ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏ချစ်ခြင်းသည်လောကကိုအစေခံရန်ဖြကြောင်းပုပ်ရဟန်းမင်းကြီးမိန့်ကြား

ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏ချစ်ခြင်းသည်လောကကိုအစေခံရန်ဖြကြောင်းပုပ်ရဟန်းမင်းကြီးမိန့်ကြား

ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏ချစ်ခြင်းသည်လောကကိုအစေခံရန်ဖြကြောင်းပုပ်ရဟန်းမင်းကြီးမိန့်ကြား

နီကောဒေမူစ့်နှင့်စကားခဏတာပြောဆိုလိုက်စဉ်တွင်ယေဇူးသခင်က သူသည်ခမည်းတော်ဘု ရား၏ အစီအမံတော်ဖြစ်သည့်ကမ္ဘာ ကြီး၏ ကယ်တင်ခြင်းကိုယူဆောင်ပေးမည့်သူဖြစ်ကြောင်းဖော်ပြခဲ့ သည်။

ခမည်းတော်ဘုရားသခင်သည်သူ၏တစ်ပါးတည်းသောသားတော်ကိုစေလွှတ်သည်။

‘သားတော်ကိုယုံကြည်သောသူဟူသမျှကို ပျက်စီးခြင်းသို့မရောက်စေဘဲ ထာ၀ရအသက်ကိုရစေ ခြင်းဌာ ဘုရားသခင်သည် မိမိ၏တစ် ပါးတည်းသောသားတော်ကိုစွန့်သည့်တိုင်အောင် ကမ္ဘာလောက သားတို့ကိုချစ်တော်မူ၏’ ဟူသောကျမ်းစကားကိုပြည့်စုံစေသည်။ ဤစကားစု သည်ပုဂ္ဂိုလ်သုံးပါး၏အမှု တော်ကိုညွှန်းဆိုနေခြင်းဖြစ်သည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော၀ညာဉ်တော်တို့၏တစ်ခု တည်းသောအကြံ အစည်တော်မှာလူသားများနှင့်ကမ္ဘာကြီးကိုကယ်တင်မည့်ချစ်ခြင်းပင်ဖြစ်သည်။ ကမ္ဘာကြီးသည်မကောင်းမှု၊ ကိုယ်ကျင့်တရားပျက်ပြားမူများဖြင့် တံဆိပ်ခတ်နှိပ်ထားသည်။ ကျွန်ုပ်တို့အ မျိုးသား၊ အမျိုးသမီးများသည်အပြစ်ရှိသူများဖြစ်ကြသည်။

ဘုရားသခင်သည်ကျွန်ုပ်တို့၏ အမှားများကိုမငဲ့ဘဲချစ်တော်မူသည်။

လောကကြီးကိုစီရင်ရာတွင်မကောင်းမူကိုဖျက်ဆီးပြီး၊ အပြစ်ရှိသူများကိုအပြစ်ပေးရန်ဘုရားသ ခင်စီရင်နိုင်သည်။ သို့သော်ဘုရားသခင် သည်လူသားတို့၏အပြစ်ကိုမငဲ့ဘဲလောကကိုချစ်သည်။ ကျွန်ုပ်တို့အမှားများပြုလုပ်မိ၊ ဘုရားသခင်နှင့်ဝေးအောင်ဖန်တီးသော်လည်း ဘုရား သခင်သည်ကျွန်ုပ်တို့ တစ်ဦးစီကိုချစ်သည်။ ဘုရားသခင်သည်လောကသားကိုအလွန်ချစ်ရခြင်းမျာလောကကိုကယ်တင်လို သောကြောင့်ဖြစ် သည်။ ထို့ကြောင့်သူ၏တစ်ပါးတည်းသောသားတော်ကိုပေးသနားတော်မူသည်။

သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါး

ထို့ကြောင့်ပုဂ္ဂိုလ်သုံးပါးလုံးသည်ချစ်ခြင်းမေတ္တာဖြစ်၏။ လောကကြီးအားကယ်တင်ပြီး၊ အသစ် တဖန်ပြန်လည်ဖန်ဆင်းလို၍အစေ ခံ ရန်ဖြစ်၏။ ဤယနေ့ကျင်းပသောပွဲနေ့သည် ကျွန်ုပ်တို့အားဘုရား သခင်၏အလှည့်ပြန်လည်ယစ်မူးခံစားရန်ဖိတ်ခေါ်နေခြင်းဖြစ်သည်။ ယေဇူး ခရစွတူးအားဖြင့်ပေးလာ သောဘုရားသခင်၏ချစ်ခြင်းကိုလည်းခံယူစေရန်ဖြစ်သည်။ ‘ဘုရားသခင်နှင့်ကျွန်ုပ်တို့ကို ဆုံတွေ့စေ ပြီး၊ သူ့အားယုံ ကြည်စေခြင်းသည်’ ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်သည်ကျန်ုပ်တို့ကိုဦးစွာရှာဖွေ ပြီး၊ ကျွန်ုပ်တို့ကိုဦးစွာတွေ့ရှိခဲ့သည်။ သို့ဖြင့်ဘုရား သခင် ကိုချစ်ရန်၊ ဘုရားသခင်ကိုဆုံဆည်းရန်၊ ဘုရား သခင်ကိုရှာဖွေရန်မှာခရစ်ယာန်အသက်တာဖြစ်သည်။

ဘာသာပြန်ဆိုသူ-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2Yz2EBl

Add new comment

17 + 0 =