ဒုက္ခရောက်နေသူတွေအတွက် သင်တို့၏ နူတ် နှင့်နားများကို ပိတ်၍မထားပါနှင့်

အပတ်စဉ် တနင်္ဂနွေနေ့ အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း

ဒုက္ခရောက်နေသူတွေအတွက် သင်တို့၏ နူတ် နှင့်နားများကို ပိတ်၍မထားပါနှင့်
စက်တင်ဘာ ၉၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-angelus-suf...

#pope, #angelus, #beopened, #help, #peterkm,
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အပတ်စဉ် တနင်္ဂနွေနေ့ အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် တနင်္ဂနွေနေ့ သမ္မာကျမ်းစာ ကိုအခြေ ခံပြီး ဒုက္ခရောက်နေသူတွေအတွက် သင်တို့၏နှုတ် နှင့်နားများကို ပိတ်၍မထားပါရန် လူထုပရိသတ်အားဟောကြားခဲ့ပါသည်။
သခင်ခရစ်တော်၏ လုပ်ရပ်တိုင်းသည် လူတွေအထင်ကြီးရန်၊ မိမိကိုယ်ကို ဂုဏ်ဖော်ရန်၊ နာမည်ကျော်ကြားရန်၊ မည်သို့သောအခါမျှ မလုပ်ဆောင်ခဲ့ပေ။ လူသားများ အကျိုးအတွက်သာလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ ယင်းစိတ်ထားဖြင့် သခင်ခရစ်တော်သည် ကျွနု်ပ်တို့ ကောင်းမွန်သောအလုပ်များလုပ်ဆောင်သည့်အခါ ကြွားဝါမှုမရှိရန် လူသိရှင်ကြားမလုပ်ရန် သွန်သင်နေပါသည်။
သခင် ခရစ်တော်သည် လူသားစင်စစ်ဖြစ်သည်။ ဘုရားသခင်နှင့်လည်း တလုံးတဝတည်းရှိကြောင်းကို ဆွံ့အနားမကြားသူကို ဘုရားကျေးဇူးတော်ဖြင့် ကုသပေးခြင်းအားဖြင့် ဖော်ပြခဲ့ပါသည်။
ဆွံ့အ နားမကြားသူကို ကုသပေးခြင်းအားဖြင့် သခင်ခရစ်တော်သည် ဒုက္ခရောက်သူများကို ကူညီရန် သွန်သင်နေပါသည်။
လူအများစုသည် ဖျားနာခြင်း ဝေဒနာခံစားသူ၊ ဒုက္ခရောက်သူများနှင့် အတူနေရလျှင် ဝန်ထုပ်ဝန်ပိုးတစ်ခု၊ ပြသနာတစ်ခုအဖြစ်သာမြင်တတ်ကြသည်။ ထိုအရာများကို ဒုက္ခရောက်သူအား ကူညီရန် ဘုရားသခင်က ကျွနု်ပ်အားပေးသော အခွင့် အလမ်းအဖြစ် မည်သူမျှ မမြင်နိုင်ကြပါ။ ထို့အတွက်ကြောင့် ဒုက္ခရောက်သူ များကိုတွေ့မြင်လျှင် သင်တို့၏နူတ် နှင့်နားများကို ပိတ်၍မထားကြဘဲ နှလုံးသားဖြင့် မြင်နိုင်အောင်ကြည့်ကြရန်
သခင်ခရစ်တော်၏ တန်ခိုးတော်သည် သင်အားဖြငိ့လူအများအား ကူညီရန် သင်နှလုံးသားကို လှုံဆော်ပေးနေပါသည်။ မိမိဘဝ သက်တောင့်သက်သာရှိဖို့၊ တစ်ကိုကောင်းစိတ်မွေးမြူခြင်းများကို ရှောင်ရှားပြီး၊ ချစ်ခြင်းမေတ္တာ မျက်လုံးဖြင့် မြင်နိုင်အောင်ကြည့်ကာ မိမိဘဝအသက်ရှင်နေထိုင်မှုဖြင့် ချစ်ခြင်မေတ္တာ ကို ဖော်ပြကြပါစို့။
မိမိတို့နှလုံးသားများကို ဖွင့်၍ ဘုရားသခင်းနှင့်ပေါင်းစပ်ပြီး ဒုက္ခရောက်သူများ၏ အော်ဟစ်ညည်းတွားသံကို နားစွင့်ကြပါစို့။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။

 

Add new comment

2 + 2 =