နုတ်​ကပတ်တော်သည် နေ့စဉ်အသက်တာအတွက် လမ်းညွန်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဦးဆောင်ဟောကြားသော မစ္ဆားတရား

နုတ်​ကပတ်တော်သည် နေ့စဉ်အသက်တာအတွက် လမ်းညွန်
မေလ ၂၃ ၂၀၁၉

နိုင်ငံတကာ ကရုဏာရေးအဖွဲ့၏ ၂၁ ကြိမ်မြောက် အထွေထွေညီလာခံ ဖွင်ပွဲအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဦးဆောင်ဟောကြားသော မစ္ဆားတရားတွင် နုတ်​ကပတ်တော်သည် နေ့စဉ်အသက်တာအတွက် လမ်းညွန်အဖြစ် အဓိက ဟောကြားခဲ့ပြီး အသင်းတော်သည် ခြိုးခြုပ်တည်းခြင်း၊ တလုံးတဝတည်းရှိခြင်း နှင့် နှိမ်ချခြင်းပါရမီ တို့နှင့် ရှေ့ဆက်နေရမည်ဟု ဟောကြားခဲ့ပါသည်။

အသင်းတော်ဟာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဦးဆောင်လမ်းပြမူမပါဘဲ ​ရှေ့ဆက်လို့မရနိုင်ပါဘူး၊ တစ်ဖက်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်​ဘုရား၏ ဦးဆောင်လမ်းညွန်မူ့ကြောင့်သာ အသင်းတော်ထဲမှာရှိသော လုပ်ငန်းစဉ်များဟာ အစီစဉ်တကျအတိုင်းလယ်ပတ်နေခြင်းဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး၊ အဲ့ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဦးဆောင်လမ်းပြပေးသော လမ်းကို ယုံကြည်ခြင်းဖြင့်လျှောက်လှမ်းကြရမယ်။

သခင်ခရစ်တော်ရဲ့ နုတ်​ကပတ်တော်ကို အကောင်းဆုံးနည်းလမ်းဖြင့် ကြေငြာနိုင်ရမယ်၊ အဲ့လိုကြေငြာနိုင်ဖို့ တို့တတွေကိုယ်ကိုယ်ကို ပြုပြင်ပြောင်းလဲဖို့လိုတယ်၊ နှလုံးသားမှာ စွဲကပ်နေတဲ့ မိမိအလိုဆန္ဒတွေကို တတ်​နိုင်သလောက်ဖယ်ရှာပစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော် ဘုရားကို နေရာပေးရမယ်၊ အဲ့ဒီလို သန့်ရှင်းသောဝိညာဉ်တော် ဘုရားကို နေရာပေးလိုက်ပြီ ဆိုရင် တိုတတွေ နှိမ့်ချစိတ်နဲ့ နားထောင်တတ်​လာလိမ့်မယ်၊ ဘယ်သူတွေကိုနားထောင်ရမှာလဲ။ ပထမဦးစွာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက မိမိနှလုံးသားထဲကနေ ပြောလာတဲ့အရာကို နားထောင် နိုင်ရမယ်၊ ပြီးတော့ တို့ပတ်ဝန်းကျင် မှာ အဆင်းရဲဆုံး အနိမ်ကျဆုံးသူတွေရဲ့ ခံစားချက်တွေ ရင်ဖွင့်သံတွေကို နှိမ်ချစွာ နားထောင်လာနိုင်လိမ့်မယ်၊
အဲ့ဒီလိုနားထောင်လာနိုင်ပြီဆိုရင် တို့တတွေ စည်​းလုံးစွာ လုပ်ဆောင်နိုင်ဖို့ လမ်းစရလာပြီ၊ အဲ့ဒီကနေ တို့အားလုံးအတူတကွပျော်ရွှင်ခြင်းစီကို အတူလက်တွဲသွားနိုင်ကြမယ်၊ စည်းလုံးခြင်းဆိုတဲ့နေရာမှာ အားလုံးတပုံစံတည်းဖြစ်အောင်လုပ်တာကို ဆိုလိုခြင်းမဟုတ်ဘူး မတူကွဲပြားပေမဲ့ စိတ်နှလုံးတစ်လုံးတစ်ဝတည်းရှိခြင်း ဘုရားကို ချစ်တဲ့စိတ်နဲ့ အတူတကွ လုပ်ဆောင်ကြခြင်းကို ဆိုလိုခြင်းဖြစ်တယ်။ ။

ဒီနေ သမ္မာကျမ်းစာ မှာ သခင်ခရစ်တော်က တပည့်​တော်​ကြီးတွေကို ငါ၏ ချစ်ခြင်းမေတ္တာ၌ တည်နေကြလော လို့မိန့်တော်မူတယ်၊ တို့တတွေလည်း သခင်ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာ၌ တည်နေကြရမယ် ကိုယ်တော်မြတ်စက္ကရ်မင်းတူး ပင့်ယူခြင်း ဖူးမြော်ခြင်း မှာသော်လည်းကောင်း၊ အသက်ရှင်တော်မူသောသခင်ခရစ်တော်ကို မိမိပတ်ဝန်းကျင်မှာရှိသော ဆင်ရဲသားတွေထဲမှာ မြင်အောင်ကြည့်ုပြီး သူအချစ်၌တည်နေနိုင်ခြင်း အဲ့တာကိုယ် ဆိုလိုခြင်းဖြစ်တယ်။ သူ၌တည်နေရမယ် ငါတို့အလိုဆန္ဒ၌ တည်နေဖို့မဟုတ်ဘူးဆိုတာ သိရမယ်။ ထို့အတွက်ကြောင့် သခင်ခရစ်တော်ထံမှာ ဆုတောင်ကြစို့။ အိုအဖ တပည့်တော်တို့ကို မိမိအလိုဆန္ဒနောက်ကို လိုက်ချင်​​သော နှောက်ယှက်ခြင်းတို့မှ ကျော်လွှာနိုင်ပြီး ချိုးခြံချုပ်တည်းခြင်း၊ တလုံးတဝတည်းရှိခြင်း နှင့် နှိမ့်ချခြင်းပါရမီ တို့နှင့် ရှေ့ဆက် နိုင်ရန် ကူညီမစ​တော်မူပါ။ ။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-homily-mass...

#pope, #vatican, #caritas, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

5 + 12 =