ထောက်ရှုဆင်ခြင်ဆုတောင်းခြင်းကနေကရုဏာတရားကို မွေးဖွားပေး

ထောက်ရှုဆင်ခြင်ဆုတောင်းခြင်းကနေကရုဏာတရားကို မွေးဖွားပေးပါတယ်။ ကျွန်ုပ်တို့ သေချာအနားယူပြီးဆုတောင်းရင် စစ်မှန်တဲ့ ကရုဏာကို ပေးနိုင်သူတွေ ဖြစ်လာပါတယ်။ ကျွန်ုပ်တို့ဆီမှာ ဆုတောင်းတတ်တဲ့ အမြင်သဘောထားရှိမှသာ လုပ်ဆောင်မှုတွေမှာ လောဘကင်းပြီး အရာအားလုံးကို ရရှိ ပိုင်ဆိုင်ချင်တဲ့ စိတ်သဘောထား ရှိသူတွေ မဖြစ်ဖို့လိုတယ်။ သခင်ယေဇူးနဲ့ ထိတွေ့ပြီး မိမိကိုယ်ကိုရဲ့ အနက်ရှိုင်းဆုံး အပိုင်းကို မမေ့ရင် ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုမှာ မောပန်းနိုင်စွမ်း မရှိပါဘူး။ ထောက်ရှု ဆုတောင်းခြင်းနဲ့ ကရုဏာရှိခြင်းက စိတ်ငြိမ်သက်ဖို့ သဘာဝကို မြတ်နိုးတဲ့စိတ်နဲ့ နားထောင်တတ်ဖို့ လိုအပ်တယ်။ ဒီလိုလုပ်နိုင်ဖို့ နွေရာသီ အချိန်ကို အကျိုးရှိအောင် လုပ်ကြပါစို့။ ကျွန်ုပ်တို့ကို တော်တော်လေးအထောက်အကူ ပြုပါလိမ့်မယ်။ ✍️ထန်ဟာ, SJ

Add new comment

5 + 1 =