နှလုံးသားများဖွင့်ထားကြရန် ခရစ်ယာန်များကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တိုက်တွန်း

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရား သင်ကြားခြင်း

နှလုံးသားများဖွင့်ထားကြရန် ခရစ်ယာန်များကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တိုက်တွန်း
မတ်လ ၆၊ ၂၀၁၉

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရား သင်ကြားခြင်းတွင် ကောင်းကင်ဘုံ၌မေတ္တာ ကိုအခြေခံပြီး ဒီတစ်ပတ်အတွက် ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသား ဟူသော အဓိပ္ပါယ် ကိုဆက်လက်သင်ကြားပေးခဲ့ပါသည်။

ချစ်လှစွာသော ညီအစ်​ကို​မောင်နှမ အပေါင်းတို့ ဒီတစ်ပတ်မှာ ကောင်းကင်ဘုံ၌မေတ္တာ၏ ဖိတ်ခေါ်ခြင်းအပိုင်းဖြစ်သော ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသား ဟူသော အဓိပ္ပါယ်ကို ထောက်ရှုကြပါစို့၊

ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသား ဟူသော ဒီအသနားခံတောင်းဆိုချက်သည် မကြာခဏ သာမက အရေးတကြီးသွန်းလောင်းချ​ပေးနေသော အရာဖြစ်တယ်။ သခင်ခရစ်တော်လောကကိုကြွလာခဲ့တယ်။ ​ကောင်းကင် နိုင်ငံတော်၊ ချစ်ခြင်းမေတ္တာ နိုင်ငံတော်အဖြစ် အဓိပ္ပါယ်ဖော်ပြတယ် ဒါပေမဲ့ ကမ္ဘာကြီးကအပြစ်တွေနဲ့လွှမ်းခြုံနေတယ် လူတွေရဲ့နှလုံးသားတွေက ဘုရားကို မကြိုဆိုနိုင်ခဲ့ကြဘဲ ပိတ်ထားကြတယ်၊ အဲ့ဒီဘုရားသခင်ကိုလက်မခံနိုင်တဲ့နှလုံးသား​တွေကြောင့် ဒီနေ့ထိလူသားတွေဟာ ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသား ဟုဘုရားသခင်ထံမှာ တောင်းဆိုနေကြရတာဖြစ်တယ်။

တစ်ခါတလေမှာ ကိုယ်တော်ရဲ့ကောင်းကင်နိုင်ငံတော်က ဘာကြောင်​့ ကြန်​့ကြာနရတာလဲ ရောက်မလာရသေးတာလဲ ကျွနု်​ပ်တိုပြောကြတယ် ဘာဖြစ်လို့လဲဆိုတော့ ဘုရားက ကျွနု်​ပ်တို့လိုမဟုတ်ဘူး စိတ်ရှည်သည်းခံတော်မူတယ်၊ ဘုရားက သူ၏ ကောင်းကင်နိုင်ငံတော် ကို ပြင်းထန်တဲ့ အကြမ်းဖက်နည်းနဲ့တည်ဆောက်တာမဟုတ်ဘူး။ နူးညံ့သိမ်မွေ့မူနဲ့တည် ဆောက်တာ၊ သေးငယ်တဲ့မုံညှင်းစေ့​လေးကနေ ကြီးမားတဲ့အပင်ကြီး ဖြစ်လာဖို့အတွက် ဖြည်းဖြည်းခြင်းတည်ဆောက်တာ။

ဘုရားသခင်က သူရဲ့ကျေးဇူးတော်တွေနဲ့နေစဉ်ကျွနု်​ပ်တိုကို အံအားသင့်စေတယ်၊ သခင်ယေဇူး ဒုက္ခစရိယာ ခံတော်မူသော သန့်ရှင်းသောသောကြာနေကြီးဟာ ပါစကားပွဲ ရှင်ပြန်ထမြောက်ခြင်းရဲ့ အာရုံဦးဖြစ်သလို ကမ္ဘာကြီးတစ်ခုလုံးကို ရှင်ပြန်ထမြောက်ခြင်းဟူသော မျှော်လင့်ခြင်းနဲ့ ပြည့်စေခဲ့တယ်။ ဒုက္ခအခက်အခဲ​တွေ မပြည့်စုံမူ​တွေနဲ့ ပြည့်နှက်နေသော ဤလောကကြီး မှာ ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသား ဟူသော ဆုတောင်းမေတ္တာ ကို ယုံကြည်ခြင်းအပြည့်အဝနဲ့ ဆုတောင်းကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မျှော်လင့်ခြင်းအပြည့်အဝရှိစေရန် (ငါသည် မကြာမီ ဧကန်မုချကြွလာမည်ဟု မိန့်​တော်မူ၏၊ အာမင်။ အိုယေဇူးသခင် ကြလာတော်မူပါ။ ။ ဗျာဒိတ်ကျမ်း ၂၂း၂၀) သမ္မာကျမ်စာ မှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက အတိအလင်းဖော်ပြထားလိုပဲ ဖြစ်တယ်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-general-aud...

#generalaudience, #pope, #encourage, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

8 + 3 =