုလည်းထည့်သွင်းစဉ်းစားရန်လိုပါသည်။ (မှီငြမ်း - Fratelli Tutti, 33). ဤအခြေအနေဆိုးမှရုန်းထွက်အပြီး၌ကျွန်ုပ်တို့သည် ဤအခြေအနေဆိုးနှင့်မရင်ဆိုင်စဉ်ကထက်ပို၍သာလွန်ကောင်းမွန်သောအနာဂါတ်ကို တည်ဆောက်ရမည်။ ဆိုလိုသည်မှာကျွန်ုပ်တို့အားကွဲပြားစေသောအခြေအနေမျိုးထက် စုစည်းစေရမည်။ လွန်ခဲ့သောဆယ်စုနှစ်များစွာက အီရတ် နိုင်ငံသည် စစ်မီးဒဏ်ကိုလည်းကောင်း၊ အစွန်းရောက်အကြမ်းဖက်သမားတို့၏ရန်ကိုလည်းကောင်း၊ သက်၀င်ယုံကြည်မူမတူသော လူမူအဖွဲ့အစည်း များအချင်းချင်း၏မတူညီသောဘာသာရေး၊ အတွေးအ‌ခေါ်၊ ယဉ်ကျေးမူတို့ကိုလက်မခံနိုင်၍အေးချမ်းစွာအတူယှဉ်တွဲမနေထိုင်နိုင်ဘဲ ပဋိပက္ခများ ဆိုး၀ါးခါး သည်းစွာခံစားဖြတ်သန်းခဲ့ရသည်။ ဤအခြေအနေများအားလုံးသည် ရုပ်ပိုင်းဆိုင်ရာသေခြင်း၊ ပျက်စီးယိုယွင်းခြင်းကိုဖြစ်စေရုံမျှသာမက ဘဲဤအပျက်အစီးသည်ရင်ကျိုးစရာဖြစ်ရပ်များစွာကိုအဖွဲ့အစည်းတိုင်း၊ လူတိုင်းခါးစည်းခံစားခဲ့ကြရသည်။ ထိုအခြေအနေများကြောင့်ရရှိခဲ့သော စိတ်အတွင်းစိတ်ဒဏ်ရာများကိုကုစားရန်မှာနှစ်ရှည်လများအချိန်ယူရပေဦးမည်။

          ယခုဤနေရာ၌ ထိုအဖြစ်သနစ်မျိုးနှင့်ကြုံတွေ့ဖြတ်သန်းခဲ့ရသောသူများအနက် ကျွန်ုပ်ပို၍စာနာစိတ်ပွားမိသောဖွဲ့အစည်းကား Yazidis ဖြစ်ပါသည်။ သူတို့သည် မည်သည့်ပြစ်ချက်မျှမရှိဘဲ အကြောင်းမဲ့သက်သက်အစုလိုက်အပြုံလိုက်လူမဆန်စွာသတ်ဖျက်ခံခဲ့ရသည်။ ထို့အတူ ထိုလူမ ဆန်သောရက်စက်သတ်ဖြတ်သည့်အဖြစ်ဆိုးမှလွှတ်မြောက်လာခဲ့သော်လည်း ယနေ့မိမိတို့၏ဂုဏ်သိက္ခာ၊ လူမျိုးစုအဖြစ်ပြန်လည်ရှင်သန်ရန်မှာအ လုံး၀မလုံမခြုံဖြစ်ရရှာသည်။ ကျွန်ုပ်တို့အနေဖြင့် တစ်ဦးနှင့်တစ်ဦး၏မတူညီမူကိုသိရှိနားလည်ပြီး၊ ကျွန်ုပ်တို့သည်မိသားစုတစ်စုတည်းမှပေါက်ဖွား တိုးပွားလာကြသည်ကိုနားလည်လက်ခံမှသာ အနာဂါတ်မိသားစုကိုတည်ဆောက်ရန်၊ အနာဂါတ်မျိုးဆက်တို့အားပိုမိုကောင်းမွန်သော၊ ပို၍တရားမျှ တခြင်းရှိသော၊ အချင်းချင်းပို၍ကူညီယှိုင်းပင်းတတ်သောလူမူအသိုင်းအ၀ိုင်းကိုချန်လှပ်ပေးထားခဲ့နိုင်မည်ဖြစ်သည်။ ဤအချက်၌ ဘာသာရေး၊ ယဉ်ကျေးမူနှင့်မတူညီသောလူမျိုးစု၏ကွဲပြားချက်များသည် အီရတ်နိုင်ငံ၏အလွန်ထင်ရှားသော ထောင်နှင့်ချီတည်ရှိလာသောသမိုင်းအမွေအနှစ်၊ အမှတ်သင်ကေတတစ်ခုဖြစ်သည်။ ဤအမွေအနစ်သည်အလွန်တန်ဖိုးကြီးပြီး၊ ဤအရင်းအမြစ်မှ အပျက်သဘောဆီသို့ဦးတည်မည့်အဖျက်အ မှောက်မျိုးကိုမပြုလုပ်သင့်ပေ။ ယနေ့အီရတ်သည် လူတိုင်းအား၊ အထူးသဖြင့်အရှေ့အလယ်ပိုင်းတွင်နေထိုင်ကြသောသူတို့အား အသွင်ကွဲပြားခြင်း သည် ပဋိပက္ခကိုဖြစ်ပွားစေသည့်အကြောင်းတရားမဟုတ်။ မတူကွဲပြားမူသည် အချင်းချင်းလေးစား၍ ယှဉ်တွဲနေထိုင်ရန်အကောင်းဆုံးသောအ ကြောင်းတရားဖြစ်ရမည်ဟုပြသရမည်။

