ဒုက္ခကြား၌ဆုတောင်းလျှင်ဘုရားသခင်သည် ကျွန်ုပ်တို့၏အနီးအပါး၌ရှိနေသည်။

ဒုက္ခကြား၌ဆုတောင်းလျှင်ဘုရားသခင်သည် ကျွန်ုပ်တို့၏အနီးအပါး၌ရှိနေသည်။

ဒုက္ခကြား၌ဆုတောင်းလျှင်ဘုရားသခင်သည် ကျွန်ုပ်တို့၏အနီးအပါး၌ရှိနေသည်။

(အဘယ်သို့ဆုတောင်းမည်နည်း။)

ရဟန်းမင်းကြီးသည်ဆာလံကျမ်းစာအုပ်ကို ‘အမျိုးသားအမျိုးသမီးများစွာ၏၀ိညာဉ်ရေးလေ့ကျင့်ခန်းနှင့် ဆု တောင်းရာစာအုပ်ဟုညွှန်းဆိုလိုက်ပါသည်။ ကျမ်းစာအုပ်၌မိုးဇယ် ရေးသားထားသောဥပဒေကျမ်း၊ ပရောက်ဖက်ကျမ်း၊ ဉာဏ်ပညာကျမ်းအုပ်စုဟူ၍ရှိသည်။ စာလံကျမ်းသည်ဉာဏ်ပညာကျမ်းအုပ်စု၀င်ဖြစ်သည်။ ဆာလံကျမ်းသည်ဘုရားသခင် ၏သားသမီးတို့ကိုအဘယ်သို့ဆုတောင်းရမည်ကိုသင်ကြားပေး၊ လမ်းညွှန်ပေးသည်။ ဆာလံကျမ်းစာအုပ်၌လူတို့သားတစ် ဦး၏ခံစားချက်၊ စိတ်နေစိတ်ထားများကိုတွေ့ရသည်။ ဆိုလိုသည်မှာပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ သံသယ၀င်ခြင်း၊ နာကျင် ခြင်း၊ ခါးသီးခြင်းစသောကျွန်ုပ်တို့လူ့ဘ၀၌ကြုံတွေ့ခံစားရသောအခြေအနေကိုထင်ဟပ်ဖော်ပြပေးနေသည်။ ဘုရားသခင် သည်ကျမ်းရေးသူအားစကားလုံးကြွယ်၀မူ၊ စကားလုံးထိမိမူများကိုအလင်းပေးထားသည်။ သို့မှသာဆာလံကျမ်း ကိုဖတ်ရူ သူများဘုရားသခင်ကိုအဘယ်သို့ချီးမွှမ်းရမည်၊ ကျေးဇူးဆပ်တင်ရမည်၊ တောင်းလျှောက်ရမည်၊ အသနားခံရမည်ကိုသိနား လည်ကြမည်။ အချုပ်ဆိုရသော်ဆာလံကျမ်းစချက်များသည်ဘုရားသခင်၏နှုတ်တော်ထွက်စကားများဖြစ်ကြပြီး၊ ဘုရားသ ခင်နှင့်စကားပြောသောအခါလူသားတို့အသုံးပြုနေကြခြင်းဖြစ်သည်။ ဆာလံကျမ်းချက်များသည်လူ့ဘ၀အတွေ့အကြုံမှစီး ထွက်လာခဲ့သည်။ ထို့ကြောင့်စိတ်ကူးရင်သက်သက်မဟုတ်။ လက်တွေ့မကျသောအဖွဲ့အနွဲ့မဟုတ်ပေ။ ဆာလံကျမ်းနှင့်အ တူရွတ်ဆိုဆုတောင်းခြင်းသည်တခြားမည်သည့်အရာမျှမလိုတော့ဘဲ ကျွန်ုပ်တို၌ဖြစ်ပျက်ခံစားနေရသည့်အခက်အခဲပြသာ နာ၊ မသေချာမူများအတိုင်းသာဆုတောင်း ရန်လိုသည်။

(ဒုက္ခ‌ဝေဒနာနှင့်စလျင်း၍နားမလည်နိုင်သောအချက်များ)

ဆာလံကျမ်းသည် ဒုက္ခ‌ေ၀ဒနာနှင့်စပ်လျင်း၍ဆက်လက်ရှင်းပြထားသည်။ ဒုက္ခ‌ေ၀ဒနာကိုဘ၀၏တစ်စိတ်တစ် ပိုင်းအဖြစ်လက်ခံရမည်။ ထို့နောက်အဘယ်ကြောင့်ဆိုသည်ကိုစဉ်းစားရမည်။ မည်သည့်အချိန်ထိစဉ်းစားထောက်ရူရမည် နည်း။ ကျမ်းရေးပုဂ္ဂိုလ်၏အဆိုကားအဖြေပြန်မရသောမေးခွန်းဖြစ်သည်။ ‌ေ၀ဒနာတိုင်းသည်လွှတ်မြောက်ခြင်းဆီသို့ဦး တည်သည်။ မျက်ရည်စက်တိုင်းသည်နှစ်သိမ့်မူကိုပေးသည်။ ဒဏ်ရာဒဏ်ချက်တိုင်းသည်ကုစားမူကိုပေးသည်။ ဆုတောင်း သောသူသည်သူသည် ဘုရားသခင်၏ရှေ့မျက်မှောက်၌အလွန်အဖိုးထိုက်သည်။ ထို့ကြောင့်ငိုကြွေးခြင်း၊ တောင်းလျှောက် ခြင်းသည်အကျိုးမဲ့မဖြစ်ပေ။

