နီကာရာဂွာ နိုင်ငံလွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

နီကာရာဂွာ နိုင်ငံလွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့
စက်တင်ဘာ ၁၁၊ ၂၀၁၈

https://.vaticannews.va/en/pope/news/2018-09/pope-franciswww-nicaragua-i...

#nicaragua, #independenceday, #peace, #greeting, #pope, #peterkm,
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် နီကာရာဂွာ နိုင်ငံလွတ်လပ်ရေးနေ့ အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ သဝဏ်လွှာပေးပို့ခဲ့ပါသည်။ နီကာရာဂွာ နိုင်ငံတွင်ဖြစ်ပေါ်နေသော နိုင်ငံရေးပြသနာကြောင့် အကြမ်းဖက်နှိမ်နင်မှုများ ဒုက္ခရောက်နေကြရသူများအတွက် အမြန်ဆုံးငြိမ်းချမ်းရေးရရှိရန် သူ၏နုတ်​ဆက်သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ၏ နုတ်​ဆက်သဝဏ်လွှာတွင် စည်လုံခြင်းနှင့် ငြိမ်းချမ်းသော အသက်တာကိုရရှိရန်၊ ညီအစ်​ကိုမောင်နှမကဲ့သို့ပြန်လည်သင့်မြတ်ခြင်းကျေးဇူးတော်များရရှိရန် ငြိမ်းချမ်းရေးအရှင်သခင်ခရစ်တော်မှ သွန်းလောင်းချပေးသနားရန် စက်တင်ဘာ ၁၁၊ ၂၀၁၈ အင်္ဂါ နေ့က နီကာရာဂွာ နိုင်ငံသမ္မတ ဒါနီအဲလ် အိုတေးဂါ နှင့် နီကာရာဂွာ ပြည်သူပြည်သားများထံသို့ နီကာရာဂွာ နိုင်ငံ ရဟန်းမင်းကြီး ကိုယ်စလှယ် တော် ဂိုဏ်ချုပ်ဆရာတော် Waldemar Stanislaw Sommertag မှတဆင့် ပေးပို့ခဲ့ပါသည်။ နီကာရာဂွာ နိုင်ငံသည် ယခုနှစ် ဧပြီလ မှစတင်​ကာဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအခြေအနေကြောင့် လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ရပြီး ၂၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​ေ​ဖာ်ပြပါသည်။

 

Add new comment

5 + 12 =