ပထမဆုံး ကမ္ဘာ့အဘိုးအဘွားနှင့်သက်ကြီးရွယ်အိုများနေ့အတွက် ပုပ်ဖရန်စစ်၏ သတင်းစကား

ပထမဆုံး ကမ္ဘာ့အဘိုးအဘွားနှင့်သက်ကြီးရွယ်အိုများနေ့အတွက် ပုပ်ဖရန်စစ်၏ သတင်းစကား

ပထမဆုံး ကမ္ဘာ့အဘိုးအဘွားနှင့်သက်ကြီးရွယ်အိုများနေ့အတွက် ပုပ်ဖရန်စစ်၏ သတင်းစကား

ချစ်လှစွာသော အဘိုးအဘွားများနှင့် သက်ကြီးရွယ်အိုများတို့...၊

"ငါသည် သင်တို့နှင့် အမြဲရှိမည်"(ရှင်မာတေဦး ၂၈:၂၀)ဤစကားသည် သခင်ယေဇူးကောင်းကင်ဘုံငို့မတက်ကြွခင် တပည့်တော်ကြီးများအား အားဖြည့်မှာကြားခဲ့သောစကားဖြစ်ပါသည်။ချစ်လှစွာသော အဘိုးအဘွားတို့၊ရောမမြို့၏ဆရာတော်လည်းဖြစ်သော၊သင်တို့ကဲ့သို့ သက်ကြီးရွယ်အိုလည်းဖြစ်သော ကျွန်ုပ်သည် သင်တို့အား အဆိုပါ ကျမ်းချက်ဖြင့် အားပေးလိုပါသည်။အသင်းတော်ကြီးသည် သင်တို့နှင့်ကျွန်ုပ်ကို ပစ်မထားပဲ ချစ်မြဲချစ်နေကြောင်းလဲ သိစေလိုပါသည်။

ယခု ကပ်ဘေးကာလသည် အားလုံးအတွက်ခက်ခဲပင်ပန်းလွန်းသောအချိန်များဖြစ်ပြီး အထူးသဖြင့် ကျွန်ုပ်တို့သက်ကြီးရွယ်အိုများအတွက် ဆိုးဝါးလွန်းခဲ့သည်။အချို့သော သက်ကြီးရွယ်အိုများ ဖျားနာကြပြီး အချို့သေဆုံးကြတာ အချို့မှာ ချစ်ခင်သူများ၊ဘဝလက်တွဲဖော်နှင့် သေကွဲကွဲကြရသည်။ထို့ကြောင့် ယခုအခြေအနေတွင် အဘိုးနှင့်အဘွားအများစုသည် အထီးကျန်ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းကို ခံစားနေကြရပေသည်။ သို့ရာတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အားစွန့်ပစ်မထားကြောင်း သတိပြုစေလိုပါသည်။ စိန့်ဂျွာကင်းသည် သားသမီးမထွန်းကားသည့်အတွက် စိတ်အားငယ်နေခဲ့ရသည်။ သို့သော်လည်း သူ၏ဇနီး စိန့်အာနားနှင့်အတူ အိုမင်းသည့်အချိန်ကို ဖြတ်ကျော်ခဲ့ရသည်။သို့သော်လည်း တစ်နေ့တွင် မြို့ရိုးအပြင်ဖက်၌ ကောင်းကင်တမန်ထင်ရှားပြပြီး "သင်၏တောင်းလျှောက်သံကို ဘုရားသခင်နားညောင်းပြီ"ဟုဆိုကာ သမီးရတနာကိုပေးသနားခဲ့သည်။အိပ်မပျော်သောညများ၌ အာရုံထဲနေရာယူထားသော အတိတ်၏အမှတ်တရများကြောင့် ကျွန်ုပ်တို့ ငိုကြွေးရပေသည်။

သို့သော်လည်း အခက်ခက်ဆုံးအချိန်များ၌ ဘုရားသည် ကောင်းကင်တမန်တို့အား ကျွန်ုပ်တို့ထံသို့ စေလွှတ်ကာနှစ်သိမ့်မြဲဖြစ်သည်။တစ်ခါတစ်ရံတွင် ကောင်းကင်တမန်များသည် ကျွန်ုပ်တို့၏မြေးများ၊မိသားစုဝင်များအနေဖြင့်သော်လည်းကောင်း၊မိတ်ဆွေများ သူငယ်ချင်းများအနေဖြင့် လာတတ်ပေသည်။သူတို့ထံမှလာသော အားပေးစကား၊ဆုတောင်းမေတ္တာနှင့်အလည်အပတ်များသည် ကျွန်ုပ်တို့အားနှစ်သိမ့်စေသည်။သို့သော်လည်း အချို့နေရာများ၌ ထိုအခွင့်အရေးမရနိုင်သေးသည့်အတွက် ကျွန်ုပ် ဝမ်းနည်းရပါသည်။

