တောက်လောင်နေသော ဘုရား၏ ချစ်ခြင်းမေတ္တာတော်နှင့် အစွမ်းအားကြီးမားသော သူ၏နုှတ်ကပတ်တော်

အပတ်စဉ်တွေ့ဆုံနေကြလူထုတွေ့ဆုံခြင်းနှင့် ဘာသာသာတရားသင်ကြားခြင်း

တောက်လောင်နေသော ဘုရား၏ ချစ်ခြင်းမေတ္တာတော်နှင့် အစွမ်းအားကြီးမားသော သူ၏နုှတ်ကပတ်တော်
ဇွန်လ ၁၉၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြလူထုတွေ့ဆုံခြင်းနှင့် ဘာသာသာတရားသင်ကြားခြင်းတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ တမာန်တော်ဝတ္ထု အကြောင်းကို ဆက်လက် သင်ကြားခဲ့ပါသည်။

သခင်ခရစ်တော်ရဲ့နောက်လိုက်တပည့်တော်ကြီးတွေ မယ်တော်သခင်မ နှင့်အတူ စုရုံး ဆုတောင်းနေခဲ့ကြတယ်၊ ဆုတောင်းခြင်းဟာ လူတစ်ယာက်ရဲ့ အဆုတ်လိုပဲ အဲ့ဒီဆုတောင်းခြင်းက တပည့်တော်ကြီးတွေကို အချိန်တိုင်းအသက်ပေးနေခဲ့တယ်။ ဆုတောင်းမူ့ှမရှိတဲ့သူတစ်ယောက်ဟာ သခင်ခရစ်တော်ရဲ နောက်လိုက်မဖြစ်နိုင်ဘူး။ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်​လာခြင်း အသက်သစ်စတင်လာခြင်းဟာ တပည့်တော်ကြီးတွေရဲ့ မျှော်လင့်ချက်ကို ပြည့်ဝစေခဲ့တယ်။ အဲ့ဒီနေရာမှာ လေတိုက်ခတ်ခြင်း ဆိုတဲ့အရာကို တပည့်တော်ကြီးတွေခံစားခဲ့ရတယ် အဲ့ဒီလေတိုက်ခတ်ခြင်းရဲ့ စွမ်းအားဟာ တို့ရဲ့ အသစ်သော အသက်တာကို သတိပေးနေခြင်း ဖြစ်တယ်။

ဓမ္မဟောင်းကျမ်းမှာ စီနာရီတောင်ပေါ်က မီးလောင်းနေသော ချုံပုတ်​ အကြောင်းကို ကြားခဲ့ရတယ်၊ မီးနဲ့ဘုရားရဲ့ ဆက်စပ်နေမ​ှူ့၊ မီး အဆင်းသဏ္ဍန်အားဖြင့် ဘုရားက သူ့ကိုသူ လူတွေကို ​ဖော်ပြပေးခဲ့တယ်၊ အဲ့ဒီတောက်လောင်နေသော မီထဲကနေ ဘုရားက သူရဲ့ အသက်ပေးနုှတ်ကပတ်တော်ကို မြွက်ကြားခဲ့တယ်။ အဲ့ဒီတောက်လောင်နေတဲ့ ဘုရားစီကလာသောမီးဟာ နွေးထွေးမူ့ှ​ပေးတယ်၊ အလင်းရောင်ပေးတယ်၊ နှလုံးသားတွေကို သန့်စဉ်စေတယ်၊ စီနာရီတောင်ပေါ်ကမီးလောင်နေသောချုံပုတ် မီးတောက်ထဲက ဘုရား၏ နှုတ်ကပတ်တော် ကဲ့သို့ သန့်ရှင်းဝိညာဉ်တော်ဘုရား ဆင်သက်ခဲ့တဲ့နေ့က အသင်းတော်ရဲ့ခေါင်းဆောင်ကြီး စိန့်ပီတာရဲ့အသံတော် တွေဟာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေဖြစ်တယ်။ အသင်းတော်ရဲ့ခေါင်းဆောင်ကြီး စိန့်ပီတာ သူရဲ့အားနည်းချက်ချို့ယွင်းချက်တွေကို သန့်ရှင်းသော်ဝိညာဉ်တော် ဘုရားရဲ့မီးအားဖြင့် ပယ်ဖျက်ပြီး လူတွေရဲ့နှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်သွားအောင် ခွန်အားပြင်းသော ဘုရားရဲ့နုှတ်ကပတ်တော်ကို ရဲရဲတောက်ဟောပြောခဲ့တယ်။ ဘုရားက ခွန်အားနည်းသူတို့ကို ရွေးချယ်ပြီး ခွန်အားကြီးသူတို့ကို တွေဝေစေခဲ့တယ် ဆိုတာ သတိရရမယ်။

အသင်းတော်ဟာ အဲ့ဒီ ချစ်ခြင်းမေတ္တာ မီးတောက်ကနေ ဖွားမြင်လာခြင်းဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းသက်ခဲ့တဲ့နေ့မှာ ရှင်ပြန်ထမြောက်တော်မူသော နုှတ်ကပတ်တော်ဟာ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပေါင်းစပ်ပြီး သာသနာတော်မီး စတင်တောက်လောင်လာခဲ့တယ်။ သခင်ခရစ်တော်ရဲ့နောက်လိုက်တပည့်တော်ကြီးတွေ နုှတ်ကတွက်တဲ့စကားတွေဟာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားပေါင်းစပ်ပါဝင်နေသော နုှတ်ကပတ်တော်တွေဖြစ်တယ်။ အဲ့ဒါကြောင့် တပည့်တော်ကြီးတွေရဲ့စကားကို လူတိုင်းနားလည်နိုင်ခဲ့ကြခြင်းဖြစ်တယ်။ အဲ့ဒီဘာသာစကားဟာ လူသားတိုင်း နာလည်နိုင်တဲ့ အမှန်တရားနဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကားဖြစ်တယ်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ကျွန်နဲ့ လွတ်လပ်သူ၊ ဂျူး နှင့် ဂရိ လူမျိုးတို့ရဲ့ ကြားမှာရှိတဲ့ အကာအရံ အတားအစည်းတွေကို ဘယ်လိုဖယ်ထုတ်ရမယ်ဆိုတာသိရှိတော်မူသော ပြန်လည်သင့်မြတ်ခြင်း၏ လက်ရာတော်ရှင်ဖြစ်သလို စည်းလုံးခြင်း ပေါင်းစည်းခြင်းကို ဖန်ဆင်းပေးသူလည်းဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက လူတို့ရဲ့အားနည်းချက်အပြစ်​အမှားတွေကို ကျော်လွန်ပြီးရှေ့ဆက်နိုင်ဖို့ အသင်းတော်ကို ကူညီပေးပြီး တိုးတက်ကြီးထွားလာစေသူဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကိုရရှိသူတွေသာ အချင်းချင်းပေါင်းသင်းဆက်ဆံရေးကို နက်နဲစွာနားလည်နိုင်ကြသူတွေဖြစ်သလို လူပီသစွာ အသက်ရှင်ထိုင်သူတွေဖြစ်တယ် ဆိုတာကို သိကြပါ။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-general-aud...

#pope, #generalaudience, #catechesis, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 15 =