နိုင်ငံ့သားကောင်းများသည် လူ့အဖွဲ့အစည်းကိုအထောက်အကူပြုပြီး ဧဝံဂေလိတရားတော်မြတ်ကိုသက်သေခံရမည်။

နိုင်ငံ့သားကောင်းများသည် လူ့အဖွဲ့အစည်းကိုအထောက်အကူပြုပြီး ဧဝံဂေလိတရားတော်မြတ်ကိုသက်သေခံရမည်။

နိုင်ငံ့သားကောင်းများသည် လူ့အဖွဲ့အစည်းကိုအထောက်အကူပြုပြီး ဧဝံဂေလိတရားတော်မြတ်ကိုသက်သေခံရမည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ခရစ်ယာန်များသည် လူ့အဖွဲ့အစည်းတွင်ရှင်သန်နေထိုင်အသက်ရှင်သောသူများဖြစ်ရန် တာဝန်နှင့် ဝတ္တရားရှိကြောင်းကို ဧဝံဂေလိတရားတော်အားဖြင့် နှိုးဆော်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ခရစ်ယာန်များအား ဘုရားရှင်အား သက်သေပြ‌၍ လူ့ဘဝ၏ အနက်အဓိပ္ပါယ်ကို သက်သေခံလျက် ယနေ့ကမ္ဘာပေါ်ရှိ လူ့ဂုဏ်သိက္ခာမြှင့်တင်ရေးနှင့်ကာကွယ်ရေးအတွက် စိတ်ရင်း‌ကောင်းဖြင့် ဆက်ကပ်ကြရန်ဖိတ်ခေါ်ခဲ့ပါသည်။

တနင်္ဂနွေနေ့ အန်‌ဂျေလူးစ်မေတ္တာ ဆိုရန်အတွက် စိန့်ပီတာရင်ပြင်၌ စုဝေးနေကြသော ဘုရားဖူးများအား မိန့်ခွန်းပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီးသည် ထိုနေ့၏ ဧဝံဂေလိကျမ်းဖြစ်သော (Mt ၂၂း ၁၅-၂၁) တွင်ဖော်ပြထားသော သခင်ခရစ်တော်၏ နိုင်ငံရေးနယ်ပယ်နှင့်ဘာသာရေးနယ်ပယ်အကြားခွဲခြားသတ်မှတ်ချက်များကို ပြောကြားခဲ့ပြီး ခပ်သိမ်းသောအချိန်တို့၌ ယုံကြည်သူအားလုံး၏ သာသနာလုပ်ငန်းအတွက် ရှင်းလင်းသောလမ်းညွှန်ချက်များကို သွန်သင်ပေးခဲ့သည်။

ထိုနေ့ရက်၏ ကျမ်းစာတော်မြတ်၌ သခင်ခရစ်တော်သည် သူတော်ကောင်းယောင်ဆောင်သောသူတို့၏ ရန်ဘက်ပြုခြင်း၌ ရုန်းကန်နေရခြင်းကို ဖော်ပြထားသည်။ ပထမအနေနှင့် သူတို့သည် သခင်ခရစ်‌တော်ကို ချီးကျူးဂုဏ်ပြုကြပြီး မသိမသာ သူ့ကို ဒုက္ခချောက်ထဲသို့ ချကာ၊ ပရိသတ်ရှေ့တွင် အခွန်ကို စီဇာအားပေးသင့်၊မပေးသင့်မေးခွန်းကိုမေးခြင်းအားဖြင့် ဂုဏ်သိက္ခာကျအောင်လုပ်ဆောင်ခဲ့ကြသည်။ ထိုအချိန်သည် ရောမအင်ပါယာ၏ လွှမ်းမိုးမှုသည် ဘာသာရေးအရသော်လည်းကောင်း၊ ပြည်သူအတွက်သော်လည်းကောင်း၊ အီစရာအဲလ် လူမျိုးတို့၏ဘုရားကို ဆန့်ကျင်သော ဒင်္ဂါးများပေါ်ရှိ အင်ပါရာ၏ ပုံရိပ်သည် ပါလက်စတိုင်း၌ အချိန်ကောင်းဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဖြည့်စွက်ပြောကြားခဲ့သည်။

"နိုင်ငံရေးနှင့်ဘာသာရေးနယ်ပယ်များအကြားကွဲလွဲမှု"

