နားထောင်ပေးခြင်း၊ အကျင့်တရားပြောင်းလဲခြင်း နှင့် အမျိုးသမီးတို့၏အခန်းကဏ္ဍ

နားထောင်ပေးခြင်း၊ အကျင့်တရားပြောင်းလဲခြင်း နှင့် အမျိုးသမီးတို့၏အခန်းကဏ္ဍ
နားထောင်ပေးခြင်း၊ အကျင့်တရားပြောင်းလဲခြင်း နှင့် အမျိုးသမီးတို့၏အခန်းကဏ္ဍ
အောက်တိုဘာ ၉၊ ၂၀၁၈

၁။ ။ နားထောင်ပေးခြင်း
နားထောင်ပေးခြင်းက ညီလာခံရဲ့ အဓိကအချက်ဖြစ်နေတယ်၊ လူငယ်တွေရဲ့ လူမှုရေးအခြေအနေတွေကို နားထောင်ပေးသလို ဘုရားသခင်အခု ဘယ်လိုလုပ်ဆောင်ပေးနေသလဲဆိုတာကို လည်း နားထောင်ဖို့လိုတယ်ဟု ပြင်သစ်နိုင်ငံသူ စစ္စတာ Nathalie Becquart မှ ပြောကြားခဲ့သည်။
ညီလာခံအတွင်းမှာ အဖွဲ့ငယ်လေးတွေဖွဲ့ပြီး ဝေငှကြတဲ့အထဲမှာ အားရဖွယ်ကောင်းလောက်အောင်အပြန်အလှန်ဝေမျှကြတယ်။ သူတို့ဝေမျှတာတွေကိုနားထောင်ပေးကြသလို အဲ့အချက်တွေကို ငြိမ်သက်စွာ ပြန်လည်သုံးသပ်နိုင်ဖို့ အချိန်ပေးတယ်။ အဲ့တာက ထိရောက်စေတဲ့အချက်ဖြစ်တယ် ဟု ကနေဒါနိုင်ငံ ရဟန်းမင်အမတ် ကာဒီနယ် Gerald Cyprian La Croix မှ ပြောကြားခဲ့ပါသည်။ လူငယ်တွေကို နားထောင်ရတာ ကာတိုင်ပေါ်ကသခင်ခရစ်တော်က ကမ္ဘာကြီးကို ခေါ်နေသလိုပဲ။ အဲ့ဒါကြောင့် အသင်းတော်အနေနဲ့
လူငယ်များပါဝင်နိုင်မည့် ဝတ်ပြုကိုးကွယ်ခြင်းအခန်းကဏ္ဍကို ပိုမိုခိုင်မာသေချာအောင် ဖော်ဆောင်ရမယ်၊ ဟု ရဟန်းမင်အမတ် ကာဒီနယ် Oswald Gracias မှ ပြောကြားခဲ့ပါသည်။

၂။ ။ အကျင့်တရားပြောင်းလဲခြင်း
အသင်းတော် ခေါင်ဆောင်းတချို့ရဲ့အမှားတွေကိုညီလာခံမှာဆွေးနွေတာကို လူငယ်တွေကြားတယ် သိတယ်၊ အသင်းတော်ရဲ့ဒဏ်ရာတွေကိုလည်းသူတို့မြင်တယ်။ ဒါပေမဲ့ လူငယ်တွေစိတ်ဓာတ်ကျမသွားဘူ။း ဆက်လက်ပြီးတက်ကြွစွာ ပါဝင်နေကြတယ်။ သူတို့ရဲ့ယုံကြည်ခြင်းအသက်တာ ကမပြောင်းလဲ မသွားပါဘူး။ Madagascar မှာ အရမ်းဆင်းရဲတယ်။ အကျင့်ပျက်ခြစားမှုများတယ်။ အလုပ်လက်မဲ့များတယ်။ အဲ့ဒီအချက်တွေက လူငယ်တွေကိုရိုက်ခတ်လာတယ်။ မတရားမှု့တွေက လုံခြုံမှုတွေမဲ့လာစေတယ်။ ဘဝမှာ ယုံကြည်ခြင်းနဲ့ အသက်ရှင်နေထိုင်မှုကို လေးနက်စွာစဉ်းစားဖို့လိုနေတယ် ဟု မာဒါဂါစကာ ရဟန်းမင်အမတ် ကာဒီနယ် Desire Tsarahazana မှပြောကြားခဲ့ပါသည်။ ရဟန်းတွေအပါအဝင်
ဆေးကြောခြင်းခံယူထားသူ ခရစ်ယာန်တွေအကျင့်တရားပြောင်းလဲဖို့
ပိုမိုကောင်းမွန်တဲ့ပုံသွင်း သွန်သင်မှုကိုဖော်ဆောင်ပေးရမယ်၊ လူငယ်တွေက တိကျသေချာတဲ့ ခိုင်မာတဲ့ အသင်းတော်ကိုရှာဖွေနေကြတာပါ၊ အသင်းတော်ထဲမှာ အမှားတွေရှိခဲ့သလို အဲ့အမှားတွေကိုဖယ်ရှားမှုလည်း ရှိရမယ်ဟု ကနေဒါနိုင်ငံ ရဟန်းမင်အမတ် ကာဒီနယ် Gerald Cyprian La Croix မှ ပြောကြားခဲ့ပါသည်။

၃။ ။ အမျိုးသမီးတို့၏အခန်းကဏ္ဍ
အမျိုးသမီးတို့၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အသင်းတော်အတွင်း ဆုံးဖြတ်ချက်ချခြင်းနှင့် တာဝန်ဝတ္တရား ပိုင်းဆိုင်ရာမှာ အပေါ်ယံလေးပြောင်းလဲတာမျိုးမလုပ်ကြစေလိုကြောင်း ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ ပြောကြားချက်အပေါ် အားရနှစ်သက်မိကြောင်း၊ လူငယ်များထံမှ အမျိုးမီးများအခန်းကဏ္ဍဆွေးနွေးမှုများသည် အားရကျေနပ်ဖွယ်ရာဖြစ်ကြောင်း၊ လူဘောင်လောကတွင် ယောက်ျားမိန်မ ပေါင်းသင်းဆက်ဆံ၍ လုပ်ကိုင်နေကြရသော ပုံများ၊ လူနေမှု ပုံသဏ္ဍန်ပြောင်းလဲလာမှုများမပေါ်လူငယ်များ၏ တင်ပြချက်များသည် ထိရောက်မှု့ရှိကြောင်း၊ အသင်းတော်သည် ယောက်ျားမိန်းမအတူတကွ လက်တွဲလုပ်ဆောင်နေမှုကို ညီလာခံမှ ဖော်ထုတ်ပေးနေကြောင်း စစ္စတာ Nathalie Becquart မှ ပြောကြားခဲ့ပါသည်။

ယခုညီလာခံမှာ လူငယ်များအရေး ဆွေးနွေးနေကြသော အချက်များက အများအားဖြင့်တူညီနေကြပါတယ်။ သူတို့အဓိက အလေးအနက်ထားစေချင်တာက နာထောင်ပေးခြင်း၊ သူတို့ကိုတိုင်ပါဝင်လာနိုင်အောင်ခွင့်ပြုပေးခြင်၊ သူတို့ကိုယုံကြည်စေချင်တဲ့အချက်တွေပဲ ဖြစ်တယ် ဟု ရဟန်းမင်အမတ် ကာဒီနယ် Oswald Gracias မှ ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-press-briefing-tuesday-pollitt.html

#synod, #youth, #bishop, #pope, #peterkm,
Photo credit to Vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 13 =