ဒေ၀ါလီအတွက်ဗာတီကန်မှနုတ်ဆက်ဆုတောင်းစာလွှာ

ဒေ၀ါလီအတွက်ဗာတီကန်မှနုတ်ဆက်ဆုတောင်းစာလွှာ

ချစ်ခင်ရပါသော ဟိန္ဒူမိတ်ဆွေများခင်များ

ဗာတီကန်ရုံးတော်ရှိ သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်း တွေ့ဆုံဆွေးနွေးမိတ်ဖက် ခြင်းရုံးတော်မှ အောက်တိုဘာလ (၂၄) ရက်နေ့၌ကျရောက်သော ‘ဒေပါ၀ါလီ’ မင်္ဂလာနေ့မြတ်အတွက် ၀မ်းသာနှုတ်ဆက်ဆုတောင်းလွှာပေးပို့လိုက်ပါကြောင်း၊ ‘အလင်းတော်၏ပွဲ’ နေ့အချိန်အခါသမယ၌ ကောင်းချီးတော်နှင့်ပျော်ရွှင်ခြင်းသည်ထွန်းလင်းပါစေ။

သင်တို့အနီးအပါးရှိ မိသားစု၀င်များ၊ အဖွဲ့အစည်းများ နှင့်လူမှုအသိုင်းအဝိုင်းကြီးများအားလည်း ထိုအလင်းယှက်ဖြာလင်းထိန်ပေးနိုင်ပါစေ။ လက်တလော၌ ဖြစ်ပွားနေကြသော တင်းမာမှုများ၊ ပဋိပက္ခများ၊ ကမ္ဘာ၏နေရာအတော်များများ၌ဖြစ်ပွားနေသော ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမျိုးရေး၊ စကား၊ အုပ်ချုပ်ဗိုလ်ကျရေးစသော အကြောင်းအရာများအပေါ်အခြေ ခံ၍ဖြစ်ပွားနေသော အကြမ်းဖက်မှုများအားလုံးသည် ယှဉ်ပြိုင်မှု၊ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအ တွေးအခေါ်သစ်များချဲ့ထွင်ရေး၊ လူမျိုးကြီး၊ လူမျိုးစုသေးအရေးများ၊ မီဒီယာများကိုအလွှဲအသုံးချမှုများ သည် အဓိကအကြောင်း တရားများဖြစ်သည်။ ဤအခြေအနေများအားလုံးသည် ညီအစ်ကိုမောင်နှမများ အဖြစ်နေထိုင်လာခဲ့သောအခြေအနေ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲလာခဲ့သည့်အခြေအနေများကိုရိုက်ခတ် သွားစေသည်။ ထို့ကြောင့် အချင်းချင်းယှဉ်တွဲနေထိုင်နိုင်ရေးသည် အားလုံး၌တာ၀န်ရှိပါသည်၊ တာ၀န်ခံရမည့်အသိကိုရှင်သန်လာအောင်တိုးမြှင့်လုပ်ဆောင်ရပါမည်။ ကျွန်ုပ်တို့၏လွန်စွာပျော်စရာကောင်းသော ဓလေ့များ ကိုလည်းဆက်လက်ထိန်းသိမ်းထားရမည်။ ထို့အတူ ကျွန်ုပ်တို့သည်လည်း သင်တို့နှင့်အတူ ခရစ်ယာန် နှင့်ဟိန္ဒူတို့အတူတကွယှဉ်တွဲ၍တာ၀န်ယူ၊ တာ၀န်ခံမှုရှိရှိဖြင့်အတ္တအကျိုး၊ ပရအကျိုးများကိုဆောင် ရွက်နိုင်ပါသည်။