          ညီအစ်ကိုအချင်းချင်းအတူယှဉ်တွဲနေထိုင်ရာ၌ ရိုးသားပွင့်လင်းစွာဆွေးနွေးညှိနှိုင်းခြင်း၊ တရားဥပဒေ၏အကာအကွယ်ကိုရရှိခြင်း၊ ဥပဒေ ကိုလေးစားလိုက်နာခြင်းများရှိရမည်။ ဤသို့ဖြည့်ဆည်းဆောင်ရွက်ရန်မှာမလွယ်ကူလှပေ။ အလွန်စိန်ခေါ်မူမြင့်မားသည်။ ဖော်ဆောင်ရန်လည်း ခက်ခဲသည်။ ပါ၀င်လုပ်ဆောင်သူတို့၏ဆက်ကပ်ခြင်း၊ အခြေအနေမတူသူများနှင့်လေးစားရိုးသားစွာစကားပြောဆိုပြီး၊ ၄င်းတို့သည်လည်းဖန်ဆင်း ရှင်ဘုရားသခင်တစ်ပါးတည်း၏သားသမီးများဖြစ်ကြသည့်ဂုဏ်သိက္ခာကိုလေးစားရမည်ဖြစ်သည်။ (မှီငြမ်း - SECOND VATICAN ECUMENICAL COUNCIL, Declaration Nostra Aetate, 5).  ဤအခြေခံသဘောတရားကိုဖော်ဆောင်ရန်အတွက် ဗာတီကန်အနေဖြင့် အခြားသောနေရာများ၌ မဆုတ်မနစ်ကြိုးစားအားထုတ်ခဲ့သည်နည်းတူ အီရတ်နိုင်ငံအားလည်းမေတ္တာရပ်ခံလိုသည်မှာ ဘာသာတရားတိုင်းကိုအသိအမှတ်ပြုပေးကြရန်၊ လေးစားပေးရန်၊ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်ပါသည်။ တောင်းဆိုသည့်အတိုင်းယခုဖော်ဆောင်နေသည်ကိုမြင်တွေ့ရသော ကြောင့် အသိအမှတ်ပြုပါသည်။ ထို့အတူစိတ်ကောင်းနှလုံးကောင်းရှိသောအမျိုးသား၊ အမျိုးသမီးများအားလုံးအားလည်း တစ်မျိုးသားလုံး၏အ ကျိုးအတွက် ဆက်လက်ပြီးစောင့်ရှောက်ဆောင်ရွက်ခြင်းကိုကျွန်ုပ်လည်းသင်တို့နှင့်အတူပါ၀င်ပါသည်။