မည်သည့်အခြေအနေဖြစ်ပါစေ ဘုရားသခင်သည် ကျွန်ုပ်တို့ထံငို့ စကားပြောနေပါသည်။တစ်နေ့လျှင် သမ္မာကျမ်းစာကို အနည်းဆုံးတစ်ခေါက်ဖတ်ပါ။ ဆာလံသီချင်းဖြင့် ချီးမွမ်းပါ။ပရောဖက်များနှင့်အတူ ဆုတောင်းပါ။ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အားပြည့်လာပါလိမ့်မည်။ကျွန်ုပ်သည် အနားယူရမည့်အရွယ်၌ ရောမမြို့၏သာသနာပိုင်ဖြစ်လာခဲ့ပြီး အားလျော့ဆုတ်ယုတ်ချိန်၌ ရွေးကောက်ခံခဲ့ရသည်။ဘုရားသခင်သည် မည်သည့်အခြေအနေ၌မဆို မဖြသ်နိုင်သော အရာများကို လုပ်ဆောင်နေဆဲဖစ်သည်။ဘုရားသခင်သည် အမြဲတည်၏။ ရပ်နားခြင်း၊အနားယူခြင်းအလျဥ်းမရှိပေ။

ရှင်မာတေးဦးဧဝံဂေလိကျမ်း၌ ယေဇူးသခင်သည် တပည့်တော်ကြီးတို့အား "သင်တို့သည် သွား၍ လူမျိုးတကာကို ဧဝံဂေလိသတင်းကောင်းဟောပြော၍ ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဥ်တော်၏နာမ၌ ဆေးကြောခြင်းကိုပေးကြလော့"ဟု မိန့်မှာခဲ့သည်။ကျွန်ုပ်တို့၏ တာဝန်များကိုလဲ သတိမူကြစို့။ကျွန်ုပ်တို့အဘိုးအဘွားများသည် ယုံကြည်ခြင်း၌ အမြစ်တွယ်လျက် ထိုယုံကြည်ခြင်းကို လူငယ်တို့အား လက်ဆင့်ကမ်းပေးရန်နှင့်​အငယ်ဆုံးသူအား ဂရုစိုက်ရမည့်တာဝန်ရှိပေသည်။ဘယ်တော့မှ ဤတာဝန်ကို မမေ့လျော့ပါနှင့်။

သင်သည် အလုပ်လုပ်နိုင်သေးသည်ဖြစ်စေ၊မလုပ်နိုင်တော့သည်ဖြစ်စေ၊မိသားစုရှိသည်ဖြစ်စေ၊တစ်ယောက်ထဲနေသည်ဖြစ်စေ၊အမှီအခိုမပါပဲနေနိုင်သည်ဖြစ်စေ၊သူများ၏ကူညီမှုကို ခံယူရသည်ဖြစ်စေ၊သင်သည် အဘိုးဖြစ်စေ၊အဘွားဖြစ်စေ ဤတာဝန်ကို ထမ်းရွက်ရမည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အမှုတော်၌ ကြီးသည်၊ငယ်သည်ဟူ၍မရှိပေ။ ဤကဲ့သို့ ကျွန်ုပ်တိုက်တွန်းသောအခါ သင်တို့အံအားသင့်ကြပေမည်။"မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။"ဟု မေးမြန်းကြပေမည်။ ကျွန်ုပ်မိသားစုအတွက်ပင် ရတက်မအေးဖြစ်ရချိန်တွင် ဆင်းရဲသားများအတွက် မည်ကဲ့သို့ စဥ်းစားနိုင်မည်နည်း။ကျွန်ုပ်နေထိုင်ရာအခန်းမှ ထွက်ခွာရန်ခွန်အားမရှိသူသည် မည်သူ့ကိုသွားရောက်ကူညီနိုင်မည်နည်း။ကျွန်ုပ်သည်ပင် ဝန်ထုပ်ဝန်ပို့းမဟုတ်ပါလော"ဟု မေးမြန်းကြလိမ့်မည်။ယေဇူးသခင်ကိုာ်တိုင်လည်း အလားတူမေးခွန်း အမေးခံရဖူးသည်။နီကောဒေမူးက "လူကြီးတစ်ယောက်သည် မည်ကဲ့သို့ အသစ်တဖန်မွေးဖွားနိုင်မည်နည်း"ဟု မေးလျှောက်ခဲ့သည်။သို့သော်လည်း ယေဇူးက "ဘုရားသခင်၏အလိုတော်ကို နှလုံးသားများဖွင့်လျက် နားထောင်ပါက" ဖြစ်နိုင်ကြောင်း အဖြေပေးခဲ့လေပြီ။

