ပုပ်ဖရန်စစ်မှ ဆရာတော်များအတွက် မင်္ဂလာတရားတော် (၈) ပါး

ပုပ်ဖရန်စစ်မှ ဆရာတော်များအတွက် မင်္ဂလာတရားတော် (၈) ပါး

ဆရာတော်ဘုရားများအတွက် မင်္ဂလာတရားတော် (၈) ပါးကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က အီတလီနိုင်ငံမှ ဆရာတော်ကြီးများနှင့် ဝေမျှမိန့်မှာတော်မူခဲ့ပါသည်။

။ ဆင်းရဲခြင်းနှင့် ဝေမျှရှင်သန်ခြင်းအား ဘ၀ပုံစံအဖြစ် လျှောက်လှမ်းအသက်ရှင်သော ဆရာတော်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား သူသည် ဘ၀သက်သေဖြင့် ကောင်းကင်နိုင်ငံတော်ကို တည်ဆောက်သူဖြစ်၏။

၂။ မိမိ၏ မျက်နှာ၌ မျက်ရည်များ စိုစွတ်၍ ကြေကွဲခံရမှာကို မထိတ်လန့်သော ဆရာတော်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား သူ၏ မျက်ရည်၌ လူတို့၏ ၀မ်းနည်းမှုများ၊ ရဟန်းတော်တို့၏ လုပ်ဆောင်မှုများကို ရောင်ပြန်ဟပ်စေပြီး ဒုက္ခခံနေရသော သားသမီးတို့အား ဘုရား၏ နှစ်သိမ့်ခြင်းကို ရှာတွေ့စေသောကြောင့်ဖြစ်၏။

၃။ မိမိ၏သိုးထိန်းတာဝန်အား အာဏာအတွက်မဟုတ်ဘဲ အစေခံခြင်းအတွက် အသုံးပြုကာ နှိမ့်ချခြင်းအား ခွန်အားသဖွယ် ဖြစ်စေလျှက် သိုးစုများအား နှလုံးသားထဲ၌ နေရာပေးထားသော ဆရာတော်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား သူသည် အားနည်းသူတို့အား ဘုရားသခင် ကတိထားတော်မူသောနေရာသို့ ပို့ဆောင်သောကြောင့်ဖြစ်၏။

၄။ အစိုးရဌာနဆိုင်ရာများနှင့် ပတ်သက်သော ကိစ္စများ၌ လူ့မျက်နှာထက် စာရင်းဇယား ကိန်းဂဏန်းများကိုသာ မကြည့်ဘဲ လူတို့အတွက် ဘုရားရှင်၏ တရားမျှတခြင်းကို ရှာဖွေဆောင်ရွက်ပေးသော ဆရာတော်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဘုရားသခင်သည် နေ့စဉ် တိတ်ဆိတ်စွာပြုသော ဆုတောင်းမေတ္တာ၌ သူ့အား လာရောက်ဆုံတွေ့ကာ ခွန်အားဖြည့်တင်းပေးလိမ့်မည်။

၅။ ဒုက္ခဆင်းရဲခြင်းနှင့် ပြည့်နေသော ကမ္ဘာကြီးအတွက် စာနာနှလုံးသားရှိသူ၊ လူအများဘ၀မြှင့်တင်ရန် မိမိကိုယ်ကို အညစ်ပေခံသော လက်များ ပိုင်ဆိုင်သူ၊ အများရှေ့၌ ပုံသက်သေကောင်းပြသူ ဆရာတော်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား သူသည် မိမိ၏ ကိုယ်ပိုင် အားနည်းချို့ယွင်းချက်များကို သိမြင်ပြီး ရှင်ပြန်တော်မူသော ခရစ်တော်သခင်အားဖြင့် ခွင့်လွှတ်ခြင်းကို ခံစားရရှိလိမ့်မည်။

၆။ အသည်းတစ်ခြမ်း အစွဲအလန်း ကင်းပြီး မကောင်းဒုစရိုက်များအကြား၌ ကောင်းခြင်းကိုသာ ဆောင်ကျဉ်းရန် မတွေဝေသော ဆရာတော်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား သူသည် လူတို့၏ ဘ၀အသက်တာထဲ၌ ရောင်ပြန်ဟပ်စေပြီး ဘုရားသခင်၏ မျက်မှောက်တော်၌ ၀မ်းမြောက်ပျော်ရွှင်ရလိမ့်မည်။

၇။ ကျေအေးသင့်မြတ်ခြင်းနှင့်အတူ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသောသူ၊ ရဟန်းတော်များအကြား စည်းလုံးခြင်းကို ဖြစ်စေသောသူ၊ ကွဲပြားနေသော လူ့အသိုင်းဝိုင်းအား စုစည်းစေသောသူ၊ ညီရင်းအစ်ကို စိတ်ဓါတ်ဖြင့် လူသားထုတစ်ရပ်အား တည်ဆောက်ပေးသော ဆရာတော်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား သူသည် ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်း ခံရလိမ့်မည်။

၈။ ဧ၀ံဂေလိတရားတော်အတွက် ခေတ်ရေစီးကြောင်းကို လွန်ဆန် သွန်သင်ရန် မကြောက်ရွံ့သော ဆရာတော်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား အထင်လွဲမှားခြင်း၊ အတားအဆီးများသည် သူ့အား မရပ်တန့်စေဘဲ ကောင်းကင်နိုင်ငံတော်သည် ဤလောကနှင့် မတူကွဲပြားကြောင်း ကောင်းစွာ သိရှိသောကြောင့်ဖြစ်၏။

 

ဘာသာပြန် - သီကိုရှင်း

https://bit.ly/3xlkoks

Add new comment

11 + 5 =