ပုပ်ရဟန်းမင်းကြီးက ဆက်လက်၍ ရှင်းပြသည်မှာ " ယေဇူးသခင်သည် သူ့အားတွေ့ဆုံမေးမြန်းသူများက“ ဟုတ်သည်” သို့မဟုတ်“ မဟုတ်သည်” ဟုဖြေခြင်းအားဖြင့် သူ့ကို ထောင်ချောက်ထဲသို့ကျ‌ စေခြင်းငှာ လှည့်စားခြင်းဖြစ်ကြောင်းသိခဲ့သည်။ သခင်ယေဇူးသည် ထိုသူတို့ ဆင်သော ချောက်ထဲသို့ မကျရောက်သည့်အပြင် "စီဇာဘုရင်နှင့်သက်ဆိုင်သည့်အရာကို စီဇာဘုရင်အားပေး၍ ဘုရားသခင်နှင့်သက်ဆိုင်သည့်အရာကို ဘုရားသခင်အားပေးရန် သူ့အဖြေကို ရှင်းရှင်းလင်းလင်း မိန့်ကြားခဲ့ပါသည်။ ၎င်းမေးခွန်းနှင့်ပတ်သက်၍ ယေဇူးသခင်သည် စစီဇာဘုရင်အားအခွန်ဆက်ပေးရမည့်အကြောင်းအသိအမှတ်ပြုသော်လည်း၊ “ လူတိုင်းသည် မိမိတို့၏ အခြားပုံသဏ္ဌာန်ဖြစ်သော ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မိမိတို့နှင့်အတူ ဆောင်တတ်၏။ ထို့ကြောင့် ဘုရားသခင်အတွက်သာလျှင်၊ ဘုရားသခင်၌၊ လူတိုင်းသည် မိမိတို့ တည်ရှိခြင်းကို ဘုရားသခင်အား အကြွေးတင်နေကြောင်း၊ မိန့်ကြားခဲ့ပါသည်။ “ ဤဝါကျတွင် သခင်ယေ‌ဇူး၏ နိုင်ငံရေးနယ်ပယ်နှင့်ဘာသာရေးနယ်ပယ်ကိုခွဲခြားသတ်မှတ်သည့်စံနှုန်းကိုသာမက၊ ယုံကြည်သူအားလုံး၏ သာသနာ့လုပ်ငန်းအတွက် ရှင်းလင်းပြတ်သားသောလမ်းညွှန်ချက်များပေါ်ထွက်လာသည်ကို ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဆက်လက်၍ မိန့်ကြားထားသည်မှာ အခွန်ပေးဆောင်ရန်နှင့်ပြည်နယ်ဥပဒေများကိုလိုက်နာခြင်းသည်နိုင်ငံသားအားလုံး၏ တာ၀န်ဖြစ်သည်။ တစ်ချိန်တည်းမှာ လူသားဘဝနှင့် လူ့သမိုင်း၌ ဘုရားသခင်၏ အဓိကကျမှုနှင့် ဘုရားပိုင်သည့် အရာအားလုံးအပေါ်၌ ဘုရားသခင်၏အခွင့်အာဏာကို လေးစားရန်လိုအပ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

"အသင်းတော်နှင့်ခရစ်ယာန်များ၏သာသနာလုပ်ငန်း"

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က အသင်းတော်နှင့်ခရစ်ယာန်များ၏ သာသနာလုပ်ငန်းမှာ ဘုရားသခင်အကြောင်းကို ကြားပြော၍ ယနေ့ခေတ် လူများထံသို့ ဘုရားသခင်အား သက်သေခံရန်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းတွင် ဧဝံဂေလိတရားတော်နှင့် ဝိညာဉ်တော်၏ အသက်သွေးတော်နှင့် နှိုးဆော်ရင်း ရှင်သန်နေထိုင်သူများဖြစ်ကြရန် ဖိတ်ခေါ်ခြင်းခံရသည်။ ထို့ကြောင့် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ယုံကြည်သူများအား မိမိကိုယ်ကိုနှိမ့်ချစွာနှင့် သတ္တိရှိရှိဖြင့် တရားမျှတမှုနှင့် အချင်းချင်းသွေးစည်းသော၊ ချစ်ခြင်း၏ လူမှုအဖွဲ့အစည်းကို တည်ဆောက်ရာ၌ မိမိတို့ကိုယ်တိုင် ပါဝင်ကူညီခြင်းများ ပြုလုပ်ကြရန် တိုက်တွန်းနှိုး‌ဆော်ခဲ့ပါသည်။

"ယုံကြည်သူများသည် ရိုးသား၍အပြုသဘောဆောင်‌သော နိုင်ငံသားဖြစ်ရပါမည်။"

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် မယ်တော်သခင်အား" ကျွန်ုပတို့သည် သူတော်ကောင်းယောင်ဆောင်ခြင်းမှ လွတ်ကင်းစေ၍ ရိုးသား၍အပြုသဘောဆောင်‌သော နိုင်ငံသားဖြစ်နိုင်ရန် ကူညီဆောင်မတော်မူပါ။ သခင်ယေဇူး၏ တပည့်တော်များဖြစ်ကြသော ကျွန်ုပ်တို့အား ဘုရားသခင်သည် လူ့ဘဝ၏ ဗဟိုလ် အချက်အချာနှင့် လူ့ဘဝ၏ အနက်အဓပ္ပါယ်ဖြစ်ကြောင်း သက်သေပြနိုင်ရန် ခွန်အားပေးတော်မူပါမည့်အကြောင်း ဆုတောင်းရင်း ဩဝါဒတရားတော်မြတ်ကို အဆုံးသတ်ခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3lXJ4bQ

Add new comment

9 + 7 =