          ညီရင်းအစ်ကိုအမှတ်သင်ကေတကိုဆောင်ထားသော လူမူအဖွဲ့အစည်းသည် အခြားသောသူများနှင့်တစ်စိတ်တစ်ကိုယ်တည်းထား၍ရှင် နေကြသောလူမူအဖွဲ့အစည်းဖြစ်သည်။ အခြားသူများနှင့် တစ်စိတ်တစ်ကိုယ်တည်းရှိခြင်းသည် သူတစ်ပါးအား မိမိတို့၏အိမ်နီးနားချင်း၊ ဘ၀ခရီး သွားဖော်များအလား စာနာတတ်ရန်စိတ်ကိုကျွန်ုပ်တို့အားမွေးဖွားပေးလာသည်။  (မှီငြမ်း -  Message for the 2021 World Day of Peace). အ မှန်တကယ်လိုအပ်သူများအား လက်တွေကျပြီး၊ ထိရောက်သောဂရုစိုက်မူနှင့်အလုပ်အကျွေးပြုတတ်မူသည် လူတိုင်းမကျင့်ကြံနိုင်သောပါရမီတစ် ပါးဖြစ်သည်။

          ဤအချက်နှင့်စပ်လျင်း၍ ကျွန်ုပ်တွေးမိသည်မှာ အစွန်းရောက်တို့၏အကြမ်းဖက်လုပ်ရပ်များ၊ ညှဉ်းဆဲသတ်မဖြတ်မူများကြောင့် မိသား စု၀င်များ၊ ချစ်သူခင်သူများ၊ အိုးအိမ်၊ စည်းစိမ်များဆုံးရှုံးခဲ့ရသောသူအားလုံဂတို့ကိုပြန်လည်သတိရနေမိပါသည်။ ထို့အတူ စီးပွားရေးအကြပ်အ တည်းနှင့်အလုပ်လက်မဲ့ပြသာနာတိုးမြှင့်လာနေချိန်၌ မိမိတို့၏လုံခြုံမူအတွက်သော်လည်းကောင်း၊ မိသားစုရှင်သန်နိုင်ရေးနှင့်စီးပွားရေးလုံခြုံမူအ တွက်စိုးရိမ်နေကြရသူများအားလည်းစာနာမိပါသည်။ ကျွန်ုပ်တို့သည် အခြားသူများ၏အခက်အခဲများကိုလည်း စဉ်းစားဖြေရှင်းပေးရန်လည်းတွေး တောရမည်။  (စာညွှန်း - Fratelli Tutti, 115) ထိုအတွေးများသည် စီးပွားရေးတစ်ခုတည်းသာမဟုတ်။ ပညာရေးနှင့်အများကောင်းကျိုးဖြစ်စေ မည့်ဘက်စုံလွှမ်းခြုံသောဖွံ့ဖြိုးမူကိုဖော်ဆောင်ရမည်။ ပဋိပက္ခတစ်ခုကိုသာဇောင်းပေးဖြေရှင်းရုံဖြင့်မလုံလောက်ပေ။ ကျစ်လစ်ခိုင်မာစွာဖွံ့ဖြိုး အောင်တည်ဆောက်ရမည်။ သို့မှသာဂုဏ်သိက္ခာရှိသောဘ၀ကိုအားလုံးကခံစားနိုင်မည်ဖြစ်သည်။ အကြပ်အတည်းတစ်ခုခုနှင့်ရင်ဆိုင်ဖြတ်သန်းပြီး နောက် ကျွန်ုပ်တို့သည် ယခင်အခြေအနေအတိုင်းမဖြစ်တော့ပေ။ ကျွန်ုပ်တို့သည်ပိုကောင်းလာကောင်းကောင်းလာမည်။ သို့မဟုတ်ဆုတ်ယုတ်သွား ကောင်းဆုတ်ယုတ်သွားပေမည်။ 

