ပုပ်ရဟန်းမင်းကြီးဆဌမမြောက် ပေါလ် နှင့် ဆရာတော်ကြီး အောစကာရိုမဲရို အပါအဝင် သူတော်စဉ် စုစုပေါင်း ၆ ပါးကို ရဟန္တာ အဖြစ်သို့တင်မြှောက်ခြင်း

ပုပ်ရဟန်းမင်းကြီးဆဌမမြောက် ပေါလ် နှင့် ဆရာတော်ကြီး အောစကာရိုမဲရို

လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံကို စတင်ခဲ့သူ ပုပ်ရဟန်းမင်းကြီးဆဌမမြောက် ပေါလ် နှင့် ဆရာတော်ကြီး အောစကာရိုမဲရို အပါအဝင် သူတော်စဉ် စုစုပေါင်း ၆ ပါးကို ရဟန္တာ အဖြစ်သို့တင်မြှောက်ခြင်း
အောက်တိုဘာလ ၁၄၊ ၂၀၁၈

၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံကို ၂၀၁၈ အောက်တိုဘာလ ၃ မှ ၂၈ ရက်ထိကျင်းပလျှက်ရှိပါသည်။ ၄င်း ညီလာခံကို "လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပါသည်။ ညီလာခံ တဝက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ယင်းညီလာခံကို ၁၉၆၇ ကစတင်တင်ခဲ့သော ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပေါ်လ် ကို ရဟန္တာ အဖြစ်တင်မြောက်မည်ဖြစ်ကြောင်းကြိုတင်ကြေငြာခဲ့ပါသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက် တနင်္ဂနွေနေ့မှာ ဗာတီကန်ရင်ပြင်တော်ကြီးကနေ တဆင်ကမ္ဘာတ၀ှမ်းကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်က သူတော်စင် (Blessed) ၆ပါးကို ရဟန္တာ (saint)အဖြစ် ကမ္ဘာတ၀ှမ်းလုံးကို ကြေငြာပေးပါတော့မယ်။ အဲဒီလို ရဟန္တာတင်မြှောက်ခံရမယ့် သူတော်စင်များထဲမှာ ကမ္ဘာကြီးမမေ့နိုင်သေးတဲ့ ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလူးနှင့် လာတင်အမေရိကရှိ ဆာလ်ဗာဒေါနိုင်ငံ၏ သူရဲကောင်း ဆရာတော်ကြီး အောစကာရိုမဲရိုတို့ နှစ်ပါး အကြောင်းကို တင်ပြပေးလိုက်ပါသည်။
ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလူးဟာ အသင်းတော်ကြီးရဲ့ ခေတ်သစ်ခြေလှမ်းကြီးဖြစ်တဲ့ ဒုတိယ-ဗာတီကန်ညီလာခံကြီးကို ၁၉၆၃-၁၉၆၅ မှာ ဦးဆောင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။ အသင်းတော်အတွင်း ပြုပြင်ပြောင်းလဲရေးများစွာကို ခေတ်နှင့်အညီ ပြုလုပ်ပေးခဲ့ပြီး ၁၉၆၅ ခုနှစ်မှာ ညီလာခံကြီးကို အောင်မြင်စွာ ပိတ်ပေးခဲ့တဲ့ အရှင်သူမြတ်ကြီးလည်း ဖြစ်ပါတယ်။

အရှင်သူမြတ်ကြီးကို အပြန်အလှန်နှီးနှောဖလှယ်သူ (Dialogue) ပုပ်ရဟန်းမင်းကြီးလို့ သမုသ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အရှင်သူမြတ်ကြီးရဲ့Ecclesiam Suam စာချွန်တော်ထဲမှာ အသင်းတော်ကို ကမ္ဘာကြီးနှင့် အပြန်အလှန်နှီးနှောဖလှယ်မှုရှိတဲ့ အသင်းတော်ကြီး ဖြစ်စေချင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီ့အတွက်လည်း အရှင်သူမြတ်ကြီးက အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ပါတယ်။ ကမ္ဘာကြီးနှင့်နှီးနှောဖလှယ်ပေမယ့် အမှန်တရားနှင့် အသင်းတော်ရဲ့သွန်သင်ချက်တွေကတော့ လူ့အလိုလိုက်ပြီး ပြောင်းလဲလို့မရပါ။ ဒီ့အတွက် အတုအပတွေသုံးပြီး သန္ဓေတားခြင်းကိုတော့ လုံးဝဆန့်ကျင့်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်တွင် Humanae Vitae ဆိုတဲ့ အဓိပ္ပာယ်ရှိလှတဲ့ စာချွန်တော်ကို ရေးသားခဲ့ပါတယ်။ တကယ်တော့ အရှင်သူမြတ်ကြီးခေတ်ကာလဟာ အခက်အခဲမျိုးစုံနဲ့ စိန်ခေါ်မှုတွေ ပြင်းထန်လွန်တဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်မိန့်ဆိုသလိုပဲ - ပုပ်ရဟန်းမင်းကြီးဆဌမမြောက်ပေါလူးဟာဆိုရင် အခက်ခဲမျိုးစုံကြားမှာ တရားတော်ကို ဘယ်လိုသက်သေခံရမယ်ဆိုတာ သိတဲ့ပုဂ္ဂိုလ်ကြီးပါပဲ။ ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)ကတော့ အရှင်သူမြတ်ကြီးကို Superhuman ...စူပါလူသားပဲလို့ ချီးကျူးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က အရှင်သူမြတ်ကြီး မိန့်ခဲ့၊ ဟောခဲ့သမျှ ဒီနေ့ဖြစ်ပျက်နေတာပါတယ်။ ဒါ့ကြောင့် အရှင်သူမြတ်ကြီးကို ပရော်ဖက်ကြီးလို့လဲ ခေါ်ဆို သမုသ်ကြပါသေးတယ်။

