ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် နိုင်ငံတကာ ခရစ်ယာန် တရားဥပဒေ ရေးဆွဲပြဋ္ဌာန်းသူများနှင့် တွေ့ဆုံ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် နိုင်ငံတကာ ခရစ်ယာန် တရားဥပဒေ ရေးဆွဲပြဋ္ဌာန်းသူများနှင့် တွေ့ဆုံ
သြဂုတ်လ ၂၂၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-08/pope-icln-religious-freedom-meeting.html

#catholiclegislators, #vatican, #pope, #witness, #peterkm,
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

နိုင်ငံတကာ ကက်သလစ် ခရစ်ယာန် တရားဥပဒေ ရေးဆွဲပြဋ္ဌာန်းသူများကွန်ယှက် ၏ ၉ ကြိမ်မြောက် တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် နှင့်တွေ့ဆုံခဲ့ကြပါသည်။

ယင်းတွေဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီးမှ သင်တို့တာဝန်ယူ လုပ်ဆောင်နေသော ဥပဒေပြု ကဏ္ဍသည် အသင်းတော်သွန်သင်ချက်များနှင့်ကိုက်ညီစေပြီး ကမ္ဘာတဝှမ်း ဖိနှိပ်ခံနေရသော ခရစ်ယာန်များ၊ အခြားသော လူနည်းစုဘာသာတရားများကို ကာကွယ်ကူညီပေးနိုင်သော ဥပဒေများပြဌာန်းပေးရမည်ဟု ပြောကြားခဲ့ပါသည်။

ဘာသာရေးအစွန်းရောက် အုပ်ချုပ်မှု့စနစ်ကြောင့်ဒုက္ခရောက်နေကြရသော ဘာသာ​ရေးအဖွဲ့အစည်းငယ်လေးများကို ကာကွယ်စောင့်ရှောက်ပေးကြရန်၊ ဘာသာရေးအစွန်းရောက် အုပ်ချုပ်မှုစနစ်ကို ဘာသာရေးအစွန်းရောက် အုပ်ချုပ်မှုစနစ်ဖြင့်ပြန်လည်တိုက်ခိုက်၍မရနိုင်ကြောင်းကိုလည်းသတိပြုရန်၊ သတိပေးခဲ့ပါသည်။
ဆက်လက်ပြီး သင်တို့သည် မတူညီသော နိုင်ငံများ၏ အခြေအနေအလိုက် လိုက်လျောညီထွေသော ဥပဒေများပြဌာန်းကြရသည်ကိုလည်းနားလည်ကြောင်း၊ သင်တို့လုပ်ဆောင်နေကြရသော ကဏ္ဍတွင် ဘုရားသခင်၏ နိုင်ငံတော်နှင့် အများကောင်းကျိုးအတွက် အစေခံနိုင်သော နိုင်ငံရေးသမားများဖြစ်ကြရန်၊ သူရဲ​ကောင်းများမဟုတ် သက်သေခံသူများ ဘဝနှင့် သက်သေပြသူများဖြစ်ကြစေလိုကြောင်း ကမ္ဘာတဝှမ်လုံးတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ဖော်ဆောင် နိုင်သောသူများဖြစ်စေလိုကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ နိုင်ငံတကာ ကက်သလစ် ခရစ်ယာန် တရားဥပဒေ ရေးဆွဲပြဋ္ဌာန်းသူများကွန်ယှက် International Catholic Legislators Network (ICLN) အဖွဲ့ဝင်များကိုပြောကြားခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​​ဖော်ပြပါသည်။

Add new comment

9 + 3 =