အုပ်ချုပ်သောခေါင်းဆောင်များ၊ သံတမန်များအနေဖြင့် သင်တို့သည်ညီအစ်ကိုရင်းစိတ်ဓာတ်ကိုပျိုးထောင်အားပေးရေးကိုတိုးမြှင့်လုပ် ဆောင်ရမည်။ လိုလည်းလိုအပ်ပါသည်။ အကျင့်ပျက်ခြစားခြင်း၊ အာဏာအလွှဲသုံးခြင်း၊ ဥပဒေစိုးမိုးမူမရှိခြင်းတို့ကိုတိုက်ဖျက်ရုံမျှဖြင့်မလုံလောက် ပေ။ တရားမျှတခြင်းနှင့်ရိုးသားခြင်း၊ ပွင့်လင်းမြင်သာမူရှိခြင်းနှင့်ဤခြေအနေများကိုတိုးမြှင့်လုပ်ဆောင်မည့်အဖွဲ့အစည်းများကိုအားပေးအား မြောက်ပြုလုပ်ရန်လိုအပ်သည်။ ဤသို့ဖြင့် လူမူအဖွဲ့အစည်းအတွင်း၌တည်ငြိမ်မူရရှိလာမည်။ မှန်ကန်သောနိုင်ငံရေးခံယူချက်များလည်းပေါ်ထွက် လာမည်။ အထူးသဖြင့်နိုင်ငံ့လူဦးရေ၏အများဆုံးဖြစ်သော လူငယ်များအတွက် သေချာပြီး၊ ပိုမိုကောင်းမွန်သောအနာဂါတ်ကိုချန်လှပ်ထားပေးနိုင် ပေမည်။ 

သမ္မတကြီး၊ ဂုဏ်သရေရှိလူကြီးမင်း၊ ချစ်ခင်ရသောမိတ်ဆွေများခင်များ

          ကျွန်ုပ်သည် နောင်တရသောအပြစ်သားတစ်ဦးပမာဤနေရာသို့ရောက်လာခြင်းဖြစ်သည်။ နိုင်ငံအတွင်းအပျက်အစီးအလွန်များခဲ့သည့်အ ပြင်၊ ရက်စက်သောသတ်ဖြတ်မူများအားလုံးအတွက် ဘုရားသခင်နှင့်ညီအစ်ကိုတို့၏ခွင့်လွှတ်ခြင်းကိုတောင်းခံပါသည်။ ကျွန်ုပ်သည် ခရစ္စတူးသခင် ၏နာမတော်၌ ငြိမ်းချမ်းရေးခရီးလာရောက်ခြင်းဖြစ်သည်။ ဤသုံးနှစ်တာအတွင်းအီရတ်နိုင်ငံ၏ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့သည်အထူးဆု တောင်းခဲ့ကြသည်။ စိန့်ဂျွန်ပေါလ် (၂) သည်လည်းထို့အတူပင်ဖြစ်ပါသည်။ ဤထက်မက သူပို့သသောဆုတောင်းမေတ္တာအားလုံး၊ သူခံစားနေခဲ့ရ သော‌‌‌ေဒနာများကိုပင်အီရတ်နိုင်ငံအတွက်ပူဇော်ခဲ့သည်။ ဤဆုတောင်းချက်ကို ဘုရားသခင်နားညောင်းခဲ့သည်။ ဘုရားသခင်သည်အစဉ်နားညောင်းလေ့ရှိသည်။ ကျွန်ုပ်တို့လည်းသူ့အားနားထောင်ရမည်။ သူ၏လမ်းတော်အတိုင်းလျှောက်လှမ်းရမည်။ လက်နက် ကိုင်ဆောင်၍ဖြစ်ပွားနေသောပဋိပက္ခဖြစ်ပွားမူများတိတ်ဆိတ်သွားရမည်။ ဆက်လက်ပြန့်ပွှားမူသည်ဤနေရာ၌သော်လည်းကောင်း၊ မည်သည့်နေ ရာ၌မဆို နည်းသွားအောင်ပြုလုပ်ရမည်။ တစ်ဖက်စောင်းနင်းအတွေးအခေါ်များရပ်တန့်သွားစေရမည်။ ငြိမ်းချမ်းရေးတည်ဆောက်သူများ၏အသံ ကိုကြားသိစေရမည်။ ထို့အတူ ဆက်လက်ရှင်သန်လိုပြီး၊ အလုပ်လုပ်ကိုင်လို၊ ငြိမ်းချမ်းစွာဆုတောင်းလိုသောနှိမ့်ချသောသူ၊ နွမ်းပါးချို့တဲ့သောသူ၊ သာမန်အမျိုးသားအမျိုးသမီးများ၏အသံကိုလည်း ကမ္ဘာကြီးကကြားသိရမည်။ အစွန်းရောက်လုပ်ရပ်နှင့်အကြမ်းဖက်ခြင်း၊ အစုအဖွဲ့ကွဲစေသော လုပ်ရပ်၊ အချင်းချင်း၏အားနည်းချက်များကိုသီးခံစိတ်မရှိဘဲ လက်စားချေသည့်လုပ်ရပ်များ ကိုအဆုံးသတ်စေသောနည်းလမ်းရှိရမည်။ ထိုနည်း လမ်းကား ငြိမ်းချမ်းရေးကိုတည်ဆောက်လိုသောသူများ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုသောသူတို့အား ရင်းနှီးပွင့်လင်းစွာ အပြုသဘော ဆောင်သည့်တွေ့ဆုံဆွေးနွေးမူများကိုစီစဉ်ပေးရမည်ဖြစ်သည်။

