နယူးဇီလန် နိုင်ငံ အကြမ်းဖက်တိုက်ခိုက်ခံရမှု​ကြောင့် သေဆုံးကြရသူများ၊ ဝမ်းနည်းပူဆွေးနေသင်များအတွက် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဝမ်းနည်း သဝဏ်လွှာ ပေးပို့

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်

နယူးဇီလန် နိုင်ငံ အကြမ်းဖက်တိုက်ခိုက်ခံရမှု​ကြောင့် သေဆုံးကြရသူများ၊ ဝမ်းနည်းပူဆွေးနေသင်များအတွက်
ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဝမ်းနည်း သဝဏ်လွှာ ပေးပို့
မတ်လ ၁၅၊ ၂၀၁၉

 

မတ်လ ၁၅ ရက် သောကြာနေ့က နယူးဇီလန် နိုင်ငံ ခရစ်စ်ချပ် ဒေသရှိ မွတ်စလင် ပလီ နှစ်ခုတွင် သောကြာနေ့ အစ္စလမ်ဘာသာဝင်များ ဘုရားဝတ်တက်ချိန်တွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ၄၉ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 

နယူးဇီလန်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမူ​ကြောင့် နယူဇီလန် နိုင်ငံသားများ၊ အထူးသဖြင့် အစ္စလမ်ဘာသာ ဝင် ညီကိုယ်မောင်နှများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း၊ ယခုကဲ့သို့ ခံစားချက်မဲ့သောလုပ်ရပ် ကြောင့် သေဆုံးကြရသူများ၊ ထိခိုက်ဒဏ်ရာ ရကြသူများ၊ ဝမ်းနည်းပူဆွေးနေရသူများ နှင့် အတူတကွရှိကြောင်း၊
ဝမ်းနည်းပူဆွေးနေကြရသူများ ဒုက္ခရောက်ကြရသူများအတွက် ဘုရားရှင်၏ နှစ်သိမ့်မှုခံစားကြရပါစေကြောင်း ဆုတောင်းအားပေး နှစ်သိမ့်ပါကြောင်း ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်စား ရဟန်းမင်းကြီး ရုံးတော် အစိုးရဝန်ကြီး ရဟန်းမင်းအမတ်ကာဒီနယ် ပီရယ်တရို ပါရိုလင်း မှ ဝမ်းနည်းသဝဏ်လွှာပေးပို့ခဲ့ပါသည်။

 

ယင်းအကြမ်းဖက်တိုက်ခိုက်ခံခဲ့ရမှု​ကြောင့် နိုင်ငံတဝှမ်း ထိတ်လန့်တုန်လှုပ်​ခဲ့ရကြောင်း၊ နယူးဇီလန် နိုင်ငံအတွက် အမှောင်ကြသော နေ့ အဖြစ် ဝမ်းနည်းကြေကွဲးရကြောင်း နယူဇီလန် ဝန်ကြီးချုပ် Jacinda Ardern မှ ပြောကြားခဲ့ပါသည်။

နယူးဇီလန် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှလည် နယူးဇီလန် တွင်ရှိသော မတူညီသောဘာသာဝင်များကြား ချစ်ခင်စွာ အတူတကွနေထိုင်ကြကြောင်း၊ ယခုအဖြစ် အပျက် သည် ထိတ်​လန့်​ဖွယ်ရဖြစ်ပြီး သေဆုံးသူများ၊ ထိခိုက်ဒဏ်ရရသူများအတွက် အစ္စလမ်ဘာသာဝင်များနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း
နယူးဇီလန် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှလည် ထုတ်ပြန်သောစာတွင်ဖော်ပြထားပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-francis-christchurc...

https://www.vaticannews.va/en/world/news/2019-03/new-zealand-dozens-kill...

#newzealand, #underattack, # condolences, #pope, # peterkm
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

7 + 12 =