Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
တစ်ယောက်ချင်းစီသည် ကျွန်ုပ်တို့ကိုချစ်သော ဘုရားသခင်အတွက် လှပကြသည်။
တစ်ယောက်ချင်းစီသည် ကျွန်ုပ်တို့ကိုချစ်သော ဘုရားသခင်အတွက် လှပကြသည်။
ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် သြစတြီးယားနိုင်ငံ စိန့် ပိုလ်တဲန်ရှိ ဆေးခန်းတစ်ခုတွင်ကုသနေသည့် အထီးကျန် စိတ်ဝေဒနာရောဂါ (ASD) ကိုခံစားနေကြသော ကလေးများနှင့်ဆယ်ကျော်သက်လူငယ်များကို ဗာတီကန်မြို့တွင် လက်ခံတွေ့ဆုံခဲ့သည်။ ကလေး၊ လူငယ်များအတွက် အလွန်ကောင်းသောအလုပ်ကို လုပ်ဆောင်ပေးကြသော သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး Francis က ASD ရှိကလေးများ၊ မိဘများနှင့် Ambulatorium Sonnenschein မှဝန်ထမ်းများအပါအ၀ င် ၄၂ အုပ်စုနှင့်တွေ့ဆုံခြင်းကို ကျေနပ်အားရမိကြောင်းပြောကြားခဲ့သည်။ "ဗာတီကန်မှကြိုဆိုပါတယ်။ သင်တို့၏ မျက်နှာများကို မြင်တွေ့ရသည်ကို ဝမ်းသာအားရပါတယ်၊၊ သင်တို့သည်လည်း ကျွန်ုပ်နှင့်အတူ ခဏတာအတူနေရခြင်းကို ဝမ်းသာအားရနေကြောင်းကို သင်တို့၏မျက်လုံးများထဲတွင် သက်သေပြနေပါတယ်။ ” ဟုမြွက်ကြားခဲ့သည်။
ကလေးများသည် Ambulatorium Sonnenschein (သို့မဟုတ်) ၁၉၉၅ ခုနှစ်တွင်တည်ထောင်ခဲ့သော Sunshine Outpatient Clinic တွင် ဆေးကုသမှုကို ခံယူကြရသည်။ ရောဂါကုသခြင်းသည် ကလေးများနှင့်ဆယ်ကျော်သက်များအတွက် ရောဂါရှာဖွေခြင်း၊ အကြံဥာဏ်နှင့် ရောဂါကုထုံးကို ခေါင်မိုးတစ်ခုအောက်တွင်အထူးလိုအပ်ချက်များနှင့်တွဲထားသည်။
မြက်ခင်းပြင်ထဲက ပန်းပွင့်များ
“ သင့်အိမ်ကို လှပတဲ့နာမည် "Sunshine" လို့ခေါ်တယ်။ ပုပ်ရဟန်းမင်းကြီးက ထပ်မံ၍ မြွက်ကြားသည်မှာ ၎င်းသည်နောက်ကွယ်တွင်အကြောင်းပြချက်ရှိကြောင်း မိန့်ကြားခဲ့ပါသည်။
အကြောင်းမှာ သင့်အိမ်သည် နေရောင်ခြည်ထဲ၌ မြက်ခင်းပြင်တွင် ခမ်းနားထည်ဝါစွာ ဖူးပွင့်နေသောပန်းနှင့်တူ၍ သင်သည်လည်း "နေရောင်ခြည်" အိမ်၏ ပန်းများဖြစ်၏။ ဘုရားသခင်သည်ကမ္ဘာကြီးကိုအရောင်အမျိုးစုံ သော ပန်းများစွာဖြင့်ဖန်ဆင်းခဲ့ပြီး၊ပန်းတိုင်း၌ တခြားပန်းနှင့်မတူညီသော လှပမှုများရှိသည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က “ ကျွန်ုပ်တို့ အယောက်စီတိုင်းသည် ဘုရားသခင့်ရှေ့တော်၌ လှပကြပြီး ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်မြတ်နိုးတော်မူသည်။” ဟူ၍ မိန့်ကြားခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုချစ်ခြင်းမေတ္တာအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရန်လိုအပ်လှပါသည်။
ကျေးဇူးဆပ်တင်ခြင်း
ထို့နောက် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က “ သတ္တဝါအားလုံးအတွက် အသက်ဆုလက်ဆောင်ကို ပေးသနားသည့်အတွက် ဘုရားရှင်အား ကျေးဇူးတင်ကြောင်း၊ အမေနဲ့အဖေအတွက်ကျေးဇူးတင်ကြောင်း၊ ကျွန်တော်တို့၏ မိသားစုများအတွက်ကျေးဇူးတင်ပါကြောင်း၊ ထို့အပြင် "Sunshine" စင်တာမှသူငယ်ချင်းများအတွက်လည်းကျေးဇူးတင်ကြောင်း၊ ကျေးဇူးဆပ်တင်ခြင်းသည် ဘုရားသခင်နှစ်သက်သောဆုတောင်းခြင်းဖြစ်ကြောင်း " မိန့်ကြားခဲ့ပါသည်။
တောင်းလျှောက်အသနားခံခြင်း
ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ကလေးငယ်များကို သခင်ယေဇူးထံ၌ သူတို့၏မိဘများအားအလုပ်၌ ကူညီပေးရန် (သို့မဟုတ်) ဖျားနာနေသည့်အဖွားကိုနှစ်သိမ့်ပေးရန် တောင်းခံနိုင်ကြောင်းလည်း သွန်သင်လမ်းပြခဲ့သည်။ သူတို့သည် ကမ္ဘာပေါ်ရှိ စားစရာမရှိသောကလေး ငယ်များကို အကူအညီပေးရန် (သို့မဟုတ်) ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် အသင်းတော်ကို ကောင်းမွန်စွာ ဦး ဆောင်လမ်းပြရာ၌ ကူညီ ပေးရန် သခင်ယေဇူးထံ တောင်းခံနိုင်ကြောင်း၊ သင်တို့သည် ယုံကြည်ခြင်း အပြည့်ဖြင့် တောင်းလျှောက်မည်ဆိုလျှင် ဘုရားသခင်သည် သင်တို့တောင်းလျှောက်သံကို နာယူတော်မူမည်ဖြစ်ကြောင်း။" အသေအချာ မိန့်ကြားခဲ့ပါသည်။
သခင်ယေဇူးအတွက်
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ဆေးရုံ၀န်ထမ်းများအပါအ၀င် တက်ရောက်သူအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ “ ဤလှပသည့် လှုပ်ရှားလုပ်ဆောင်မှုအတွက်နှင့် သင့်အားအပ်နှံထားသည့် အငယ်ဆုံးသောသူများအပေါ်သင်၏ ဆက်ကပ်မှုအတွက် ကျေးဇူးတင်ကြောင်း၊ ဤ အသိမ်ငယ်ဆုံးသောသူများအတွက် သင်လုပ်ဆောင်သောအမှုတိုင်းသည် သခင်ခရစ်တော်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း" ကျေးဇူးတင်စကား ပြောကြားရင်း တွေ့ဆုံခြင်းကို ရပ်နားခဲ့ပါသည်။
ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA
Add new comment