(ဆုတောင်းခြင်းသည်ဘုရားသခင်ထံကြွေးကြော်ခြင်းသည်)

ဆာလံကျမ်းက ဆုတောင်းခြင်းဖြင့်ဘုရားသခင်ထံကြွေးကြော်ရန်၊ ဤသို့ပြုသည့်နည်းလမ်းသည် သည်ကယ်တင် ခြင်းသို့ပို့ဆောင်သည်ဟုလမ်းညွှန်ထားသည်။ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏နာကျင်ခံစားမူများကိုပြေပြစ်သောဆက်ဆံ ရေး၊ နာခံတတ်သောသူဖြစ်လာစေရန်ပြုပြင်ပြောင်းလဲပေးသည်။ လူသားတို့၏နာကျင်ခံစားမူများအားလုံးသည် ဘုရားသ ခင်ရှေ့၌စင်ကြယ်လှပေစွတကား။ ဘုရားသခင်ရှေ့၌ကျွန်ုပ်တို့အားလုံးသည် သူစိမ်းများမဟုတ်ကြတော့သကဲ့သို့၊ ရေတွက် ခြင်းမခံရသူလည်းမဟုတ်မဟုတ်တော့ပေ။ သိနေဘုရားသခင်သည် ကျွန်ုပ်တို့၏မျက်နှာ၊ နှလုံးသား၊ အမည်များကိုတစ်ဦး စီကောင်းစွာမှတ်မိသိရှိနေသည်။

(ဘုရားသခင်၏အိမ်တော်တံခါးသည်အစဉ်ဖွင့်ထားသည်။)

ဘုရားသခင်၏သားသမီးများသည် ဆာလံကျမ်းစာ၌မိမိတို့တွေ့ကြုံခံစားနေရသော‌ေ၀ဒနာ၏အဖြေကိုအဖြေ ကိုတွေ့ရှိကြသည်။ အကယ်၍လူတို့၏နှလုံးသားများသည်စေ့စေ့စပ်စပ်တင်းကြပ်စွာပိတ်ထားလျှင်လည်း ဘုရားသခင်၏ တံခါးသည်ကျယ်ပြောစွာဖွင့်ထားသည်။ ကမ္ဘာတစ်၀န်းလုံးသည် စီရင်ချက်အမိန့်ကိုချလိုက်လျင်ပင်ဘုရားသခင်၌ကယ် တင်ခြင်းကိုရှိသည်။ ပြသာနာ၊ အခက်အခဲများသည်အစဉ်ထာ၀ရမဟုတ်။ ဖြေရှင်းနိုင်သည်ဟု ဆုတောင်းခြင်းကိုပြုသူ သည်ကောင်းစွာနားလည်သည်။ ကျွန်ုပ်တို့သည်ဘုရားသခင်ကိုနားထောင်နာခံတတ်လျင် ဒုက္ခအခက်အဲများသည်မထမ်း နိုင်စရာအကြောင်းမရှိပေ။

(ဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူငိုကြွေး၏။)

ရဟန်းမင်းကြီးသည် စိန့်ပီတာရင်ပြင်၌ရောက်ရှိနေသော ကမ္ဘာတစ်၀န်းမှဘုရားဖူးများအား ‘ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏‌ေ၀ဒနာကိုချုပ်ငြိမ်းသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်သူ၏သားသမီးများနှင့်အတူငိုကြွေး တောင်း‌လျှောက်သောကြောင့်ဖြစ်သည်။ အကယ်၍ကျွန်ုပ်တို့၏ပြေပြစ်သောဆက်ဆံရေးကိုဆက်လက်ထိမ်းသိမ်းမည်ဆိုပါ ကဒုက္ခ‌ေ၀ဒနာသည်ကျွန်ုပ်တို့ထံမှကျော်လွှားသွားလိမ့်မည်မဟုတ်။ သို့သော်ကျွန်ုပ်တို့ကိုယ်ကိုဘုရားသခင်အားတိုက်ရိုက် လုပ်ဆောင်လိုရာကိုလုပ်ဆောင်နိုင်ရန်လုပ်ခွင့်ပေးလိုက်ခြင်းဖြစ်သည်’ ဟုဩ၀ါဒချွေရင်းအဆုံးသတ်လိုက်သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3katZ66

Add new comment

4 + 2 =