နူးညံ့သိမ်မွေ့ခြင်းဟာ သခင်ယေဇူး တည်ရှိခြင်းရဲ့ နိမိတ်လက္ခဏာဖြစ်ပါတယ်

နူးညံ့သိမ်မွေ့ခြင်းဟာ သခင်ယေဇူး တည်ရှိခြင်းရဲ့ နိမိတ်လက္ခဏာဖြစ်ပါတယ်

အပြုအမူကနေ လူ့အသိုင်းအဝိုင်း၊ မိသားစုတစ်ခု၊ အိမ်နီးချင်းတစ်ဦး (သို့) မြို့တစ်မြို့ကို အားလုံးက မိမိကိုယ်ကိုပေးဆပ်ဖို့ ဖြစ်တယ်။ အလှူဒါနတွေ ပေးနေတာမျိုးမဟုတ်ဘဲ၊ စိတ်နှလုံးသားကနေ ပေးဆပ်ဖို့ဖြစ်တယ်။ အပြုအမူတစ်ခုက ကျွန်ုပ်တို့ကို တစ်ကိုယ် ကောင်းဆန်ပြီး၊ အရမ်းကို ပိုင်ဆိုင်လိုတဲ့ စိတ်ဓာတ်မျိုးကနေ ဝေးစေပါတယ်။ ဒါပေမယ့် ခရစ်ယာန်တွေက ဒါကိုလုပ်တဲ့နည်းလမ်းဟာ၊ စက်တစ်ခုရဲ့ လုပ်ပုံလုပ်နည်းနဲ့ မတူပါဘူး။ လူသားတစ်ဦးလုပ်တဲ့ နည်းလမ်းနဲ့ လုပ်ပါတယ်။ ကျွန်ုပ်တို့ မီးမောင်းထိုးပြထားတဲ့ အခက်အခဲကနေ ရုန်းမထွက်နိုင်ဘူး။ စက်ပိုင်းဆိုင်ရာ ကပ်ရောဂါအားဖြင့် ပစ္စည်းအသစ်တွေက အလွန်အရေးကြီးပါတယ်။ 

 

"ပုပ်ရဟန်းမင်းကြီး၊ အဲဒီ စက်ပစ္စည်းတွေရှိတယ်" ကျွန်ုပ်တို့ကို ရှေ့ကိုဆက်လို့ ရစေတယ်။ ဒါတွေကို ကျွန်ုပ်တို့ မကြောက်သင့်ပါဘူးပြောကြလိမ့်မယ်။ ဒါပေမယ့် ခေတ်အမီဆုံးနည်းလမ်းတွေနဲ့ အများကြီးပဲ လုပ်နိုင်တယ်လို့ သိထားရင်တောင်မှ အဲဒါတွေ မလုပ်နိုင်တာ တစ်ခုကတော့ နူးညံ့သိမ်မွေ့ခြင်းပါ။

 

နူးညံ့သိမ်မွေ့ခြင်းဟာ သခင်ယေဇူး တည်ရှိခြင်းရဲ့ နိမိတ်လက္ခဏာဖြစ်ပါတယ်။ တခြားလူတွေကို ချဥ်းကပ်တာက အတူတကွ လျှောက်လှမ်းနိုင် ကြဖို့ ကုသဖို့၊ ကူညီဖို့နဲ့ တခြားလူတွေအတွက်ကိုယ်ကျိုးစွန့်ပြီး ပေးဆပ်ဖို့ပဲ ဖြစ်ပါတယ်။  ✍️ ထန်းဟာ, SJ 

 

Add new comment

3 + 0 =