ဒီဇင်ဘာလ ၃ ရက်နေတွင် ထွက်ရှိလာမည့် " ခေါ်တော်မူခြင်းခွန်အား၊ ယနေ့ခေတ်ဘုရားသခင်ထံဆက်ကပ်ထားသူတို့အသက်တာ" ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ် ရေးသားသောစာအုပ်

" ခေါ်တော်မူခြင်းခွန်အား၊ ယနေ့ခေတ်ဘုရားသခင်ထံဆက်ကပ်ထားသူတို့အသက်တာ"
ဒီဇင်ဘာလ ၃ ရက်နေတွင် ထွက်ရှိလာမည့် " ခေါ်တော်မူခြင်းခွန်အား၊ ယနေ့ခေတ်ဘုရားသခင်ထံဆက်ကပ်ထားသူတို့အသက်တာ"
ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ် ရေးသားသောစာအုပ်
ဒီဇင်ဘာလ ၁၊ ၂၀၁၈

၂၀၁၈ ဒီဇင်ဘာလ ၃ ရက်နေတွင် ထွက်ရှိလာမည့် စာမျက်နှာ ၁၂၀ ပါရှိသော " ခေါ်တော်မူခြင်းခွန်အား၊ ယနေ့ခေတ် ဘုရားသခင်ထံဆက်ကပ်ထားသူတို့အသက်တာ" စာအုပ်နှင့်ပတ်သက်၍ စပိန်နိုင်ငံသား သာသနာပြု Fernando Prado မှ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အား လေးနာရီကြာ အမေးအဖြေပြုလုပ်ခဲ့ပါသည်။

ယင်းစာအုပ်တွင်
အခန်း ၁။ ။ အတိတ်ကိုကျေးဇူးတင်ခြင်းနှင့်ရှု့မြင်ရန်
အခန်း ၂။ ။ လက်ရှိကာလကို ပြင်းပြသော ချစ်ခြင်းမေတ္တာ စိတ်ဖြင့် အသက်ရှင်ရန်
အခန်း ၃။ ။ အနာဂတ်ကို မျှော်လင့်ခြင်းဖြင့်ပွေ့ဖက်ရန်
ဟူ၍ အပိုင်သုံးပိုင်းခွဲဖော်ပြထားပါသည်။

" ခေါ်တော်မူခြင်းခွန်အား၊ ယနေ့ခေတ် ဘုရားသခင်ထံဆက်ကပ်ထားသူတို့အသက်တာ"
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ရေးသားသောစာအုပ် ကို ဘာသာစကားဆယ်မျိုးဖြင့် ထုတ်ဝေသွားမည်ဖြစ်ပါသည်။

ယင်းစာအုပ်တွင် စာစကားဖြင့်ရေးသားထားသော အဓိကအချက်တော်တော်များများတွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ သူ၏ ဘဝကိုယ်ပိုင်အတွေ့အကြုံများ၊
ယနေ့ခေတ်တွေ့ကြုံနေရသော အသင်းတော်၏ အခက်အခဲများ၊ ဘုရားသခင်ထံဆက်ကပ်ထားသူတွေ၏ သာသနာပြုလုပ်ငန်းများ နှင့် ခေါ်တော်မူခြင်းအကြာင်းစသည့်အချက်များကို ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ အဓိကထား ဦးစားပေးဖော်ပြထားကြောင်း၊

အကောင်းမြင်စိတ်မွေးခြင်း၊ စိတ်အားထက်သန်စေမည့်အရာများကို ဖော်ထုတ်ခြင်း၊ အသေးအဖွဲမှစ၍ အသိအမှတ်ပြုတပ်သောအကျင့်၊ တစ်ပါးသူထံမှသင်ယူခြင်း၊ အသင်းတော်၏ သွန်သင်ချက်များကို လက်ခံကြိုဆိုခြင်း၊လိုက်နာခြင်းနှင့် အတူတကွလက်တွဲလုပ်ဆောင်တတ်သော အကျင့်များအကြောင်း၊

အခန်း ၁။ ။ အတိတ်ကိုကျေးဇူးတင်ခြင်းနှင့်ရှု့မြင်ရန် အကြောင်းနှင့်ပတ်သက်၍ အတိတ်အကြောင်းကို ပြတိုက်မှာကြည့်ရှုသကဲ့သို့ လေ့လာရန်သက်သက်မဟုတ်ဘဲ အတိတ်ကိုကြည့်ပြီး မိမိဘဝကို အလင်ပေးနိုင်မည့်အရင်းအမြစ်ကို ရှာဖွေတတ်စေရန်လည်း ရှင်းပြခဲ့ပါသည်ဟု
အမေးအဖြေပြုလုပ်သူ စပိန်နိုင်ငံသား သာသနာပြု Fernando Prado မှ ဖော်ပြထားပါသည်။
ဗာတီကန်သတင်းဌာနမှ ကောင်နုတ်ဖော်ပြပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-book-interview-strength-of-vocation.html

#pope, #newbook, #thestrengthofvocation, #peterkm,
Photo credits to vatican news

Add new comment

5 + 1 =