နတ်ဆိုးနှောက်ယှက်ခြင်း အမျိုးမျိုးမှ သခင်ခရစ်တော်သည် ကျွနုပ်တို့ကို ကယ်တင်တော်မူလိမ့်မည်

အပတ်စဉ်ဗုဒ္ဓဟူးနေ့ တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်း

နတ်ဆိုးနှောက်ယှက်ခြင်း အမျိုးမျိုးမှ သခင်ခရစ်တော်သည် ကျွနုပ်တို့ကို ကယ်တင်တော်မူလိမ့်မည်
မေလ ၁၅၊ ၂၀၁၉

အပတ်စဉ်ဗုဒ္ဓဟူးနေ့ တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်း တွင် (မကောင်းဟူသမျှမှကင်းလွတ်စေတော်မူပါ) ဟူသော ကောင်းကင်ဘုံ၌ မေတ္တာ နောက်ဆုံး အပိုဒ်ကို နတ်ဆိုးနှောက်ယှက်ခြင်း အမျိုးမျိုးမှ သခင်ခရစ်တော်သည် ကျွနုပ်တို့ကို ကယ်တင်တော်မှုလိပ်​မည် ဟူ၍ ရှင်းပြသွန်သင်ခဲ့ပါသည်။ (မကောင်းဟူသမျှမှကင်းလွတ်စေတော်မူပါ) ဟူသော ကောင်းကင်ဘုံ၌ မေတ္တာ နောက်ဆုံး အပိုဒ်မှာ လူလောက၏ မြောက်များလှစွားသော အခက်အခဲးတွေနဲ့ပြည့်နေတာကို ကယ်တင်ပေးဖို့ အဖခမည်းတော်စီမှာ တောင်းဆိုကြဖို့ သခင်ခရစ်တော်က ကျွနုပ်တို့ကို ဖိတ်ခေါ်နေတယ်။ ဒီ ကောင်ကင်ဘုံ၌မေတ္တာရဲ့ နောက်ဆုံးအပိုဒ်လေးကို ဖြုတ်လိုက်မယ်ဆိုရင်၊ နောက်ဆုံးအချိန်ရောက်နေသော၊ စိတ်ပျက်အားငယ်နေသော၊ ညှင်းပန်းနှိတ်စက်ခံနေရသော အပြစ်သား ဝိညာဉ်တွေ ဘယ်လိုဆုတောင်းကြမလဲး ။။

~ အမြဲးတမ်း နှောက်ယှက် နေသော နတ်ဆိုး
နတ်ဆိုးဟာ ဒီကမ္ဘာမြေပေါ်မှာ အချိန်ပြည့်နှောက်ယှက်နေတယ် အဲ့လိုနှောက်ယှက်နေတဲ့ နတ်ဆိုးက ကျနုပ်တို့ကို ရှာဖွေဖမ်းစီး ကိုက်ဖြတ်စားသောက်မည့်ဘေးမှ ကယ်တင်တော်မှုပါလို့ ဂရိ မူရင်းဘာသာစကာမှာဖော်ပြထားတယ်။ (πονηρός) evokes “the presence of evil that seeks to grab hold and bite at us, and from which we ask God for delivery.” လူသားမျိုးနွယ်စု သမိုင်းတစ်လျှောက်မှာ ကျရှုံးမှုများစွားကို အတွဲးလိုက် သမိုင်းစာအုပ်တွေမှာ ဖော်ပြထားခဲ့ကြတယ်၊ အဲ့ဒါ ဘာကိုပြနေသလည်းဆိုရင် သမိုင်းစဉ်ဆက်တစ်လျှောက် ကြေက်မက်ဖွယ်ရာ အဖြစ်အပျက် တွေဟာ ဘုရားရဲ့လုပ်ရပ်မဟုတ်၊ ဘုရားသခင်ရဲ့လုပ်ငန်းစဉ်ကို နှောက်ယှက်ဖျက်စီနေတဲ့ နတ်ဆိုးရဲ့လုပ်ရပ်တွေ ဖြစ်တယ်၊ ဒီအချက်က အံသြဖွယ်ရာကောင်းတဲ့နတ်ဆိုးရှိ နေတယ်ဆိုတာ ပြသနေခြင်းဖြစ်တယ်။

နတ်ဆိုးရဲလုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့အလိုဆန္ဒ နှင့် လုပ်ရပ်တွေကို အမြဲစာနာကျင်နေတယ်ဆိုတာ ဆုတောင်းသောသူတွေ သိရှိကြတယ်၊ မကောင်းဟူသမျှမှကင်းလွတ်စေတော်မှုပါ ဆိုတဲ့ အပိုဒ်ကလေးက မိမိတစ်ကိုတည်းအတွက် တောင်းခြင်းမဟုတ် ဒုက္ခခံစားနေရသည့် အပြစ်မဲ့သော ကလေးသူငယ်မျာ၏ ဒုက္ခများမှ၊ အမြတ်ထုတ်ကျွန်ပြုခံနေရသောသူတို့၏ ဒုက္ခများမှ၊ ကျွန်ဘဝ အမျိုးမျိုးကြရောက်နေကြသောသူတို့၏ ဒုက္ခများမှ၊ အပြစ်ကင်းစဉ်းပြီး မတရားဒုက္ခညှင်းပန်းနှိပ်စက်ခံနေရသော သူတို့၏ ဒုက္ခများမှ၊ ဝမ်းနည်းကြေကွဲးနေရသောသူတို့၏ ဒုက္ခများမှ ကယ်တင်တော်မူပါဟု ဆုတောင်းနေခြင်းဖြစ်တယ်။ ယင်းဆုတောင်းမေတ္တာသည် ကျွနုပ်တို့အတွက် နှင့် လိုအပ်နေသော သူများအားလုံးအတွက် ဆုတောင်းပေးခြင်းဖြစ်ပါတယ်။

သခင်ခရစ်တော် ကားတိုင်ပေါ်မှာ အိုအဖ သူတိုပြုသောအပြစ်ကို သူတိုမသိသောကြောင့် ခွင်လွတ်ပေးတော်မူပါ လို့ဆုတောင်းပေးခဲ့တယ် ဒီအချက်က ကျွနုပ်တို့ ဘယ်လောက်ပဲ အပြစ်ထည်းမှာကျခဲ့ပါစေ သခင်ခရစ်တော်သည် ကျွနုပ်တို့ဖက်မှာရှိနေပြီး ကျွနုပ်တို့ကို ကယ်တင်ပေးနေတယ်ဆိုတာဖော်ပြခြင်းဖြစ်တယ်။
သခင်ခရစ်တော်ရဲ့ကားတိုင်ပေါ်က ခွင့်လွတ်းခြင်းမှ ငြိမ်းချမ်းခြင်း စီးဆင်လာတယ်၊ စစ်မှန်သော ငြိမ်းချမ်းခြင်းဟာ ကားတိုင်မှ ပေါ်ထွက်လာခြင်းဖြစ်တယ်၊ အဲ့တာ ရှင်ပြန်ထမြောက်တော်မူသော ကယ်တင်ရှင်ပေးခဲ့တဲ့အကြီးမားဆုံး အမွေအနှစ်ဖြစ်တယ်။ ။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-audience-ou...

#pope, #generalaudience, #ourfather, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

14 + 0 =