ပညာရေးညီလာခံအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဗီဒီယို သတင်းစကားပေးပို့

ပညာရေးညီလာခံအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဗီဒီယို သတင်းစကားပေးပို့
ဇွန်လ ၈၊ ၂၀၁၉

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဖို့ဟန် တက္ကသိုလ် လင်ကွန်း ပရဝုဏ် တွင် ဇွန်လ ၅ ရက်မှ ၈ ရက်ထိ ပြုလုပ်ခဲ့သော ပညာရေးညီလာခံအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဗီဒီယို သတင်းစကားပေးပို့ခဲ့ပါသည်။ ယင်းဗီဒီယို သတင်းစကားတွင် ကက်သလစ်ပညာရေးဌာနများတွင် အလုပ်လုပ်ကိုင်နေကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပါသည်။

သင်တို့၏ စိတ်အားထက်သန်စွာ ပါဝင်လုပ်ကိုင်နေမူ့ှသည် သင်တို့ ပညာရေးလောကအတွက် နုှတ်​ကပတ်တော်အားဖြင့် ရှင်သန်သော၊ အသင်းတော်၏သွန်သင်ချက်များအတိုင်းလုပ်ကိုင်နေကြသော သင်တို့၏ ပြင်းပြသော စေတနာစိတ်ကိုဖော်ပြနေပါသည်။

ထို့အတွက်ကြောင့်သင်တို့ကို ကျွနု်​ပ်ကျေးဇူးတင်ပါသည်၊ သင်တို့မှတဆင့် ကက်သလစ်ပညာရေးဌာနများတွင် အလုပ်လုပ်ကိုင်နေကြသော ဘုန်းတော်ကြီးများ၊ ဘာသာရေးအသင်းဂိုဏ်ဝင်များ၊ သာမာန်လူဝတ်ကြောင် အမျိုးသမီး၊ အမျိုးသားများ ကျေးဇူးတင်ကြောင်း၊ ကျွနု်​ပ်၏ လှိုက်လှယ်သောကျေးဇူးတုန်ပြန်မှူ့ကို ပေးပို့လိုက်ပါသည်။

ကျွနု်​ပ်​၏ နုှတ်ဆက်စကားသည် ကက်သလစ်ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေကြသော သန်းပေါင်းများစွာသော ကျောင်းသူကျောင်းသားများ၊ အထူးသဖြင့် ခက်ခဲသော ဝေးလံခေါင်ဖျား ဒေသများ မှ ကျောင်းသူ ကျောင်းသားများ နှင့် သူတို့၏ မိသားစုဝင်များ ထံသို့လည်း ရောက်ပါစေ၊

လူငယ်တို့ ပနားမား ကမ္ဘာ့လူငယ်များနေ့မှာ ကျွနု်​ပ်ပြောခဲ့သလိုယနေ့ခေတ်လူငယ်များဟာ ယနေ့ခေတ်ဘုရားပိုင်သော အရာများဖြစ်ကြသလို  ယနေ့ခေတ် အသင်းတော်ရဲ့ပညာရေး ခရီးစဉ် ဟာ သင်တို့ပဲ ဖြစ်တယ်

ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဗီဒီယို သတင်းစားတွင် ဖော်ပြထားပါသည်။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-message-oie...

#pope, #greeting, #OIEC, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

3 + 3 =