ဓမ္မညီလာခံ ဖွင့်ပွဲမှာ ဝိညာဥ်ရေးဆိုင်ရာ ဆန်းစစ် သုံးသပ်မှုဟာအရေးကြီးကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် မိန့်ကြား

အောက်တို့ဘာ (၁၀)ရက်နေ့ ဓမ္မညီလာခံ ဖွင့်ပွဲမှာ ဝိညာဥ်ရေးဆိုင်ရာ ဆန်းစစ် သုံးသပ်မှုဟာအရေးကြီးကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် မိန့်ကြားခဲ့ပါတယ်။

 

ဆရာတော်ကြီးများရဲ့ ဓမ္မညီလာခံက ဝိညာဥ်ရေးနဲ့ အမိ အသင်းတော်ရဲ့ ဆန်းစစ်သုံးသပ်တဲ့ ခရီးစဥ် တစ်ခုဖြစ်ပြီး အဲဒါက ဘုရားသခင်ရဲ့ နှုတ်ကပါတ် တရားကို ထောက်ရှုခြင်းနဲ့ ဆုတောင်း၊ ရှိခိုးဝတ်ပြုတဲ့ နေရာကနေ စတင်တာ ဖြစ်ပါတယ်။

ဒီနေ့ ဒုတိယကျမ်းချက် နှုတ်ကပါတ်တော်ကနေ ဘုရားသခင်ပြောနေတာက "ဘုရားသခင်၏ နှုတ်တော်ထွက်စကား သည် အသက်ရှင်လှုပ်ရှားလျက်ရှိပြီး အသွားနှစ်ဖက်ရှိသော ဓားတကာတို့ထက်ပို ၍ထက်မြက်လေ၏။ ၎င်းသည် ဝိညာဉ်နှင့် စိတ်နှလုံးကို လည်းကောင်း အရိုးအဆစ်နှင့် ရိုးတွင်းခြင်ဆီကို လည်းကောင်း ပိုင်းခြား၍ ထိုးဖောက်ပြီး စိတ်နှလုံး၏ အကြံအစည်နှင့် ရည်ရွယ်ချက်များကိုလည်း ဝေဖန် ချင့်ချိန်နိုင်၏၊ (ဟေဗြဲ ၄း၁၂)။" 

 

 

ဒီနှုတ်ကပါတ်တော်က ကျွန်ုပ်တို့ကို ဆန်းစစ်သုံးသပ်ပြီး အဲဒီလိုမျိုး လုပ်ဆောင်နိုင်ဖို့ ဉာဏ်အလင်း ပြသပေး နေပါတယ်။ အဲဒါက ဆရာဝာာ်ကြီးများ ဓမ္မညီလာခံကို လမ်းညွှန်ပေးပြီး

အသင်းတော်ရဲ့ညီလာခံ၊ လေ့လာရေးအဖွဲ့ သို့မဟုတ် အဲဒါက ဆရာဝာာ်ကြီးများ ဓမ္မညီလာခံကို လမ်းညွှန်ပေးပြီး အသင်းတော်ရဲ့ညီလာခံ၊ လေ့လာရေးအဖွဲ့ သို့မဟုတ် နိုင်ငံရေးကွန်ဖရင့်လိုမျိုးပဲ မဟုတ်ဘဲ၊ ကျေးဇူးတော်နဲ့ ဖြည့်ထားတဲ့ အဖြစ်အပျက်နဲ့ သန့်ရှင်းသော ဝိညာဥ်တော်ရဲ့ လမ်းညွှန် ကုသခြင်းရဲ့ ဖြစ်စဥ်ပါ။

 

 

ဒီနေ့ရက်တွေမှာ ဧဝံဂေလိကျမ်းထဲ သခင်ယေဇူးက သူဌေးသားကို ခေါ်သလိုမျိုး ကျွန်ုပ်တို့ကိုလည်း ဖိတ်ခေါ်နေပြီး လောကအရာတွေ အားလုံးနဲ့အတူ ကျွန်ုပ်တို့ရဲ့ မကောင်းမှုတွေနဲ့ဟောင်းနွမ်းနေတဲ့ သိုးထိန်း ပုံရိပ်တွေကနေကင်းလွတ်ဖို့ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်ုပ်တို့ကို ဘုရားသခင် ဘာတွေပြောဆိုစေ ချင်သလဲ၊  ကျွန်ုပ်တို့ကို ဘယ်နေရာကို ဦးတည်ပြီးဦးဆောင်နေသလဲ၊ ကျွန်ုပ်တို့ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ကြဖို့ ဖိတ်ခေါ်နေပါတယ်။

 

✍️ထန်းဟာ, SJ✍️

 

Add new comment

1 + 7 =