          ပြန်လည်ကြေအေးခြင်းနှင့်အများကောင်းကျိုးအတွက်သယ်ပိုးရွက်ဆောင်လိုသော နိုင်ငံသားများအနေဖြင့် မိမိတို့၏ကိုယ်ရေးကိုယ်တာ စိတ်၀င်စားမူကိုငြင်းပယ်၍ အများ၏အရေးကိုဆောင်ရွက်ပေးရမည်ဖြစ်သည်။ အီရတ်နိုင်ငံသည် ယခုနှစ်များအတွင်း၌ ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်သောအုတ်မြစ်ကိုချနိုင်ခဲ့ပြီးဖြစ်သည်။ ဆက်လက်ခိုင်မြဲစေရန်မှာ ဤအခြေခံအုတ်မြစ်ပေါ်၌ နိုင်ငံရေး၊ လူမူရေး၊ ဘာသာရေးအသင်းအဖွဲ့ များလည်းပါ၀င်စေရမည်။ သို့မှသာနိုင်ငံသားအားလုံး၏ အခြေခံလူ့အခွင့်အရေးကိုအာမခံချက်ပေးနိုင်ပေမည်။ မည်သည့်နိုင်ငံသားမျှ ဒုတိယအ တန်းစားအဖြစ်မသတ်မှတ်ရ။ မည်သည့်နိုင်ငံသားမျှထိုသို့မခံစားစေရ။ အဆိုပါခရီးအတွက် ယခုအစပြုလိုက်သောခြေလှမ်းများသည် ငြိမ်းချမ်းရေး နှင့်အတူတကွယှဉ်တွဲနေထိုင်နိုင်ရေးအတွက်တွန်းအားဖြစ်စေမည်ဟုယုံကြည်ပါသည်။

          ကမ္ဘာ့အဖွဲ့အစည်းကြီးများလည်း အီရတ်နိုင်ငံနှင့်အရှေ့အလယ်ပိုင်း၏ ငြိမ်းချမ်းရေးကိုတိုးမြှင့်လုပ်ဆောင်ရန်တာ၀န်ရှိသည်။ အဘယ် ကြောင့်ဆိုသော် အိမ်နီးနားချင်းနိုင်ငံဖြစ်သည့် လစ်ဗျား၏ရှည်ကြာလှသောပြည်တွင်းစစ်၏အဖြစ်သနစ်ကိုကျွန်ုပ်တို့အားလုံးမြင်တွေ့ခဲ့ရပြီ။ အဆိုပါ စစ်သည် လွန်ခဲ့သော (၁၀) နှစ်ခန့်က ယနေ့လိုနေ့မျိုး၌အစပျိုးခဲ့သည်။ ထိုစစ်သည်ယနေ့လူသားမိသားစုကြီးဖြစ်သော ကမ္ဘာကြီးအားစိန်ခေါ်နေ သည်။ ကမ္ဘာ့အဆင့်မှ၀င်ရောက်ကိုင်တွယ်ဖြေရှင်းရန်တောင်းခံနေသည်။ သို့မှသာစီးပွားရေးသာတူညီမျှရှိခြင်း၊ ‌ဒေသအတွင်းတင်းမာမူများကိုဖြေ လျော့၍ ဒေသ၏တည်ငြိမ်မူကိုအာမခံမည်ဖြစ်သည်။

