ပါစကားပွဲနေ့၌ကမ္ဘာကြီးသို့မြွတ်ကြားသောရဟန်းမင်း ကြီး၏ ဩဝါဒ

ပါစကားပွဲနေ့၌ကမ္ဘာကြီးသို့မြွတ်ကြားသောရဟန်းမင်းကြီး၏ ဩဝါဒ

ပါစကားပွဲနေ့၌ကမ္ဘာကြီးသို့မြွတ်ကြားသောရဟန်းမင်းကြီး၏ ဩဝါဒ

နှစ်စဉ်ပါစကားတနင်္ဂနွေနေ့၌ ပါစကားသိုးငယ်တော်၏အောင်မြင်ခြင်းအလံတော်လွှင့်ထူထား လေ့ရှိ သော်လည်းယခုနှစ်၌မရှိ။ နှစ်စဉ် ဘင်ခရာတီးဝိုင်းများဖြင့်ခမ်းနားစွာဆိုသည့် ဗာတီကန် နိုင်ငံ ၏သီချင်း ကိုသီဆိုခြင်းလည်းမရှိ။ စိန့်ပီတာရင်ပြင်သည်ပန်းများဖြင့်တန်ဆာဆင်ထားခြင်းလည်းမရှိ။ ဗာတီကန် နီးကပ်လျှက်လမ်းမကြီးများလည်းကူးလူးသွားလာသူများ၏မဲ့နေပြီး၊ တိတ်ဆိတ်ခြောက်ကပ်နေသည်။ စိန့်ပီတာဘုရားကျောင်းကြီးအတွင်း၌မူ ပါစကားပွဲနေ့ကြီး၌ကမ္ဘာကြီးသို့မိန့်ခွန်းချွေရန်ရဟန်း မင်းကြီးနှင့် အတူသူ ၏လုပ်ဖော်ဆောင်ဖက်ကာဒီနယ်များ၊ ဆရာတော်များ၊ ဘုန်းတော်ကြီးအနည်းငယ် မျှသာ ရှိ သည်။

ကွဲပြားသောကူးစက်မူ

ရဟန်းမင်းကြီး၏မိန့်ခွန်းကိုကမ္ဘာတစ်ဝှမ်းမှပြည်သူသန်းပေါင်းများစွာကစောင့်ကြည့်နေကြသည်။ ရဟန်း မင်းကြီးသည် ခရစ္ဆတူးသခင်သည်ရှင်ပြန်တော်မူပြီ ဟုပါစကားကြွေးကြော်သံကိုကြေညာ လိုက် သည်။ ဤ ကြွေးကြော်သံကို အသွင်မတူသောကူးစက်ခြင်း ဟုသုံးနှုန်းထားသည်။ ဤကြွေးကြော် သံသည် လည်း တစ်ဦး၏နှလုံးသားဘ၀င်မှအခြားတစ်ဦး၏နှလုံးသားဆီသို့ကူးစက်သွားသည်။

ဤသတင်းကောင်းသည်မီးပွားအသစ်နှင့်တူပြီး၊ စိန်ခေါ်မူများစွာကိုကြုံတွေ့ရသောကမ္ဘာကြီး၏ မဟူရာ ညကို အောင်မြင်ပြီးမှပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့အတွက် ကျွန်ုပ်တို့ကမ္ဘာကြီးမိသားစုသည် လည်း ကူးစက်နှုန်းမြန်ပြီးသောရောဂါ၏နှိပ်ကွပ်ခြင်းကိုခေါင်းမဖော်နိုင်အောင်ခံနေရသည်။

ယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်းသည် မျက်လှည့်အစွမ်းကဲ့သို့အခက်အခဲကိုပျောက်စေဟုအ မိန့်ပေး ၍ လုပ်ရသောအမှုမဟုတ်။ အမြစ်တွယ်နေသောမကောင်းမှုဇစ်မြစ်ကိုအကောင်းဖြင့်အနိုင်ယူ ခြင်း ဖြစ် သည်။ ဤအောင်မြင်မှုသည်တိုက်ဆိုင်မူမဟုတ်။ သို့သော်ဒုက္ခခံခြင်း၊ သေခြင်းတည်းဟူသော အဆင့် များကို ဖြတ်သန်းခဲ့ရသည်။ အသူရာချောက်ကြီးကိုကောင်းကင်သို့ပို့သောလမ်းအဖြစ်ဖောက် လျှောက် ခဲ့ သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများအတွက်နှစ်သိမ့်ခြင်း

