တလုံးတဝတည်းရှိခြင်းသည် အများကောင်းကျိုးကိုမြှင့်တင်ပေးခြင်းဖြစ်သည်​

အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာရသူများ မသန်းမစွမ်း ဖြစ်သွားသူများကို ကူညီသော အသင်းနှင့် ရဟန်းမင်းကြီး တွေ့ဆုံခဲ့ပါသည်။

တလုံးတဝတည်းရှိခြင်းသည် အများကောင်းကျိုးကိုမြှင့်တင်ပေးခြင်းဖြစ်သည်​
စက်တင်ဘာလ ၂၀၊ ၂၀၁၈

https:motew.vaticannews.va/en/pope/news/2018-09/pope-to-injured-workers-...

#workers, #injury, #association, #pope, #help, #rvasia, #peterkm.
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာရသူများ မသန်းမစွမ်း ဖြစ်သွားသူများကို ကူညီသော အသင်းနှင့် ရဟန်းမင်းကြီး တွေ့ဆုံခဲ့ပါသည်။
အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာရသူများ မသန်းမစွမ်း ဖြစ်သွားသူများကို ကူညီသောအသင်းအား ရဟန်းမင်းကြီးမှ ချီးကျုးဂုဏ်ပြုခဲ့ပါသည်။ အလုပ်ခွင်ဒဏ်ရာရရှိသူများအတွက်လည်း ဆုတောင်းပေးနေကြောင်းဖော်ပြခဲ့ပါသည်​။
ယင်းတွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီးမှ ကမ္ဘာပေါ်တွင် အချိန်တိုင်း အလုပ်ခွင်အတွင်း ဒဏ်ရာရရှိသူများ မသန်းမစွမ်းဖြစ်သွားသူများ သည် နှစ်စဉ် နှစ်သန်းလောက်ရှိကြောင်း အလုပ်သမားအစည်း​အရုံး အစီရင်ခံစာတွင် ဖော်ပြထားသည်​။ လက်ရှိကမ္ဘာပေါ်တွင် လူသန်းတစ်​ရာလောက်သည် အလုပ်ခွင်တွင်​ ​​ဒဏ်ရာရရှိထားကြ၍ ဒုက္ခရောက်နေကြရသူများဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။
ထောက်ပံကူညီခြင်းနှင့် တလုံးတဝတည်းဖြစ်ခြင်းသည် အတူတကွပူးတွဲလုပ်ဆောင်ရမည့်အ​ရာဖြစ်ပြီး ထောက်ပံ့ကူညီခြင်းတွင် အဆိုးဝါးဆုံးထိခိုက်ဒဏ်ရာရသူများ၊ မသန်မစွမ်း ဖြစ်သွားသူများကို ဦးစားပေးရမည်ဖြစ်သည်​။
​​အတူတကွရှိခြင်းဆိုသည် မှာ ဒုက္ခရောက်သူများကို တတ်​နိုင်သည့်ဖက်မှ ပါဝင်ကူညီကြခြင်း၊ ယင်းကဲ့သိုကူညီနေသော အဖွဲ့အစည်းများနှင့်ပူပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်းရှင်းပြခဲ့ပါသည်။
ထုတ်ကုန် ထုတ်လုပ်မှုမှရရှိသော အကျိုးအမြတ်ထက်၊ ကျန်းမာရေး၊ အသက်အန ္တရာယ်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်ပေါ်စေလျှင် မိမိအကျိုးအမြတ်တခုတည်းကိုသာ မကြည့်စေဘဲ ဘေးအန္တရယ်ကို ကာကွယ်စေလိုကြောင်း၊ ချမ်းသာကြွယ်ဝမှုထက် လူအသက်ကိုပိုမို တန်ဖိုးထားစေလိုကြောင်းနှင်​့ အလုပ်သမားအလုပ်ရှင်သည် ညီကိုမောင်နှမများ သာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

Add new comment

2 + 16 =