          ကျွန်ုပ်အနေဖြင့်နိုင်ငံများနှင့်ကမ္ဘာ့အဖွဲ့အစည်းများကိုကျေးဇူးတင်ပါသည်။ အဘယ်ကြောင့်ဆိုသော်အီရတ်နိုင်ငံကိုပြန်လည်တည်ဆောက် နိုင်ရန်နှင့်လူသားချင်းစာနာသောအကူအညီများကို စစ်ပြေးရှောင်ဒုက္ခသည်များအားကူညီပေးခဲ့ကြသောကြောင့်လည်းကောင်း၊ ဒေသအတွင်းနေရပ် စွန့်ခွာကြသောစစ်ဘေးရှောင်များအားလည်းကောင်း၊ မိမိတို့‌ဒေသသို့ပြန်သွားလိုသောသူတို့အားစားနပ်ရိက္ခာများ၊ ရေ၊ အဆောက်အအုံများ၊ ကျန်း မာ‌ရေးစောင့်ရှောက်မူ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အစရှိသောလိုအပ်ချက်များကို တစ်နိုင်ငံလုံးအတိုင်းအတာသို့ဖြန့်ကျက်လုပ်ဆောင်ပေးနေသော ကြောင့်ဖြစ်ပါသည်။ ထိုအခြေခံလိုအပ်ချက်များအားပံ့ပိုးပေးခြင်းနှင့်အတူပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးတည်ဆောက်ခြင်းအစီအစဉ်ကို လည်းတစ်ပါတည်းထည့်သွင်းလုပ်ဆောင်နေသည်။ ထို့အတူအေဂျင်စီများစွာကိုလည်းထည့်သွင်းခြင်းမပြုဘဲကျွန်ုပ်ချန်လှပ်ထား၍မဖြစ်ပေ။ ထိုအေ ဂျင်စီများအနက်ကက်သလစ်အေဂျစ်စီများစွာပါ၀င်သည်။ ဤအေဂျင်စီများသည် နှစ်ပေါင်းများစွာအီရတ်ပြည်သူများကိုကူညီပေးခဲ့ကြသည်။ ပြည် သူတို့အခြေခံလိုအပ်ချက်များကိုပံ့ပိုးပေးခဲ့ကြသည်။ အဓွန့်ရှည်မည့်ငြိမ်းချမ်းရေးကိုတည်ဆောက်သော ကရုဏာရေးလုပ်ငန်း၊ တရားမျှတရေးလုပ် ငန်းများကိုလည်းလုပ်ဆောင်ခဲ့ကြသည်။ ဤအဖွဲ့အစည်းများသည် အီရတ်နိုင်ငံအားကမ်းလင့်နေခဲ့သော ၄င်းတို့၏ရင်းနှီးကျွမ်း၀င်မူနှင့် အပြုသ ‌ဘောဆောင်သည့်ပံ့ပိုးကူညီမူများပြန်ရုတ်မသွားစေရန် ဆုတောင်းရင်းကျွန်ုပ်မျှော်လင့်နေပါ သည်။ ထို့အတူဒေသခံအာဏာပိုင်များနှင့်လည်း‌ေ၀ မျှ‌လုပ်ဆောင်ရန်၊ ထိုသို့လုပ်ဆောင်ရာ၌ နိုင်ငံရေးအရ၊ သို့မဟုတ်အတွေးအခေါ််အယူအဆအရ အတင်းအကြပ်တွန်းအားပေးခြင်းမျိုးလည်းမဖြစ်စေ ဘဲ ငြိမ်းချမ်းရေးနှင့်ညီအစ်ကိုရင်းစိတ်ဓာတ်ကိုတည်ဆောက်သောပင်ကိုဗီဇအတိုင်းလုပ်ဆောင်ကြရန်၊ ဘုရားသခင်၏နာမတော်ကိုမိမိ၏လုပ် ဆောင်ချက်များဖြစ်သော လူ့အသက်သတ်ပုတ်ခြင်း၊ တိုင်းပြည်၌မနေနိုင်အောင်ဖန်တီး၍နင်ထုတ်ခြင်း၊ အကြမ်းဖက်လုပ်ဆောင်ခြင်း၊ ဖိနှိပ်ညှဉ်းဆဲခြင်းစသောလုပ်ရပ်များကို ဖုံးဖိရန်အကောင်းဆုံးအကာမကွယ်အဖြစ်အသုံးချ၍မရပေ။ (ကိုးကား - Document on Human Fraternity, Abu Dhabi, 4 February 2019). ထိုလုပ်ရပ်နှင့်ဆန့်ကျင်စွာ ဘုရားသခင်သည်လူသားတို့အားတူညီသောဂုဏ်သိက္ခာနှင့်အခွင့်အရေး ကိုပေးခဲ့သည်။ ကျွန်ုပ်တို့အားချစ်ခြင်း၊ ကောင်းသောစိတ်နေသဘောထားနှင့်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းကိုကြေညာရန်တာ၀န်ပေးအပ် ထားသည်။

