တရုတ်ပြည်သူ သမ္မတ နိုင်ငံနှင့် ဗာတီကန်နိုင်ငံ ဘာသာရေးဆိုင်ရာ ယာယီသဘောတူညီမှု့သည် ဒဏ်ရာများကိုကုသပေးခြင်းနှင့် စည်းလုံးမှုကို အားပေးခြင်းအဖြစ် ရဟန်းမင်းကြီးမျှော်လင့်

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရဟန်းမင်းကြီး လူထုပရိတ်​သတ်​နှင့်တွေ့ဆုံခြင်း
တရုတ်ပြည်သူ သမ္မတ နိုင်ငံနှင့် ဗာတီကန်နိုင်ငံ ဘာသာရေးဆိုင်ရာ ယာယီသဘောတူညီမှု့သည် ဒဏ်ရာများကိုကုသပေးခြင်းနှင့် စည်းလုံးမှုကို အားပေးခြင်းအဖြစ် ရဟန်းမင်းကြီးမျှော်လင့်
စက်တင်ဘာ ၂၆၊ ၂၀၁၈

https://mlw.vaticannews.va/en/pope/news/2018-09/pope-francis-china-provisional-agreement-general-audience.html

#pope, #generalaudience, #vatican, #china, #agreement, #rvasia, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရဟန်းမင်းကြီး လူထုပရိတ်​သတ်​နှင့်တွေ့ဆုံခြင်းတွင် တရုတ်ပြည်သူ သမ္မတ နိုင်ငံ ဘေဂျင်းမြို့တွင် စက်တင်ဘာလ ၂၂၊ ၂၀၁၈ က တရုတ်ပြည်သူ သမ္မတ နိုင်ငံနှင့် ဗာတီကန်နိုင်ငံ ဘာသာရေးဆိုင်ရာ (ကက်သလစ်ဆရာတော်များခန့်အပ်ခြင်း) ယာယီသဘောတူညီမှု့သည် ဒဏ်ရာများကိုကုသပေးခြင်းနှင့် စည်းလုံးမှုကို အားပေးခြင်းအဖြစ် ရဟန်းမင်းကြီးမျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းသဘောတူညီမှုသည် မျှော်လင့်ခဲ့ရသော ဂရုတစိုက်ညှိနိုင်းဆွေးနွေးမှု အသီးအပွင့်ဖြစ်ပြီး တရုတ်ပြည်ရှိ ကက်သလစ်ခရစ်ယာန်များ၏ ကောင်းကျိုးနှင့် သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးအတွက် တရုတ်ပြည်သူ သမ္မတ နိုင်ငံနှင် ဗာတီကန်နိုင်ငံတို့၏ အကောင်းဖက်ကိုဦးတည်လာသော ပူပေါင်းလုပ်ဆောင်မှုဖြစ်ကြောင်းနှင့် တရုတ်ပြည်ရှိကက်သလစ်ခရစ်ယာန်များအတွက် အားပေးစာတစ်ေ​စာင်ပေးပိုရန် ဆုံးဖြတ်ထားကြောင်း ​ပြောကြားခဲ့ပါသည်​။
ယင်းသဘောတူညီမှုသည် ယခင်ကရရှိခဲ့သော ဒဏ်ရာများကိုကုစားပေးရန်နှင့် ​စည်းလုံးမူကို တည်​​ဆောက်​​ပေးပြီး ​သခင်ခရစ်တော်၏ သတင်းကောင်းကို အသစ်သော ဆက်ကပ်မှုများဖြင့်ကြေငြာနိုင်ရန်
တရုတ်ပြည်တွင် အသစ်သောပြောင်းလဲမှုတစ်​ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆုတောင်းပေးခြင်း၊ ညီကိုမောင်နှမစိတ်ဓာတ် တို့ဖြင့် တရုတ်ပြည်ရှိ ညီကိုမောင်နှမများနှင့်တလုံးတဝတည်းရှိကြောင်း ပြသကြပါစို့၊ သူတို့သည် အထီးကျန်စွာနေရသူများမဟုတ်ကြောင်း အသင်းတော်သည်သူတို့နှင့်အတူ၊ သူတို့အတွက် အတူရှိနေကြောင်းသိစေကြဖို့ ဆုတောင်းပေးခြင်းအားဖြင့် ကူညီကြပါစို့။
တရုတ်ြ​ပည်ရှိညီကိုမောင်နှမများ မယ်တော်သခင်မ၏ ကူညီစောင့်ရှောက်မှုရရှိရန် ဆုတောင်းပေကြပါစို့။

Add new comment

6 + 4 =