အတူတကွယဉ်တွဲနေထိုင်ခြင်းသည် ရင်းနှီးကျွမ်း၀င်ခြင်း၊ ရှင်သန်နေခြင်း၊ မတူညီမှုကြား၌အ ခြားသူများနှင့်အတူနေထိုင်နိုင်ခြင်း၊ မတူညီကွဲပြားသော်လည်း လေးစားမှုရှိခြင်း၊ ချစ်ခြင်း၊ ယုံကြည်မှုရှိရမည်ဖြစ်သည်။ ဤသို့နေထိုင်တတ်မှုသည် ရင်းနှီးချစ်ကြည်သော၊ ညီအစ်ကိုရင်းစိတ်ဓာတ်ရှိသော၊ လူသားအချင်းချင်းသဟဇာတရှိသောပတ်သက်မှုကိုတည်ဆောက်ခြင်းဖြစ်သည်။ ဤသို့ လုပ်ဆောင်တတ် မှုသည်အနုပညာဖြစ်သည်။ ဤသို့နေထိုင်တတ်ရန်မှာလည်း စိတ်ရှည်သီးခံစွာဖြင့် နေ့စဉ်ရှင်သန်ဖြတ်သန်း သောအသက်တာ၊ စကားပြောဆိုဖလှယ်ခြင်း၊ အချင်းချင်းနားထောင်ခြင်း၊ သင်ယူခြင်း စသည်တို့အပေါ် အခြေခံသည်။

အသက်သည် သွေးစည်းခြင်း၊ ပေါင်းစပ်ခြင်း၊ ညီအစ်ကိုမောင်နှမအသက်တာ၌တည်မှီနေ သည်။ (Pope Francis, Encyclical Letter Fratelli Tutti - On Fraternity and Social Friendship, 2020, no.87)

အတူတကွယှဉ်တွဲနေထိုင်ရေးကိုတိုးမြှင့်လုပ် ဆောင်ရန်မှာ တစ်ဖွဲ့မှတစ်ဖွဲ့အားလည်းကောင်း၊ ဖန်ဆင်းခြင်းအားလည်းကောင်း ဂရုစိုက်တတ်ရန်လိုသည်။ ဤသို့ပြုလုပ်ခြင်းသည် အများကောင်းကျိုး အတွက် ညီအစ်ကိုချင်းချစ်ချင်းမေတ္တာ၊ ပူးတွဲတာ၀န်ယူတတ်မှု၊ အတူတကွလျှောက်လှမ်းလုပ်ဆောင်ရန်အသင့်အနေအထားရှိကြောင်းကိုပြနေသည်။ အများကောင်းကျိုးအတွက် ကျွန်ုပ်တို့တတ်နိုင်သည် များကိုဖြည့်ဆည်းဆောင်ရွက်သည့်အပြင် ကျွန်ုပ်တို့ပတ်၀န်းကျင်ရှိအသိုင်းအ၀ိုင်းကိုလည်း အတူတကွ ယှဉ်တွဲနေထိုင်ခြင်းကိုလက်တွေ့ဖော်ဆောင်ရန်နှင့်လူသားတိုင်း၏ဂုဏ်သိက္ခာ၊ အခွင့်အရေးကိုလည်း လေးစားရမည်ဖြစ်သည်။ ထို့ကြောင့် လူမှုကောင်းကျိုးနှင့်ရေရှည်တည်သောဘက်စုံဖွံ့ဖြိုးမှု၊ လူတိုင်းနှင့် ဖြစ်စေ၊ သဘာ၀တရားနှင့်ဖြစ်စေ သဟဇာတရှိစွာနေထိုင်နိုင်ရန်ကြိုးစားရမည်။

အတူယှဉ်တွဲနေထိုင်ရန်မှာ စိန်ခေါ်မှုများစွာတွေ့ကြုံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အ များပိုင်းသည်ဤသို့ရှင်သန်ရန်ကြိုးစားအားထုတ်ခြင်းကို ၄င်းတို့နှင့်မဆိုင်၊ စိတ်၀င်စားမှုကိုလည်းမပြဘဲ ရှိနေပေမည်။ သို့သော် ဘုရား သခင်ကိုယုံကြည်သောကျွန်ုပ်တို့သည် ၄င်းတို့၏အတွေးအခေါ်မျိုးထဲမနစ် မျောသွားရန်လိုအပ်သည်။ ကြံ့ကြံ့ခံ၍၄င်းတို့အားလမ်းပြပေးရမည်။ မိသားစု၌ မိဘ၊ သက်ကြီး၀ါကြီး တို့သည် ၄င်းတို့၏သားသမီးမြေးမြစ်များအပေါ်ဩဇာညောင်းကြသည်။ ဤသို့ပင် အတူတကွယှဉ်တွဲနေ ထိုင်ရာ၌လည်းတူညီသောတာ၀န်ယူမှုရှိရသည်။

