နီကာရာဂွာ နိုင်ငံ ငြိမ်းချမ်းရေး ရရှိဖို့၊ နိုင်ဂျီးရီယာ နှင့် မာလီ နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံနေရသော ဒုက္ခသည်များအတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်တောင်းဆို

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်း

နီကာရာဂွာ နိုင်ငံ ငြိမ်းချမ်းရေး ရရှိဖို့၊ နိုင်ဂျီးရီယာ နှင့် မာလီ နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံနေရသော ဒုက္ခသည်များအတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်တောင်းဆို
မတ်လ ၂၄၊ ၂၀၁၉

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းအပြီးတွင် နီကာရာဂွာ နိုင်ငံ ငြိမ်းချမ်းရေး ရရှိဖို့၊ နိုင်ဂျီးရီယာ နှင့် မာလီ နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံနေရသော ဒုက္ခသည်များအတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်တောင်းဆို ခဲ့ပါသည်။

 

နီကာရာဂွာ နိုင်ငံ ငြိမ်းချမ်းရေး

နီကာရာဂွာ နိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မူ​ကြောင့် ကြားဝင်ညှိနိုင်းဆွေးနွေးပေးသော အဖွဲ့များအကူအညီဖြင့် မတ်လ ၂ရရက်နေတွင် ဝင်ရောက်ဆွေးနွေးပြီး အများအတွက်အကျိုးရှိမည့်အဖြေကို ငြိမ်းချမ်းသော လမ်းစဉ်ဖြင့်အဖြေရှာတွေ့နိုင်စေရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှဆုတောင်းပေးကြဖို့ တိုက်တွန်းထားပါသည်။

 

နိုင်ဂျီးရီယာ နှင့် မာလီ

ပြင်းထန်ရက်စက်သော အကြမ်းဖက်တိုက်ခိုက်မူများကြောင်း နိုင်ဂျီးရီယာ နှင့် မာလီ နိုင်ငံတို့တွင် ဘေးဒုက္ခ ခံစားနေကြရသော ဒုက္ခသည်များအတွက် ဆုတောင်ပေးကြဖို့၊ မတ် ၂၃၊ ၂၀၁၉ စနေနေ့က မာလီ နိုင်ငံအလယ်ပိုင်းတွင် စုဝေး နေထိုင်ကြသော ဖူလာနီ လူမျိုးများကို သေနတ်​သမားများမှ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်၊ ယင်းအကြမ်းဖက်တိုက်ခိုက်မူ​ကြောင့် ၁၃၄ ဦး သေဆုံးပြီး မကြာခဏ လူမျိုးတုန်းအသွင် သတ်ဖြတ် အကြမ်းဖက်မူများဖြစ်နေသောကြောင့် ယင်းဒေသမှ လူ တစ်သောင်းကျော် နေအိမ်များစွန့်ခွာ၍ ထွက်ပြေးနေရကြောင်း၊ ဒုက္ခရောက်နေကြသောသူများ သေဆုံးသွားကြသူများ ဘုရားရှင်၏ နှစ်သိမ့်မူရရှိရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဆုတောင်းပေးနေကြောင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းအပြီးတွင် ပြောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-angelus-appeal-nica...

 

#pope, #angelus, #pray, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 2 =