နတ်ဆိုး၏ နှောင့်​ယှက် တတ်​ေ​သာ နည်းလမ်းများကို သခင်ခရစ်တော် ဖော်ပြ

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်း

နတ်ဆိုး၏ နှောင့်​ယှက် တတ်​ေ​သာ နည်းလမ်းများကို သခင်ခရစ်တော် ဖော်ပြ
မတ်လ ၁၀၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ၀ါတွင်း​ကာလ ပထမ တနင်္ဂနွေနေ့ သမ္မာကျမ်းစာ ကိုအခြေခံပြီး သခင်ယေဇူး အား နတ်ဆိုးနှောင့်​ယှက်ခြင်းအကြောင်းကို ရှင်းပြဟောကြားခဲ့ပါသည်။

♥ ပိုင်ဆိုင်မှုစည်းစိမ်များအပေါ်လောဘတပ်မက်ခြင်း

သခင်ယေဇူး ရက်ပေါင်းလေးဆယ် ဝါရှောင်ဆုတောင်းခြင်းအပြီးမှာ နတ်ဆိုးက ကျောက်တုံးကို သင်တန်​ခိုးနဲ့မုန့်ဖြစ်အောင် ပြောင်းလဲပြီးစားပါလား လို့ ​​နှောင်​့​ယှက်ခဲ့တယ်။ ဒီအချက်က မိမိ ပိုင်ဆိုင်မှုစည်းစိမ်များအပေါ်လောဘတပ်မက်ခြင်း စိတ်ကို နိုးဆွပေးခြင်းပဲ၊ နတ်ဆိုးဟာ လူတစ်ယောက်အတွက် အလိုအပ်ဆုံးအချိန်မှာ အလိုအပ်ဆုံးအရာ တစ်ခုနဲ့ စတင်နှောက်ယှက်လေ့ရှိတယ်။ ဘုရားမပါဘဲ သူအကူအညီမလိုဘဲ ငါအစွမ်းအစနဲ့ ငါလုပ်နိုင်ပါတဲ့ဆိုတဲ့ မိမိတပ်စွမ်းမူ မာနကို တိုးပွားစေတယ်၊ သို့​သော် သခင်ယေဇူးက လူသည်မုန့်အားဖြင်သာ အသက်ရှင်သည်မဟုတ်ဟု ကျမ်းစာအားဖြင့်နတ်ဆိုးကို တုန့်ပြန်ခဲ့တယ်။ ။

♥ လူသားတို၏ ဂုဏ်ပကာသနကို တပ်မက်ခြင်း

နတ်ဆိုးက သင်ငါကို ရှိခိုးလျှင် တိုင်းနိုင်ငံတွေကို သင့်ကိုငါပေးမယ် နှောင့်​ယှက်ခဲ့တယ်၊ ဒီ နှောင့်​ယှက် ခြင်းက သခင်ယေဇူးကို လောကဂုဏ်ပကာသန တွေနဲ့ပြည့်တဲ့ မက်ဆီးယား ဖြစ်အောင်မြှောက်ပင့်နေခြင်းဖြစ်တယ်။ အာဏာပါဝါတပ်မက်မှု့၊ အောင်မြင်မှုကိုတပ်မက်မှု၊ ငွေကြေးဥစ္စာတပ်မက်မှု​တွေက လူကိုပျက်စီးစေတယ်၊ ဒီမတည်မြဲတဲ့အရာတွေပေါ်မှာ တပ်မက်စိတ်တွေဖြစ်ပေါ်လာအောင်နှောင့်​ယှက်တဲ့ နတ်ဆိုးကို သခင်ယေဇူးက သင်၏ အရှင်ထာဝရဘုရားသခင်ကို ရှိခိုးကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ အစေခံရမည်လို့တုန်ပြန်ခဲ့တယ်။ ။