ယခုနှစ်၏ပါစကားပွဲတော်သည်ကူးစက်ရောဂါဆိုးကြီးကြောင့် အထီးကျန်စွာကျင်းပရသောပွဲ၊ ၀မ်းနည်း ခြင်း နှင့်အခက်အခဲကြား၌ကျင်းပခဲ့ရသောပွဲဖြစ်ခဲ့သည်။ ဤရောဂါသည်ကာယ ဝေဒနာ မှစီးပွားရေး အ ကြပ် အတည်းသို့ကူးပြောင်းလာစေသည်။ ရောဂါကပ်ဆိုးကြီးသည်လူသားအချင်းချင်းနီးစပ်မှု ကိုဆုံးရှုံး စေ ခြင်း သာ မဟုတ်ဘဲ၊ သန့်ရှင်းမြင့်မြတ်သောစက္ကရာမင်းတူမှစီးထွက်လာသောအချင်းချင်း အားပေး နှစ်သိမ့်ခြင်း ကောင်းကြီးကိုလည်းမခံယူနိုင်အောင်အဟန့်အတားဖြစ်စေသည်။ အထူးသဖြင့် ဝိ ညာဉ် ၏ အင်အားဖြစ်သောကိုယ်တော်မြတ်နှင့်အပြစ်ဖြေလျှောက်သည့်စက္ကရာမင်းတူများကိုမခံယူနိုင်ဖြစ်ရသည်။ အချင်းချင်းထံမှအားပေးနှစ်သိမ့်မှုမရနိုင်သော်လည်း ဘုရားသခင်သည်ကျွန်ုပ်တို့အား စွန့်ပစ်မထားပါ။ ကျွန်ုပ် တို့၏ဆုတောင်းမေတ္တာ၌ပေါင်းစည်းလျှက်ရှိသည်။ သူ၏ တန်ခိုးကြီးသော လက်တော်ကို ကျွန်ုပ် တို့ အပေါ်သို့အုပ်မိုးထားလျှက်ရှိသည်ဟုယုံကြည်ကြပါသည်။

အခြေခံလိုအပ်ချက်များကိုကူညီလှူဒါန်းပေးနေသောသူများအားအထူးကျေးဇူးတင်ပါသည်

ရဟန်းမင်းကြီးသည်ကမ္ဘာတစ်ဝှမ်းမှ စိတ်ကောင်းနှလုံးကောင်းဖြင့် လူသားထု၏ဝေဒနာများ၊ အခက်အခဲ များကိုပေါ့ပါးလျှော့နည်းသွားအောင်ကူညီလှူဒါန်းပေးကြသောသူများ၊ သူ၏ချစ် ခြင်းကိုဆရာ၀န်များ၊ သူနာပြုများနှင့် ဤကပ်ရောဂါဆိုးကြီး၏အရေးပေါ်ကာလ၌လိုအပ်သောအကူအ ညီများကို ကူညီ လှူ ဒါန်း ပေးသော၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကာကွယ်ရေးအဖွဲ့အစည်းများ၊ ထိ ရောက် သောဥပ ဒေများ ရေးဆွဲပြဌာန်း၍ဆင့်ပွားကူးစက်ခြင်းကိုဟန့်တားပေးသည့်အဖွဲ့အစည်းများအားလုံးတို့ကိုကျေးဇူးတင်ကြောင်းထုတ်ဖော်မိန့် ကြားခဲ့သည်။  

အများကောင်းကျိုးအတွက်ကြိုးစားလုပ်ဆောင်ရန်အားပေးတိုက်တွန်းခဲ့သည်

လက်ရှိအခြေအနေသည် အဘယ်သို့ဖြစ်လာမည်မသိသောအနာဂါတ်အတွက်ပူပင်စရာလည်း ဖြစ်ရ သည်။ အလုပ်အတွက်လည်းစိန်ခေါ်မှုမြင့်တက်လာနေပါသည်။ ထို့ကြောင့်နိုင်ငံ့ခေါင်းဆောင်များ အနေ ဖြင့် အများကောင်းကျိုးအတွက်တတတ်တအားလုပ်ဆောင်ကြရန်၊ မိမိတို့နိုင်ငံသားများအားပိုလျှံ စွာမ ဟုတ်သော်လည်း ဂုဏ်သိကာရှိရှိမှီဝဲစားသောက်နိုင်မည့်အခြေအနေမျိုးကိုဖန်တီးပေးကြရန်၊ အခြေအ နေပေး လာသည်နှင့်လည်း၄င်းတို့၏အလုပ်များ၊ နေ့စဉ် ၀င်ငွေရှိမည့် အလုပ်များကို ပြန်လည် စတင်နိုင် ရန်စီမံပေးကြရန်အားပေးတိုက်တွန်းထားသည်။

