ဒီဇင်ဘာလ ပုပ်ရဟန်းမင်းကြီးရဲ့ဆုတောင်းတဲ့ ရည်ရွယ်ချက်က ဓမ္မဆရာ/မတွေအတွက် ဖြစ်ပါတယ်။

ဒီဇင်ဘာလ ပုပ်ရဟန်းမင်းကြီးရဲ့ဆုတောင်းတဲ့ ရည်ရွယ်ချက်က ဓမ္မဆရာ/မတွေအတွက် ဖြစ်ပါတယ်။

ဓမ္မဆရာ/မတွေမှာ ယုံကြည်ခြင်းတိုးတက် ပြန့်ပွားစေဖို့အတွက် အဖိုးမဖြတ်နိုင်တဲ့ မစ်ရှင် ရှိကြပါတယ်။ လူဝတ်ကြောင် ဓမ္မဆရာ/မရဲ့ ခေါ်တော်မူခြင်း ဖြစ်သလို မစ်ရှင် တစ်ခုလည်း ဖြစ်ပါတယ်။ ဓမ္မဆရာ/မဖြစ်ခြင်းက ဓမ္မဆရာ/မ ဖြစ်တာဆိုပေမဲ့ ဓမ္မဆရာ/မအလုပ်ကို လုပ်တာတော့ မဟုတ်ပါဘူး။ အဲဒါက ဖြစ်တည်ချက် တစ်ခုလုံးဖြစ်လို့ ကျွန်ုပ်တို့မှာ ဆရာသမားနဲ့ အဖော်ပြုမှု နှစ်ခုစလုံးလုပ်နိုင်တဲ့ ဓမ္မဆရာ/မတွေ လိုအပ်နေပါတယ်။ ကျွန်ုပ်တို့မှာ တီထွင်ဆန်းသစ်မှုတွေနဲ့ ဧဝံဂေလိ သတင်းကောင်း ဖြန့်ဝေမဲ့သူတွေ လိုအပ်နေတာပါ၊ ဒါပေမဲ့ နှုတ်ဆိတ်နေတာမျိုး၊အသံချဲ့စက်နဲ့အော်တာမျိုးမဟုတ်ဘဲ နူးညံ့သိမ်မွေ့ခြင်း၊ ဘာသာစကားအသစ်​နဲ့နည်းလမ်းသစ်တွေ ဖွင့်ပေးခြင်းအားဖြင့် သတင်းကောင်း ဖြန့်ဝေဖို့ လိုတယ်။ ကမ္ဘာ့တိုက်ကြီးတွေ၊ သာသာနာ့နယ်တွေမှာ ဧဝံဂေလိသတင်းကောင်း ဖြန့်ဝေခြင်းကို ဓမ္မဆရာ/မတွေက အဓိက လုပ်ဆောင် နေကြပါတယ်။ စိတ်ထားထက်သန်မှုနဲ့ မစ်ရှင်လုပ်ဆောင်ပြီး အသင်းတော်ကို အစေခံနေကြတဲ့ ဓမ္မဆရာ/မတွေကို ကျွန်ုပ်တို့ ကျေးဇူးတင် ကြပါစို့။ ဘုရားရဲ့နှုတ်ကပါဌ်တော်ကို ​ဟောပြောဖို့ ခေါ်ဖိတ်ခံကြရတဲ့ ဓမ္မဆရာ/မတွေအားလုံးဟာ သန့်ရှင်းသောဝိညာဥ်တော်ရဲ့စွမ်းအားနဲ့သက်သေခံရာမှာ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းနဲ့အတူ ရဲရင့်စွာ သက်သေခံအမှုဆောင် နိုင်ဖို့ ကျွန်ုပ်တို့ ဆုတောင်း ပေးကြပါစို့။

✍️ထန်းဟာ SJ✍️

Video from Pope Francis (Instagram)

 

Add new comment

1 + 19 =