တန်ဖိုးမဖြတ်နိုင်သော အသက်ရှင်ခွင့်ကျေးဇူးတော်ကို ကာကွယ်စောင့်ရှောက်ရမယ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်

တန်ဖိုးမဖြတ်နိုင်သော အသက်ရှင်ခွင့်ကျေးဇူးတော်ကို ကာကွယ်စောင့်ရှောက်ရမယ်
မေလ ၂၅၊ ၂၀၁၉

အသက်ရှင်ခွင့်ကို ထောက်ခံခြင်း နှင့် တန်ဖိုးမဖြတ်နိုင်သော အသက်ရှင်ခွင့်ကျေးဇူးတော်ကို တရားမျှတစွာ ကာကွယ်စောင့်ရှောက်ခြင်း ဟူသော ခေါင်စဉ်ဖြင့် ရဟန်းမင်းကြီးရုံးတော် အသက်၊ မိသားစုနှင့် သာမာန်ဘာသာဝင်များ ကိုကြည့်ရှု့ပေးသည့် အဖွဲ့အစည်းမှ ဦးဆောင်ပြီး Heart in a Drop အဖွဲ့နှင့် ပူးပေါင်းကာ ဗာတီကန်တွင်ပြုလုပ်လျှက်ရှိသော ညီလာခံတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ အမိဝမ်းတွင်းက ကလေးငယ်ကို စစ​်​​ဆေးကြည့်ရှုပြီး အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ဖျက်ချခြင်းကို လုံးဝ ခွင့်မပြုကြောင်း ပြောကြားခဲ့ပါသည်။

♥ ကလေးသူငယ်တိုင်းသည် ဘုရားသခင်၏ ကျေးဇူးတော် လက်ဆောင်
မည့်သူတစ်ဦးတစ်ယောက်မျှ လူ့အသက်ကို ထိခိုက်ပျက်စီးအောင် ပြုလုပ်ပိုင်ခွင့်မရှိ၊ လောကထဲ​ရောက်လာမည့် ကလေးငယ်တိုင်ကို ကာကွယ်စောင့်ရှောက်ပေးရမယ်၊ ချစ်ခင်ကြင်နာရမယ်၊ နွေးထွေးပြူငှါစွာကြိုဆိုရမယ် ဘာဖြစ်လို့လည်းဆိုတော့ သူဟာ ဘုရားပေးတဲ့ကျေးဇူးတော် လက်ဆောင်ဖြစ်သလို မိသားစုတစ်စုရဲ့သမိုင်းကို ပြောင်းလည်းပေးမဲ့သူလည်းဖြစ်တယ်။

♥ အမိဝမ်းတွင်းက ကလေးငယ်ကို စစ်ဆေးကြည့်ရှု့ခြင်း
ယနေ့ခေတ် တိုးတက်လာသောခေတ်ကြီးမှာ ခေတ်မှီ စက်ကရိယာတွေနဲ့ မိခင်ဝမ်းတွင်းက ကလေးရဲ့အခြေအနေကို စစ်ဆေးကြတယ် ကလေးငယ်ဟာ ရောဂါရှိနေတယ်ဆိုရင် သန္ဓေသား ကလေးရဲ့ကံကြမ္မာ ဟာ စိုးရိမ်ရသလို မိဘတွေမှာလည်း စိတ်ပျက်ဝမ်းနည်းမူ့တွေဖြစ်ကြရတယ်၊ တချို့သောရောဂါတွေဟာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ ဆရာဝန်​​တွေတောင်မသိကြပါဘူး၊ အရင်ခေတ်ကလို မိမိဆန္ဒအလျှောက် ကိုယ်ဝန်ဖျက်ချခြင်း၊ ရောဂါဆိုးဝါးနေသော မွေးခင်းစကလေးငယ်ကို စွန့်ပြစ်ထားခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့သောလည်း ယနေ့ခေတ် ဆေးပညာမြင့်မားလာသောအခြေအနေမှာ အဲ့ဒီလို အမိဝမ်းတွင်းမှာရောဂါရှိတဲ့ကလေးငယ်လေးတွေကို လူနာအငယ်ကလေးများ အဖြစ်မြင်ပြီး ကုသပေးကြရမယ်၊

♥ ဆေးပညာဖြင့် သာသနာပြုခြင်း
လူတိုင်းရဲ့ အသက်ဂုဏ်သိက္ခာကို လေးစားလိုက်နာသောနည်းလမ်းဖြင့် အဖြေရှာကုသပေးဖို့ မိမိဘဝကို စိတ်ဆုံးဖြတ် ထားသောစိတ်ဓာတ် နှင့်လုပ်ကိုင်ကြဖို့၊ ဆေးကုသခြင်း လူ့အသက်ကို ကယ်တင်ပေးခြင်းဟာ အသက်မွေးဝမ်းကြောင်း သက်သက်မဟုတ် သာသနာပြုုခြင်း အထူးတာဝန်တစ်ရပ်လည်းဖြစ်ကြောင်း ကလေးသူငယ်များကို ကြည့်ရှု့စောင့်ရှောက်ပေးရသော ဆရာဝန်များ အနေနှင့် ကလေးငယ် အသက်သာမက၊ ကလေးငယ်သေဆုံးသွားခဲ့ရင်တောင် ကလေးငယ်မိဘတွေကိူ နှစ်သိမ့်မူ့ပေးနိုင်သူတွေဖြစ်ကြဖို့ ဆရာဝန်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ပြေားကြားခဲ့ပါသည်။

♥ ကိုယ်ဝန်ဖျက်ချခြင်းသည် ဘယ်သောအခါမျှ အဖြေမဟုတ်
စက်ကရိယာတွေနဲ့ မိခင်ဝမ်းတွင်းက ကလေးရဲ့အခြေအနေကို စစ်ဆေးကြတယ် ကလေးငယ်ဟာ ရောဂါရှိနေတယ်ဆိုရင် သန္ဓေသားကို ဖျက်စီးသတ်ဖြတ်ခြင်းတွေပြုလုပ်ကြတယ်၊ ဒီလုပ်ရပ်ဟာ ရင်နာစရာကောင်းသော ယုတ်ညံသည့် လူသားမဆန်သော လုပ်ရပ်ဖြစ်ကြောင်း အားအနည်းဆုံးသော၊ ကလေးသူငယ်လေးတွေကို လူကဲ့သို့မမြင်၊ မချစ်နိုင်၊ မပွေ့ဖက် မကြိုဆိုနိုင်ခြင်း၊ သူတို့လေးတွေကို မိသားစုဝင်အဖြစ်မရူ့မြင်ကြတော့ခြင်း ရက်စက်ရုတ်ညံ့ဆုံးလုပ်ရပ်ဖြစ်တယ်။ ကိုယ်ဝန်ဖျက်ချခြင်းသည် ဘယ်သောအခါမျှ အဖြေမဟုတ်ဘူး ဆိုတာ မှတ်ထားရမယ်။ တဆက်တည်းမှာပဲ ရဟန်းမင်းကြီး မှ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်မိမိသားသမီးကို လက်ခံကြိုဆို ပွေ့ဖျက် ကူညီပေးနေကြသော အမေများ အဖေများကို ကျေးဇူးတင်ကြောင်း၊ သင်တို့၏ ချစ်ခြင်းမေတ္တာ ဖြင့် သက်သေပြနေမူ့သည် ကမ္ဘာကြီး အတွက် လက်ဆောင်တစ်ခုဖြစ်ကြောင်း ချီကျူးပြေားကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-yest-to-lif...

#pope, #doctors, #abortion, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

12 + 8 =