ဆာလ်ဗာဒေါနိုင်ငံ၏ သူရဲကောင်း ဆရာတော်ကြီး အောစကာရိုမဲရို

ဆရာတော်ကြီးဟာ ဆာလ်ဗာဒေါနိုင်ငံရဲ့ ပထမဆုံး ရဟန္တာ (saint) ဖြစ်လာမှာပါ။ ဆရာတော်ကြီးအောစကာရိုမဲရိုကို ၁၉၁၇ ခုနှစ်ရဲ့ သြဂုတ်လ ၁၅ ရက်နေ့ ၊ မယ်တော်သခင်မကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းပွဲနေ့မှာ မွေးဖွားခဲ့တာပါ။ ဆရာတော်ကြီးအနေဖြင့် ဆင်းရဲမွဲတေမှု၊ လူ့အဖွဲ့အစည်းရဲ့ မတရားမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေနှင့် ညှင်းပမ်းနှိပ်စက်မှုတွေကို ဆန့်ကျင့်ဟောပြောလေ့ရှိပါတယ်။ အဲဒီအချိန်အခါက ဆာလ်ဗာဒေါနိုင်ငံဟာ နိုင်ငံရေး ရှုပ်ထွေးပြီး ပြည်တွင်းပုန်ကန်မှုတွေနဲ့ ပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ လက်ဝဲ-လက်ယာ တပ်တွေနဲ့ အချင်းချင်း လုပ်ကြံသတ်ဖြတ် ညှင်းဆဲနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။ ထိုအထဲမှာ ဘုန်းကြီးတွေကိုယ်တိုင်လည်း ပါဝင်နေပါတော့တယ်။ အချို့ဘုန်းကြီးတွေဟာ Maxist အတွေးအခေါ်တွေကို ထောက်ခံပြီး ကွန်မြူနစ်ဆန်လာခဲ့ကြပါတယ်။ နိုင်ငံ့အခြေအနေက တဖြည်းဖြည်းနဲ့ ဆိုးရွာလာတဲ့အချိန်ပါပဲ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း ပိုပိုဆိုးလာပြီး နောက်ဆုံး တော်လှန်ရေးအစိုးရတက်လာတဲ့အခါ လုံးဝဆိုးရွားလာခဲ့ပါတယ်။ အမေရိကန်အစိုးရကိုလည်း လက်နက်ထောက်ပံ့ပေးခဲ့လို့ ဆရာတော်ကြီးက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ လူမှု့အကျိုးပြုလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် လုပ်လာတဲ့အတွက် ကမ္ဘာကသိလာခဲ့ပါတော့တယ်။ တချိန်တည်းမှာပဲ ဆင်းရဲသားတွေအတွက် ရပ်တည်ပေးတဲ့ အသင်းတော်ကိုလည်း အစိုးရက ညှင်းပမ်းနှိပ်စက်ပါတော့တယ်။ ဒါပေမယ့် ဆရာတော်ကြီးကတော့ မကြောက်မရွံ့ သတ္တိရှိရှိနဲ့ အမှန်တရားအတွက်၊ တရားမျှတမှုအတွက်၊ နိုင်ငံတော် ပြေငြိမ်းရေးအတွက် ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။

ဆရာတော်ကြီးက "ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင့်သည့်အမိန့်မျိုးကို မည်သည့်စစ်သားမျှ နာခံရန် တာဝန်ဝတ္တရားမရှိ။" ဟုပြောဆိုခဲ့ပါတယ်။

ဆရာတော်ကြီး ရိုမဲရိုဟာ မစ္ဆားတရားဟောနေစဉ်မှာပဲ လက်ယာဘက် အစွန်းရောက်တို့ရဲ့ လက်နက်ကိုင်တစ်စု ၀င်ရောက်လာကာ ဆရာတော်ကြီးရဲ့ နှလုံးသားတည့်တည့်ကို ပစ်သပ်ခဲ့ပါတယ်။ ထိုမစ္ဆားအတွင်း သူ၏သြ၀ါဒမှာ "တစ်ဦးတစ်ယောက်ဟာ သမိုင်းက တောင်းဆိုလာတဲ့အခါ မိမိအသက်အန္တရယ်တွေကို ရှောင်ဖို့အတွက် မိမိကိုယ်ကို မိမိမချစ်ရဘူး။ အဲဒီအန္တရာယ်ကို ရှောင်တဲ့သူဟာ အသက်ဆုံးရှုံးရလိမ့်မယ်။"

ဒီလိုပဲ သမိုင်းက မိမိအသက်ကို စွန့်စားဖို့အထိ တောင်းဆိုလာတဲ့အခါ အမှန်တရားနှင့် တရားမျှတမှုအတွက်၊ အစွန်းရောက်တွေကို ဟောပြောသက်သေခံရင်း ဆရာတော်ကြီးလည်း နှလုံးသားတည့်တည့် ကျည်မှန်လို့ ရဲရဲဝံ့ဝံ့အသက်ပေးခဲ့ပါတယ်။ ဆာလ်ဗာဒေါနိုင်ငံရဲ့ သူရဲ့ကောင်းကြီး ဓမ္မအာဇာနည်ကြီးဖြစ်ပါသည်။

Credit to Dominican Koyin
Photo credit to Crux Now, Our Sunday Visitor.
#saints, #synod, #youth, #pope, #peterkm,

Add new comment

9 + 5 =