ကျွန်ုပ်အားလုံးသည် ညီအစ်ကိုမောင်နှမများဖြစ်ကြပြီး ခေတ်သစ်ကမ္ဘာကြီးသည် သင်တို့အား လိုအပ်နေကြောင်း သိစေလိုပါသည်။ပရောဖက် ဂျိုအဲလ်က "လူကြီးများသည် အိမ်မက်မက်ကြ၍ လူငယ်များက ရူပါရုံမြင်ကြသည်"ဟု ရေးသားခဲ့သည့်အတိုင်း ကမ္ဘာသစ်တည်ဆောက်မှုတွင် သက်ကြီးရွယ်အိုများလည်းပါဝင်သည်။ဘဝတွင် တွေ့ကြုံခဲ့ရသော အခက်အခဲများကို ရင်ဆိုင်နိုင်ခဲ့သည့်အတိုင်း ယခုလဲ သင်ခန်းစာယူ၍ ပြန်လည်တည်ဆောက်စေလိုပါသည်။

အမှတ်တရများကိုလည်း သေချာမှတ်သားထားစေလိုပါသည်။စစ်ပွဲကို ကြုံရသောသူသည် ငြိမ်းချမ်းခြင်း၏အနှစ်သာရကို ကောင်းစွာသိသည်။ဤအချက်ကို သင်သည် စစ်ပွဲများအားကြုံဖူးပါက သိပါလိမ့်မည်။ထို့အတူ ကျွန်ုပ်တို့ကို ပြုစုယုယနေသူများစသဖြင့် မှတ်ဉာဏ်ထဲ သိမ်းထားခြင်းဖြင့် ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော ကမ္ဘာကို တည်ဆောက်နိုင်ကြပါလိမ့်မည်။

နောက်ဆုံးအနေဖြင့် ကျွန်ုပ်ပြောလိုသည်မှာ ဆူတောင်းမေတ္တာအကြောင်းပင်။အသင်းတော်အတွက် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး ယခုအခါတွင် ဆုတောင်းခြင်းအသက်တာ၌ ရှင်သန်နေသော အရှင်သူမြတ် ဘယ်နဒစ် (၁၆)က "သက်ကြီးရွယ်အိုများ၏ဆုတောင်းခြင်းသည် အသင်းတော်ကို ကာကွယ်ပေးသည်"ဟု ၂၀၁၂တွင်ပြောခဲ့သည်။ ထိုအချိန်က သူသည် သာသနာ့တာဝန်မှ အနားယူခါနီးအချိန်ဖြစ်သည်။ချစ်လှစွာသော မိတ်ဆွေတို့၊ အဘိုးအဘွားများ၏ ဆုတောင်းသံသည် ကမ္ဘာကြီးနှင့် အသင်းတော်က လိုအပ်နေသော အသက်ရှူသံဖြစ်ပါသည်။အထူးသဖြင့် ခက်ခဲသော ကပ်ဘေးကာလ၌ ကျွန်ုပ်တို့သည် မုန်တိုင်းထန်သော ပင်လယ်ပြင်၌ တလှေထဲစီးခရီးသွားသောသူများဖြစ်ကြရာ သင်တို့၏ကြားဝင်တောင်းလျှောက်ပေးမှုသည် အလွန်အရေးပါပါသည်။

နိဂုံးချုပ်အနေဖြင့် ရသေ့လဲဖြစ်၊ သဲကန္တာရ၌တရားကျင့်ခဲ့သော St. Chares de Faucauld ၏အကျင့်သက်သေကို ပြောပြလိုပါသည်။ သူသည် တရားကျင့်နေထိုင်ရင်း လူအားလုံးတို့၏ညီအစ်ကိုဖြစ်ရန် ကျင့်ကြံခဲ့သည်။သူ၏အကျင့်စံနမူနာအားဖြင့် "လူသားတိုင်းအတွက် ကြားဝင်တောင်းလျှောက်လျက် မျှဝေခံစားခြင်းသည် ဖြစ်နိုင်ကြောင်း"သိရှိရပေသည်။

ချစ်လှစွာသေ အဘိုးအဘွားတို့၊ အဆိုပါရဟန္တာ၏အကျင့်သက်သေအားဖြင့် ဘုရားရှင်သည် ကျွန်ုပ်တို့၏နှလုံးသားများကို ဖွင့်ပေးလျက် ဆင်းရဲသားများနှင့် အငယ်ဆုံးသူများကို စာနာတတ်ရန်သော်လည်းကောင်း၊ လူငယ်များကို ပုံသက်သေကောင်းပြ၍ လက်ဆင့်ကမ်းရန်လည်းကောင်း မစတော်မူပါစေ ဟု ကျွန်ုပ်ဆုတောင်းပါသည်။ သင်တို့ကို ဘုရားရှင်ကောင်းချီးပေးတော်မူပါစေ။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of CNS 

https://bit.ly/3vVQOzR

Add new comment

1 + 8 =