နေ့စဉ် မိမိ၏ အတွင်းစိတ်ကိုစမ်းစစ်ခြင်း

ဘုရားစိတ် နှင့် လောကတပ်မက်စိတ်

နေ့စဉ် မိမိ၏ အတွင်းစိတ်ကိုစမ်းစစ်ခြင်း
စက်တင်ဘာလ ၄၊ ၂၀၁၈

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-09...

#pope, #mass, #examination, #conscience, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၄ ရက် အင်္ဂါနေ့ Casa Santa Marta တွင် ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် နေ့စဉ် မိမိ၏ အတွင်းစိတ်ကိုစမ်းစစ်ရန်​ ဟောကြားခဲ့ပါသည်။
လူတစ်​ဦးသည် နေ့စဉ် မတူညီသော စိတ်နှစ်မျိုးနှင့် စစ်ခင်းနေရပါသည်၊ ဘုရားစိတ် နှင့် လောကတပ်မက်စိတ်​တို့အကြား အမြဲရုန်ကန်​​နေရသည်​။
ဘုရားစိတ်သည် လူကို ညီကိုမောင်နှကဲ့သို့ချစ်ခင်ရန်၊ ကရုဏာလုပ်ငန်းများလုပ်ဆောင်ရန်၊ ကောင်းမွန်သော ပြုမှုပြောဆိုနေထိုင်ခြင်များပြုလုပ်ရန် ဦးဆောင်လမ်းညွန်နေပါသည်။
တဖက်မှာလည်း လောကတပ်မက်စိတ်သည် မကောင်းပြောခြင်း၊ ဒုက္ခပြသနာများကိုဖန်တီးခြင်း၊ မန်မာနတရားကိုဖြစ်ပေါ်စေခြင်းနှင့် အချည်းနှီးဖြစ်သော ဘဝကို ခေါ်ဆောင်​​နေခြင်းဖြစ်ပါသည်။
ရှင်​ေ​ပါလူး၏ ကော်ရိန်သု့သြဝါဒ ကိုအခြေခံပြီး သခင်ခရစ်တော် ၏ နေစဉ်အသက်တာအတိုင်း အသက်ရှင်ရန် ဆုံးမခဲ့ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား သည် ကျွနု်​ပ်တို့ကို သခင်ခရစ်တော်အား သိရှိရန်၊ သခင်ခရစ်တော်၏ နှလုံးသားကိုနားလည်ရန်၊ ကိုယ်​​တော်​၏ စိတ်သဘောထားကို ဝေမျှရန် ၊

ကျွနု်​ပ်တို့၏ နေ့စဉ်တွေး​ခေါ်ပုံ၊ ခံစားပုံ၊ ပြုမှုပုံတို့သည် ဘုရားစိတ်၏ ဦးဆောင်မှုအောက်တွင်​
​ရှိနေရမည် သို့မှသာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဦးဆောင်လမ်းညွန်မှု့ဖြင့် သခင်ခရစ်တော် နေထိုင်အသက်ရှင်ခဲ့သလို လောကလူသားများအတွက် ကောင်းမွန်သောအရာများကို လုပ်ဆောင်ပေးခြင်း၊ ညီကိုမောင်နှမကဲ့သို့ချစ်ခြင်း၊ ကရုဏာတရားထားခြင်း၊ ဆုတောင်းခြင်း စသည့်အရာများဖြင့် လောကကို ဘုရားသခင်ထံခေါ်ဆောင်ပေးကြရပါမည်။

ကျွနု်ပ်တို့သည် ၊ အားနည်းသေားအပြစ်သားများဖြစ်ကြပါသည်။ ထေို့​ကြာင့် ​သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ၏ ဦးဆောင်းလမ်းညွန်မှု့ကိုရယူရပါမည်၊ သန့်ရှင်းသောဝိညာဉ်ဘုရားသည် ကျွနု်​ပ်တို့မှတဆင့် သခင်ခရစ်တော်ကို ၏လောကသို့ ပို့ဆောင်​ပေးပါလိမ့်မည်။
ထို့အတွက် ကြောင့် နေ့စဉ် မိမိ အတွင် စိတ်ကိုစမ်းစစ်နေရပါမည်
ဘုရားစိတ် ၏ လုပ်ဆောင်မှု့၊ လောက တပ်မက်စိတ်၏ လုပ်ဆောင်မှုများကိုအမြဲသတိရှိစွာ စမ်းစစ်နေထိုင်ကြပါစို့။

 

Add new comment

4 + 6 =