ဒုက္ခ အန္တရာယ်ကြားတွင်ရောက်ရှိနေသော ရွေ့ပြောင်း ဒုက္ခသည်များ

ဒုက္ခ အန္တရာယ်ကြားတွင်ရောက်ရှိနေသော ရွေ့ပြောင်း ဒုက္ခသည်များ
စက်တင်ဘာလ ၁၉၊ ၂၀၁၈

https://www.vaticannews.va/en/church/news/2018-09/usccb-us-bishops-refug...

#refugees, #america, #bishope, #statement, #vatican, #rvasia, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

၂၀၁၉ တွင် ဒုက္ခသည် သုံးသောင်းသာ ကန့်သတ်​လက်​ခံနိုင်မည်ဟု အ​မေရိကန်​ အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ဒုက္ခသည်များ၏ အခြေအနေသည် ပိုမိုဆိုးရွားသောအခြေအနေတွင်ရောက်နိုင်ကြောင်း အမေရိကန်​ ဆရာတော်ကြီးများအဖွဲ့ချုပ်မှ အင်္ဂါနေက စာတစ်​​စောင်ထုတ်ပြန်ခဲ့ပါသည်။
လူပေါင်းသုံးသောင်းသာလက်ခံမည်ဟု ကန့်သတ်ခဲ့မှုကြောင့် ကျန်ရှိနေသောသူများသည် အကာအကွယ်မဲ့ဘဝ ရောက်ကြရတော့မည့်အခြေအနေဖြစ်​​နေသည်​့အတွက်​ အလွန်ပင်ဝမ်းနည်းရကြောင်း ရွေ့ပြောင်းဒုက္ခသည်အရေးတာဝန်ခံဆရာတော် Joe Vasquez မှပြောကြားခဲ့ပါသည်။
အမေရိကန်​ သည် ယခင်က မတရားညှင်ပန်းနှိပ်စက်ခံရ၍ ထွက်ပြေးလာသူများအား နိုင်ငံသားဖြစ်ခွင်​့​ပေးသော အစဉ်အလာရှိပါသည်။ ယခုအခါတွင် လူအများပြားကိုလက်ခံနိုင်သော အခြေအနေရှိပါလျှက် ကန့်သတ်​လက်ခံခြင်းသည်လူအမြောက်အများ၏ ဒုက္ခကို လစ်​လျုရှုရာရောက်ပြီး အရင်ကအမေရိကသည် လူအများခိုလုံရာ ကြိုဆိုခဲ့သော်​လည်းယခုအခါ ဆန့်ကျင်ဘက်အခြေအနေ တံခါးပိတ်လိုက်ခြင်းသည် လူသားမဆန်ရာကျ၍
ယခင်ကသနားကျင်နာမှုအပြည့်ဖြင့်ကြိုဆိုခဲ့သော အမေရိက၏ပုံရိပ်၊ ဒုက္ခသည်များ၏ အခြေအနေ၊ နယ်ခံပြည်သူပြည်သားတို့၏ ကူညီနိုင်မှုအခြေအနေ စသည်များကို ပြန်လည်သုံးသပ်ရန် အမေရိက လွတ်တော်သို့ပြန်လည်တင်ပြမည်ဖြစ်သည်​။
ဆရာ​တော်များထုတ်ပြန်ချက်ကို တချို့မကျေနပ်သူများရှိသောလည်း လက်ခံသူများပိုမိုမျာပြားကြေပြီး အစိုးရ၏ လူဦးရေကန့်သပ်လိုက်မူများ သည်​ အမေရိက၏ပုံရိပ်ကိုကျဆင်းစေ​ပြီး ရှက်ဖွယ်ရာဖြစ်ကြောင်း ရွေ့ပြောင်းဒုက္ခသည်အရေးတာဝန်ခံဆရာတော် Joe Vasquez မှပြောကြားခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောင်နုတ်​​ဖော်ပြပါသည်။

 

Add new comment

7 + 11 =