          အီရတ်နိုင်ငံ၌လည်း ကက်သလစ်သာသနာတော်ကြီးအနေဖြင့် ဘာသာမတူသူများလည်းနှင့်ပွင့်လင်းရိုးသားစွာတွေ့ဆုံဆွေးနွေးပြီး၊  ရင်း နှီးချစ်ခင်စွာနေထိုင်လိုကြသည်။ အတူလက်တွဲ၍အပြုသဘောဆောင်သောငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလုပ်ဆောင်လိုပါသည်။ ရှေးပ‌ေ၀သ နီကစ၍ရှိနေခဲ့သောခရစ်ယာန်များနှင့်နိုင်ငံအတွက်၄င်းတို့၏ပါ၀င်ပေးဆက်မူများသည် နိုင်ငံပြန်လည်ထူထောင်ရေး၌ ၄င်းတို့ချန်ရစ်လိုသောအ ကောင်းဆုံးအမွေအနစ်များဖြစ်သည်။ အများပြည်သူနှင့်ဆိုင်သောကိစ္စများ၌ ၄င်းတို့၏ပါ၀င်မူ၊ နိုင်ငံသားအခွင့်အရေးပြည့်၀စွာရရှိမူ၊ လွတ်လပ်မူနှင့် တာ၀န်ခံမူများသည် မတူညီသောသက်၀င်ယုံကြည်မူ၊ မတူညီသောလူမျိုးစု၊ ယဉ်ကျေးမူကို နိုင်ငံအတွင်းချိန်ခွင်လျှာမျှဖွံ့ဖြိုးလာစေမည်၊ သဟဇာ တရှိလာစေမည်ဖြစ်သည်။    

ချစ်လှစွာသောမိတ်ဆွေတို့

          ယခုကဲ့သို့သင်တို့လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ကျွန်ုပ်၏လှိုက်လှဲသောကျေးဇူးတင်စကားကိုထပ်မံပြောကြားလိုပါသည်။ ဆက်လက်၍ညီ အစ်ကိုရင်းစိတ်ဓာတ်အခြေခံသောညီညွှတ်မူ၊ စည်းလုံးမူ၊ အတူတကွယှဉ်တွဲနေထိုင်နိုင်သည့်လူမူအသင်းအဖွဲ့ကိုတည်ဆောက်နိုင်ရန်ကြိုးစားစေလို ပါသည်။ လူသားအကျိုးအတွက် သင်တို့၏ပေးဆက်မူတစ်ခုစီသည်အလွန်လေးစားဂုဏ်ယူလောက်ပါသည်။ သင်တို့တာ၀န်ယူလုပ်ဆောင်မူများကို ဆက်လက်လုပ်ဆောင်နိုင်စေရန်၊ ဉာဏ်ပညာ၊ တရားမျှတခြင်းနှင့်အမှန်တရားဖြင့်သင်တို့အားဦးဆောင်လမ်းပြပေးရန် အားလုံးစုံကိုတတ်နိုင်တော် မူသောဘုရားထံဆုတောင်းပေးမည်။ သင်တို့အားလုံး၊ သင်တို့မိသားစု၊ ချစ်သူခင်သူများအားလုံး၊ အီရတ်ပြည်သူများအားလုံးအပေါ် ကောင်းကြီးတော်ကြွယ်၀စွာခံစားရရှိပါစေဟုဆုမွန်ကောင်းတောင်းပေးပါသည်။ ကျေးဇူးတင်ပါသည်။   

 

 

ဘာသာပြ့န်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: CNS/Paul Haring

http://bit.ly/391Z0WD

Add new comment

2 + 1 =