လက်ရှိအခြေအနေကိုစိတ်၀င်စားမှုမရှိသကဲ့သို့မနေသင့်။

လက်ရှိအခြေအနေသည်အရေးကြီး၍သွေးစည်းရမည်အချိန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ တစ်ဝှမ်း လုံးသည်အတိဒုက္ခရောက်နေသည်။ ထို့ကြောင့်အတူတကွဤကပ်ဆိုးကြီးကိုတိုက် ထုတ်ဟန့် တားရန်လိုလာသည်။ ချို့တဲ့သူ၊ သွားရေးလာရေးခက်ခဲသောဆင်ခြေဖုံးဒေသ၌နေထိုင် ကြသူ များ၊ ဒုက္ခ သည်များ၊ အိုးမဲ့အိမ်မဲ့များအား ရှင်ပြန် ထမြောက်သောယေဇူးသခင်သည် မျှော်လင့်ချက် ရောင်ခြည်ကို ဆောင်ယူလာ ပေးပါစေ။ ထို့အတူအပြည်ပြည်ဆိုင်ရာစီးပွားရေးပိတ်ဆို့မူများခံထားရ သောနိုင်ငံများ အားလည်း လက်ရှိအခြေအနေ၌လျော့ချသက်ညှာရန်၊ ကြွေးမြီများကိုလည်းစဉ်းစားပေး ရန်၊ အဘယ် ကြောင့် ဆိုသော်ခက်ခဲစွာရုန်းကန်နေရချိန်၊ ထိုပိတ်ဆို့မူများနှင့်ကြွေးမြီများသည်၀န်ပိုဖြစ် သွားပေမည်။

လက်ရှိအချိန်သည်ကိုယ်ကျိုးကိုသာတွက်ရမည့်အချိန်မဟုတ်

လက်ရှိအခြေအနေသည်ကိုယ်ကျိုးကိုသာတွက်ရမည့်အချိန်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဤကပ် ဆိုးကြီး၏ ခြိမ်းခြောက်မူသည်နိုင်ငံအသီးသီးကကြုံနေရသည်။ အထူးသဖြင့်ဥရောပအနေဖြင့်အ ချင်းချင်း ပြိုင်ဆိုင်ရာမှဒုတိယကမ္ဘာစစ်မီးတောက်ခဲ့ရသည့်အတိတ်ကစိတ်သဘောထားကိုလွှတ်မြောက်နိုင်ပါစေ။ လက် တွေ့ ကျလွန်းသောဝေမျှခံထမ်းမူများအတွက်ကျေးဇူးအထူးတင်ပါသည်။ ပြိုင်ဆိုင်လို စိတ်များပြန် လည်အား ကောင်းမလာရန်လိုပါသည်။ ကျွန်ုပ်တို့အား လုံးသည်မိသားစု တစ်စုတည်း၏ အစိပ်အပိုင်း များဖြစ်သည်ဟုခံယူရမည်။ ထို့ကြောင့်အချင်းချင်းထောက်ပံ့ကူညီရမည်။ ကိုယ်ကျိုးကိုသာ တွက် ဆ လွန်းခြင်းသည်ငြိမ်းချမ်းရေးကိုဖျက်ဆီးသည်။ ထို့အတူအနာဂါမျိုးဆက်သစ်များ၏ဖွံ့ဖြိုးမူကို လည်း ပျက်စီး စေသည်။

ခွာကွဲရမည့်အချိန်မဟုတ်။ 

လက်ရှိအခြေအနေသည်ခွာကွဲရမည့်အချိန်မဟုတ်။ ကမ္ဘာအရပ်ရပ်၌ဖြစ်ပွားနေသောစစ်ပွဲများ ချက်ချင်း ရပ်တန့် ပေးရန်မေတ္တာရပ်ခံလိုက်သည်။ စစ်လက်နက်များရောင်း၀ယ်ဖောက်ကား၍အမြတ် ကြီးစားစီး ပွားရှာနေ သည် ကိုလည်းပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ ဆီးရီးယား၊ ရေမင်၊ အီရတ်၊ လေ ဘာနွန်နိုင်ငံ များ၌ဖြစ် ပွားနေသောပဋိပက္ခများကိုလည်းအဖြေရှာဖြေရှင်းရန်၊ အီစွရေးနှင့် ပါလက် စတိုင်းတို့ လည်း တွေ့ ဆုံဆွေးနွေးမူကိုပြန်လည်စတင်မည်ဟုမျှော်လင့်ကြောင်း၊ အရှေ့ယူကရိန်း၏အ ခြေအနေ သည် လည်းအချိန်မှီဖြေရှင်းနိုင်လိမ့်မည်ဟုမျှော်လင့််ကြောင်း၊ အာဖရိကနိုင်ငံများစွာ၌အကြမ်း ဖက်လုပ်ရပ် များ ဖြင့် အပြစ်မဲ့သူများ၏အသက်ပေါင်းများစွာသေကြေနေကြရသည့်လုပ်ရပ်များသည် လည်းအ ဆုံးသတ် သင့်ပြီ ဖြစ်ကြောင်းတိုက်တွန်းခဲ့သည်။ 

