ပါပါး ဖရန်စစ် ၏ ဗုဒ္ဓဟူနေ့ တရားပေးအစီအစဉ် ၊ မတ်လ ၂၅ ၊ ၂၀၂၀

ပါပါး ဖရန်စစ် ၏ ဗုဒ္ဓဟူနေ့ တရားပေးအစီအစဉ် ၊ မတ်လ ၂၅ ၊ ၂၀၂၀

ပါပါး ဖရန်စစ် ၏ ဗုဒ္ဓဟူနေ့ တရားပေးအစီအစဉ် ၊ မတ်လ ၂၅ ၊ ၂၀၂၀
၂၅ နှစ်မြောက် အသက်၏ သတင်းကောင်းတော် စာချွန်တော် ထုတ်ပြန်ခြင်း နှစ်ပတ်လည် နှင့် မယ်တော်သခင်မ ၏ အမိန့်တော်ပြန်ခြင်း ပွဲတော်နေ့ရက်တွင် ပါပါး အရှင်သူမြတ်၏ တရားတော်မြတ် သွန်သင်ချက်မှာ သာသမီးအပေါင်း တို့ လွန်ခဲ့သည့် ၂၅ နှစ်က ဤယနေ့တွင် ရဟန္တာ အရှင် ယောဟန်ပေါလူး ၂ သည် Evangelium Vitae
အသက်၏သတင်းကောင်း စာချွန်တော်မြတ်ဖြစ်သော တန်ဖိုးထိုက်သည့် မပြစ်မှားသင့်သော လူသားတို့၏ အသက်ကို ရေးသားထုတ်ပြန်ခဲ့သည်။

သခင်ခရစ်တော်။ သတင်းကောင်း သည် မျက်မှောက်ခေတ်တွင် လူသားတို့တွေ့ကြုံနေရသည့် စိန်ခေါ်မှု စိုးရိမ်မှုအတွက် ဖြစ်ပေသည်။

အမိမယ်တော်သည် ဆိတ်ငြိမ်စွာ သိကြားတမန်တော် ၏ အမိန့်တော် မြတ်ကို လက်ခံကာ ဧလိဇဘက်ထံ သွားရောက် ကူညီသကဲ့သို့ ဖျားနာသူများ သက်ကြီးရွယ်အိုများ ချို့တဲ့ သူများနှင့် အထီးကျန်နေသူများအတွက် တိတ်ဆိတ်စွာဖြင့် သက်သေခံ ပေးဆပ်ခဲ့ကြသူများ၊ နုတ်တော်ထွက် စကားကို လက်တွေ့နေထိုင်သုများ ကို ကျေးဇူးတင်စွာဖြင့် ပြန်လည်တင်ပြလိုပါသည်။

ဖျက်ချခံရသည့် သန္ဓေသား၊ နာတာရှည် ဝေဒနာ၊ စွန့်လွှတ်ပစ်ပယ်ခံရသူ၊ စသည့် အသက်တိုင်းကို ကာကွယ်ရန် ဖြစ်သည်။ အသင်းတော်သည် လူသားတိုင်း၏ အသက်ကို မိမိ၏ ရင်တွင်းတွင်၊ နက်ရှိုင်းစွာ တန်ဖိုးထား မြတ်နိုးသည်။
ယနေ့တွင် အသက်ကိုတန်ဖိုးထားကာကွယ်ကြရန် မြတ်နိုးကယ်တင်ကြရန် ထပ်မံနှိုးဆော်လိုပါသည်။ သို့မှသာ တရားမျှတခြင်း လွတ်လပ်ခြင်း ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်း နှင့် တိုးတက်ကြီးပွားခြင်း တို့ကို ရရှိနိုင်မည် ဖြစ်သည်။
အရှင်သူမြတ်သည်၊ အင်္ဂလိပ်စကားပြော တိုင်းပြည်မှ သားသမီးများ အားပါစကား ပွဲတော်ကြီးအတွက် ပြင်ဆင်နေသည့် ဝါတွင်းကာလ တွင် မီဒီယာ အားဖြင့် ဆက်သွယ်ကြရန် နုတ်ဆက်ဖိတ်ခေါ်ပြီး မိန့်တော်မူသည်မှာ သင်တို့နှင့် သင်တို့၏ မိသားစု များ အပေါ် သခင်ခရစ်တော် ထံမှ ဆင်းသက်သော ငြိမ်းချမ်းခြင်း ခွန်အားများ သက်ရောက်ပါစေ။
ဘုရားရှင်သည် သင်တို့အားကောင်းကြီးပေးပါစေ။

ဘာသာပြန်
စစ္စတာရ် မာရီထရက်စ် ဖေလိန်းယ၊ SJA

 

https://bit.ly/3dFFe3U

Add new comment

7 + 0 =