နှစ်သစ်ကူး​နေ့ ရဟန်းမင်းကြီးဟောကြားသော သြဝါဒ


နှစ်သစ်ကူး​နေ့ ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
ဒီဇင်္ဘာ ၃၁၊ ၂၀၁၈

စိန့်ပီတာ ဘာစီလီကာ တွင် ရဟန်းမင်းကြီး ဟောကြား​သော သြဝါဒတွင် ဘုရား၏မယ်တော် ကျွနု်​ပ်တို့၏မိခင်ဖြစ်သော မယ်တော်၏ကူညီစောင်မမူ၊ ထွေးပွေ့မူ၊ ကြည့်ရူစောင့်ရှောက်မူ ရရှိရန် မယ်တော်၏ ကျေးဇူးတော်ပြည့်ဝသောအသက်တာကို အံသြလိူက်​ဖိုစွာ အတုယူကြရန်လိုအပ်ကြောင်း ဟောကြားခဲ့ပါသည်၊

 

ဘုရား၏မယ်တော် မာရီယား ပွဲ​တော်နေ့ကြီး တွင် ရှင်လုကား သမ္မာကျမ်းစာတွင် သိုးထိန်​းများသူငယ်တော်ကို ဖူး​တွေ့ကြစဉ် အံ့သြခဲ့ကြသလို၊ သိုးထိန်​းများ ကြားသိခဲ့ရသော သတင်းကောင်းကိုလည်း အံ့သြခဲ့ကြရပါသည်။ မယ်တော်သည် ဘုရား၏ မယ်တော် သက်သက်မဟုတ် တို့အားလုံး၏ မိခင်လည်းဖြစ်ပါသည်။ အသင်းတော်သည် လည်း မယ်တော်၏ အသက်တာကြောင့် တအံတသြဖြစ်ရမယ်၊ ဘာကြောင့်လဲ .. မယ်တော်သည် ဘုရားသခင်ကို ဝမ်းနှင့်လွယ်သကဲ့သို့အသင်းတော်သည်လည်း မယ်တော်ကဲ့သို့သူ၏ သားသမီးများကို မွေးထုတ်ပေးနေခြင်း၊ အသင်းတော်သည် ဘုရားသခင်၏ ဇနီးသည်ကဲ့သို့ဖြစ်ကြောင်း ရှင်းပြပြီး၊ မယ်တော်သည် အသင်းတော်ကို မွေးဖွားပေးပြီး နွေးထွေမူ​ပေးကြောင်း ဟောကြားခဲ့ပါသည်။

 

မယ်တော်၏ သနားကြင်နာမူကို တို့ဘဝထဲမှာ ဝင်လာခွင့်ပြုရမယ်၊ ဘာလို့လဲဆိုတော့ မယ်တော်က သူ၏ သား သမီးများကို အပြစ်သားများဟု မမြင်ဘဲ သားသမီးများဟုသာမြင်သောကြောင့်ဖြစ်တယ်။ မယ်တော်၏ ဂရုစိုက်ခံရမူကတဆင့် ဘုရားသခင်ရဲ့ကျေးဇူးတော်ဟာ တို့အပေါ်မှာ ထွန်းလင်းတောက်ပတော်မူတယ်။ မယ်တော်သည် ကျွနု်​ပ်တို့ကို သားသမီးတို့ငါဒီမှာ ရှိနေတယ် ဟု အမြဲ​စောင့်ရှောက်ပေးနေတယ်။

 

မယ်တော်ရဲ့တွေးပွေ့မူ၊ ကူညီစောင်မမှုကိုလက်ခံရမယ် ဘာလို့လဲဆိုတော့ မယ်တော်​က တစ်​ပါးသူရဲ့ လိုအပ်ချက် အားနည်းချက်ကို သတိထားတတ်​​သော မိခင်ဖြစ်တယ်၊ ဧလီဇဘက် အသက်ကြီးမှ ကိုယ်ဝန်ဆောင်တယ် အကူအညီလိုတယ် မယ်တော်ကူခဲ့တယ်၊ ကာနန်မြို့ လက်ထပ်ပွဲ ဝိုင်ကုန်သွားတယ် ဘယ်သူမှမယ်တော်ကို အကူအညီမတောင်းပေမဲ့ မယ်တော်ကူညီပေးခဲ့တယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်သက်လာတဲ့အချိန်မှာ မယ်တော် တပည့်တော်ကြီးတွေနဲ့ အတူတူ ရှိနေခဲ့တယ်။ ဒါတွေဟာ မယ်တော်ရဲ့ ကူညီပေးချင်​​သော စိတ်ကိုဖော်ပြနေခြင်းဖြစ်တယ်။ ဒါကြောင့် မယ်တော် ၏ ကူညီပေးမူကို လက်ခံခွင်ပြု​ပေးရမယ်။ အဲ့ဒါမှ မယ်တော်က တို့ ဘဝအခြေအနေတွေကို ဘုရားစီမှာ သူတင်ပြပေးမယ်။ သံယောဟန်ကို သင်၏ အမိကိုကြည်ပါဟု ကားတိုင်ပေါ်က မှာခဲ့ခြင်းသည် သံယောဟန်တစ်​ဦးတည်းအတွက်မဟုတ် တို့အားလုံးကိုပြောဆိုခြင်းဖြစ်တယ်၊ ဒါကြောင့် တို့ဘဝ၊ တို့အိမ်မှာ မယ်တော်ကို လက်ခံကြပါစို့။ သူမ၏ ကာကွယ်စောင့်ရှောက်မူကို ခံယူကြပါစို့။

 

https://www.vaticannews.va/en/pope/news/2018-12/pope-new-year-s-day-mary...

#motherofgod, #pope, #tedeum, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

13 + 5 =