♥ မိမိရဲ့ အရေးပါမူကို အထင်ကြီးစေခြင်း

တတိယနှောင့်​ယှက်ခြင်းအနေနဲ့ နတ်ဆိုးက သခင်ယေဇူးကို ဂျေရုဆလင် ဗိမန်တော် ထိပ်ဖျား ထားပြီး သခင်ယေဇူးရဲ့ဘုန်းတခိုးတော်ထင်ရှားစေဖို့ သင့်ကိုသင်ပစ်ချလိုက် ဆိုပြီး စိန်ခေါ်နှောင့်​ယှက်ခဲ့တယ် ဒီအချက်ဟာ မိမိရဲ့ အရေးပါမူကို အထင်ကြီးစေခြင်း (ဘုရားသားတော်ပဲ ဘုရားကာကွယ်မှာပေါ့ လုပ်စမ်းပါ) သို့သော် သခင်ခရစ်တော်က တိကျ​သေချာသော ဆုံးဖြတ်ချက်ဖြင့် အဖ ခမည်းတော်ရှေ့မှာ ယုံကြည်ခြင်းအပြည့်​နဲ့ နှိမ်ချစွာ နေခဲ့ပြီး သမ္မကျမ်းစာ တော်အားဖြင့် သင်၏ အရှင်ဘုရားသခင်ကို စုံစမ်းခြင်းမပြုရ ဟုတုန့်ပြန်ခဲ့တယ်။ ဘုရားက ငါဖက်မှာရှိတယ် ငါ့ကိုကူညီမှာပါကွာဆိုတဲ့ မိမိကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်နဲ့ ဘုရားကို စမ်းသပ်ခြင်း မပြုလုပ်ရဘူး။ အပြည့်အဝယုံကြည်ထားရမယ်။

နတ်ဆိုးနှောင့်​ယှက်ခဲ့တဲ့ အရာတွေက ဘုရားသခင်နဲ့ဝေးကွာစေမဲ့ အရာတွေ၊ ဘုရားသခင်ရဲ့ အလိုဆန္ဒကို ဆန်ကျင်နေတဲ့အရာတွေ ဖြစ်ပြီး အဲ့အရာတွေကိုအခြေခံပြီး လူတွေတပ်မက်တဲ့ ပျော်ရွှင်မူ အောင်မြင်မှု တွေနဲ့ဖျားယောင်းပြီး ထင်ယောင်ထင်မှား ဖြစ်အောင်နှောင့်​ယှက်နေခြင်းဖြစ်တယ်။ ။

အဖ ခမည်းတော်ဘုရား၏ စီမံကိန်းတော်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ မိမိကိုယ်တိုင် ကြုံတွေခဲ့ရတဲ့ နှောင့်​ယှက်ခြင်းသုံးမျိုးကို သခင်ယေဇူးကျော်လွှာပြခဲ့တယ်။ ယင်းအားဖြင့် ယေဇူးသခင်က နတ်ဆိုး၏ နှောင့်​ယှက် တတ်​ေ​သာ နည်းလမ်းများကို သခင်ခရစ်တော် ဖော်ပြပေးခဲ့တယ် အဲ့ဒါ​တွေကတော့ မိမိအတွင်းစိတ် ဘဝ၊ ဘုရားသခင်၌အပြည့်အဝယုံကြည်မူ နဲ့ တိကျ​သေချာသောဘုရားရဲ ချစ်ခြင်းမေတ္တာ ပါပဲ နတ်ဆိုးက အဲ့ဒီအချက်တွေကို သံသယဖြစ်အောင် နှောင့်​ယှက်လေ့ရှိတယ်။ သေချာတာကတော့ အဖ ခမည်းတော်သည် ဘုရားသခင်ဖြစ်တယ်၊ ချစ်ခြင်းမေတ္တာ ဖြစ်တယ်၊ အဲ့ဒီ အဖခမည်းတော်၏ ချစ်ခြင်းမေတ္တာ အားဖြင့် နှောင့်​ယှက်ခြင်းအားလုံးကို ငါတို့ကျော်လွှားနိုင်တယ်။ ။
ဒီဝါတွင်းကာလမှာ အခွင့်ကောင်းယူပြီး မိမိကိုယ်ကို သန်ရှင်းစေလျှက် ကျွနု်​ပ်တို့ရဲ့ဘဝမှာ ဘုရားသခင်ရဲ နှစ်သိမ့်ပေးမူကို ခံစားကြပါစို့။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-angelus-jes...

#pope, #angelus, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 9 =