မိသားစုဘာသာရေးခေါင်းဆောင်များ၊ ကမ္ဘာတစ်၀ှမ်း ရှိဘာသာရေးအဖွဲ့အစည်းများအားလုံး၊ ပညာသင်ကြားပေးသောအသိုင်းအ၀ိုင်းများ၊ လူမှုကွန်ရက်အ မျိုးမျိုး၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများတို့သည်လည်း ဤအတူတကွယှဉ် တွဲနေထိုင်သောယဉ်ကျေးမှုထွန်းကားလာစေရန် တာ၀န်မှုကိုမျှခံယူရမည်။ ဤလုပ်ဆောင်ချက်ကိုဖော် ဆောင်ပေးသည့် မည်သည့်နည်းလမ်းကောင်းကိုမဆိုအသုံးပြုရမည်။

ရဟန်းမင်းကြီးဖရန်စစ် အသားပေးမိန့်ကြားခဲ့သော သက်၀င်ယုံကြည်မှုမတူသော ဘာသာအ ချင်းချင်းတွေ့ဆုံဆွေးနွေးနှီးနှောခြင်းသည် ကျွန်ုပ်တို့အချိန်အခါအတွက် အမြှော်အမြင်ရှိသောအစပျိုး သည့်လုပ်ဆောင်ချက်ဖြစ်သည်။ ညီအစ်ကိုရင်းစိတ်ဓာတ်တိုးပွားကြီးထွားစေသောလမ်းကြောင်း၊ ကမ္ဘာ ကြီး၏ငြိမ်းချမ်းရေးကိုတည်ဆောက်ခြင်းဖြစ်သည်။’ (Greetings to the Delegates of the International Jewish Committee on Interreligious Consultations, 30 June, 2022) ဤတိုက် တွန်းချက်သည် ဖြစ်နေပြီး၊ ဖြစ်နိုင်ချေရှိသောတိုက်တွန်းနိူးဆော်ချက်လည်းဖြစ်သည်။ ထို့အတူ ယုံကြည် မှုမတူသောလူသားအားလုံးအားလည်း ဤတန်ဖိုးရှိသော ညီအစ်ကိုရင်းစိတ်ဓာတ်ကိုရှင်သန်ကြရန်၊ စည်း လုံးညီညွှတ်ခြင်း၊ မျှ ‌ေ၀ခံထမ်းခြင်းများကို အများကောင်းကျိုးအတွက် လုပ်ဆောင်ရန်တပ်လှန့်လိုက် ခြင်းလည်းဖြစ်သည်။

ကျွန်ုပ်တို့ဘာသာရေးအဖွဲ့အစည်းများ၏ ယုံကြည်သူများနှင့်ခေါင်းဆောင်များဖြစ် ကြသော ကျွန်ုပ်တို့ ခရစ်ယာန်များ၊ ဟိန္ဒူများ၊ အခြားသောမိရိုးဖလာဘာသာတရားကိုသက်၀င်ယုံကြည် သူများ၊ စိတ်ကောင်းနှလုံးကောင်းရှိသူများအားလုံး အတူလက်တွဲ၍ ကျွန်ုပ်တို့သက်၀င်ယုံကြည်သော ဘာသာရေးယုံကြည်ချက်၊ ခံယူချက် များအခြေခံကာလူသားမိသားစုကောင်းကျိုးနှင့်ဘုံစံအိမ်ဖြစ်သော ကမ္ဘာ့ကောင်းကျိုးအတွက် အတူယှဉ်တွဲနေထိုင်နိုင်ရေးကိုမျှတူခံယူလုပ်ဆောင်ရင်း ကမ္ဘာကြီးသည် အား လုံးအတွက်ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း၌ နေထိုင်ရန်လုံခြုံသောအိမ်အဖြစ်ပြောင်းလဲပစ်နိုင်ရန်အား ထုတ်ကြပါစို့။

ပျော်ရွှင်သော ‘ဒေပါ၀ါလီ’ ဖြစ်ပါစေဟုဆုမွန်ချွေလျှက်

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3DGg3gs

Add new comment

2 + 0 =