မေ့မေ့ပျောက်ပျောက်ရှိရမည့်အချိန်မဟုတ်။

ယခုအချိန်သည်မေ့မေ့ပျောက် ပျောက်ရှိရမည့်အချိန်မဟုတ်။ အာရှနှင့်အဖရိကတိုက်၌ဖြစ်ပွား သော လူ သား ချင်း ဆိုင်ရာပဋိပက္ခများကိုညွှန်းဆို၍တိုက်တွန်းခဲ့သည်။ ဒုက္ခသည်များ၊ ပြောင်းရွေ့များ အတွက် ဆု တောင်း ပေးပါကြောင်း၊ အဘယ်ကြောင့်ဆိုသော်၄င်းတို့သည်မခံမရပ်နိုင်သောဘ၀အခြေ အနေ၌ရှင် သန် နေ ရကြောင်း၊ အထူးသဖြင့်ဂရိနှင့်တူရကီတို့၏နယ်ခြား၌နေနေရသောလစ်ဗျားတို့၏အ ခြေအနေ အ တွက် အထူးဆုတောင်းပေးသည်။ နိုင်ငံရေး၊ လူမူစီးပွားရေး၊ ချွတ်ချုံကျ နေသောလူ ထုကျန်းမာ ပြီးသာ သနာနှင့် ရင်ဆိုင်နေသော ဗင်နီဇွဲလားနိုင်ငံသည်လည်းနိုင်ငံတကာအဖွဲ့ အစည်းများ၏၀င် ရောက်ကိုင် တွယ်ဖြေရှင်း ပေးမှုဖြင့်အ မြန်ဆုံးဖြေရှင်းနိုင်ရန်လည်းဆုတောင်းပေးသည်။

ယေဇူးသခင်၏တပည့်တော်များသည်အမှောင်ထု၏ဝေဒနာသည်များ

လက်ရှိအခြေအနေ၌မပူမအေးဖြစ်ခြင်း၊ ကိုယ်ကျိုးကိုတွက်ဆလွန်းခြင်း၊ ခွာကွဲခြင်း၊ မေ့မေ့ပျောက် ပျောက်နေခြင်းစသောအသုံးအနှုန်းများကိုကျွန်ုပ်တို့မကြားချင်ဆုံးစကားလုံးများဖြစ်သည်။ ဤ စကား လုံးများသည်ကြောက်စိတ်နှင့်သေခြင်းတရားကျွန်ုပ်တို့အားလွမ်းမိုးသည့်အချိန်မျိုး၌အနိုင်ရလိုက် သကဲ့ သို့ ဖြစ်သွားသည်။ ၄င်းကိုထာ၀ရပိတ်ပင်ပစ်လိုက်ချင်သည်။

ရဟန်းမင်းကြီးသည်ပါစကားပွဲနေ့၌တစ်ကမ္ဘာလုံးအားမြွတ်ကြားသောသူ၏မိန့်ခွန်းကိုဆုတောင်းမေတာတစ်ပုဒ် ဖြင့်အဆုံးသတ်သွားခဲ့သည်။ ထိုဆုတောင်းကား သေခြင်းကိုအနိုင်ပိုင်းခဲ့သော ခရစ္ဆတူးသည် ထာ ၀ရကယ်တင်ခြင်းလမ်းတော်ကိုကျွန်ုပ်တို့အတွက်ဖွင့်ပေးပါစေ။ အမှောင်ထုအတွင်းမှ ကျွန်ုပ်တို့၏ ဝေဒ နာများကို ဖယ်ရှင်းပစ်ပါစေ။ ကျွန်ုပ်တို့ကိုဘုန်းတော်ထွန်းလင်းသောနေ့ဆီသို့ဦး ဆောင်သွားပါစေ။ ထိုနေ့ကားအဆုံးမသတ်သောနေ့ဖြစ်ပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3emAEHW

 

Add new comment

1 + 9 =