ပါပူအာနယူးဂီနီ ဆရာတော်များ Manus ကျွန်းတွင်ရှိသော ဒုက္ခသည်များအတွက် စိုးရိမ်

ပါပူအာနယူးဂီနီ ဆရာတော်များ

ပါပူအာနယူးဂီနီ ဆရာတော်များ Manus ကျွန်းတွင်ရှိသော ဒုက္ခသည်များအတွက် စိုးရိမ်
ဇန်နဝါရီ ၄၊ ၂၀၁၉

သြစတေးလျှ နိုင်ငံသို့ တရားမဝင် ရောက်ရှိနေ​သော ဒုက္ခသည် ၅၀၀ သည် သြစတေးလျှ နိုင်ငံအနီး ပါပူအာနယူးဂီနီ တောင်ပိုင်း Manus ကျွန်းတွင် ဥပဒေဖြင့် ထိန်​းသိမ်းထားခံနေရပါသည်။ သူတို့ အများစုသည် ယင်းကျွန်းတွင် ခြောက်ကြိမ်မြောက် ခရစ္စမတ် ကျင်းပခဲ့ကြပါသည်။

ယင်း ဒုက္ခသည်များထဲတွင် Port Moresby သို ဆေးကုသရန် သွားကြသူများပါဝင်ပြီး Port Moresby တွင် အာရှပစိဖိတ် ထိပ်သီး စီးပွားရေး အစည်းအဝေး မတိုင်ခင် ထိန်​းသိမ်းခံရပြီး Manus ကျွန်းသို့ ပို့ခံရသူများလည်း ပါဝင်ကြောင်း လူထုဆက်သွယ်ရေးတာဝန်ခံ ဆရာတော်မှ ပြောကြားခဲ့ပါသည်။
ဒုက္ခသည်များထဲတွင် စိတ်ကျရောဂါခံစားရပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မူများရှိ​ကြောင်းလည်း ဖော်ပြထားပါသည်။

မည်သည့်လူသားများသည် လူ၏ဂုဏ်သိက္ခာနှင့်ထိုက်တန်သော ပြုမူဆက်ဆံမူမျိုးသာရသင့်ကြောင်း၊ ယခုကဲ့သို့ဒုက္ခသည်များကို ပြုမူခြင်းသည် လူအခွင့်အရေးကို အလွဲသုံးစားလုပ်ခြင်းနှင့် မသိကျိုးကျွန်ပြုခြင်းဖြစ်ကြောင်း ဆလေးရှင်းအသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး Pereira မှပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2019-01/bishops-manus-island-r...

#refugees, #vaticannews, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

 

Add new comment

8 + 8 =