တစ်နှစ်တာ၏နောက်ဆုံးဗုဒ္ဓ ဟူးနေ့၌ဘုရားဖူးများအားပုပ်ရဟန်းမင်းကြီး၏ဩ၀ါဒမှ အရေးပြားရောဂါသည် (၁၀) ဦးအကြောင်း

တစ်နှစ်တာ၏နောက်ဆုံးဗုဒ္ဓ ဟူးနေ့၌ဘုရားဖူးများအားပုပ်ရဟန်းမင်းကြီး၏ဩ၀ါဒမှ အရေးပြားရောဂါသည် (၁၀) ဦးအကြောင်း

ကျေးဇူးတင်တတ်ခြင်းသည် ကမ္ဘာကြီးအားပိုမိုကောင်းမွန်လာစေသည်။ မျှော်လင့်ချက်ကိုလက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ ဆုတောင်းခြင်းဖြင့်ကျေးဇူးဆပ်တင်နိုင်သည်။

သံလုကာ၏ဧဝံဂေလိကျမ်း၌ အရေးပြားရောဂါစွဲကပ်နေသော လူနာ (၁၀) ဦးအ ကြောင်းဖော်ပြထားသည်။ ထို (၁၀) ဦးသည်ကာယပိုင်းဆိုင် ရာဝေဒနာကိုခံစားနေရခြင်းသာမဟုတ်ဘဲ လူမူရေးနှင့်ဘာသာရေးအသိုင်းအဝိုင်း ၏ပစ်ပယ်ခြင်းကိုခံနေခဲ့ရသည်။ သို့သော်ယေဇူးသခင်သည် လူမူအသိုင်းအဝိုင်းဘာသာရေးအသိုင်းအဝိုင်းကမည်သို့ပင် သဘောထားရှိနေစေကာမူ ယေဇူးသခင်သည်

၄င်းတို့နှင့်ဆုံဆည်းရန်မတွန့် ဆုတ် ခဲ့ပေ။ ဘာသာရေးမှတားမြစ်ထားသောဥပဒေများကို ယေဇူးသခင်လစ်လျူရူသည်မဟုတ်သော်လည်း လိုအပ်ချက်တစ်ခုအ တွက်စည်းချိုးဖောက်ခဲ့သည်။ ၄င်းတို့အားရင်းနှီးစွာစကားပြောဆိုခဲ့သည်။ သို့မှသာ၄င်းတို့ ၏ရောဂါကိုကုသပေးနိုင်မည်ဖြစ် သည်။ သို့သော်ယေဇူးသခင်သည်၄င်းတို့နှင့်ကိုယ်ထိလက်ရောက်တို့ထိခြင်းမရှိခဲ့ပေ။ (သံလုကာ ၁၇:၁၈ ကိုဖတ်ရန်)

(ကျေးဇူးတော်၏နောက်၌ကျေးဇူးတင်တတ်ခြင်းလိုက်လာသည်။)

ဧဝံဂေလိကျမ်းလာအ ကြောင်းအရာသည် ကမ္ဘာကြီးအား၄င်းတို့၏ စိတ်နေ သ ဘောထား၊ အပြုအမူဖြင့်နှစ်ခြမ်းခွဲ လိုက်သည်။ တစ်ခြမ်းကားကျေးဇူးမတင်တတ်သည့်အခြမ်းနှင့်ကျေးဇူးတင်တတ်သည့်အခြမ်းဟူ၍ဖြစ်သည်။ ကျေးဇူးမ တင်တတ်သောအခြမ်းကား ၄င်းတို့ဘ၀၌ရသမျှသည်သူတို့၏ရပိုင်ခွင့်ဟုခံယူကြပြီး၊ ကျေးဇူးတင်တတ်သောအခြမ်းကားခံ စားရသမျှသည်မထိုက်မတန်ဘဲ ဘုရားသခင်၏ကောင်းမြတ်ခြင်းသက်သက်၌ရလိုက်သောကောင်းကြီးတော်ဟုခံယူများ ဖြစ်သည်။ အခြေအနေတိုင်း၊ လိုအပ်ချက်တိုင်းသည်ကျေးဇူး တင်တတ်စေရန်အကြောင်း တရားဖြစ်လာစေသည်။ ကျေးဇူး ဆပ်တင်ခြင်းအခြေခံသောဆုတောင်းခြင်း၌ကောင်းကြီးတော်၏နောက်၌ကျေးဇူးဆပ်တင်ခြင်းကိုပြုရန်မမေ့တတ်ပေ။ စဉ်း စားမူမပြုမှီစဉ်းစားတတ်အောင်ဦးစွာသင်ကြားခံရသည်။ ချစ်ရန်မကြိုးစားမှီချစ်တတ်ရန်သင် ကြားခံရသည်။ ဤဆင်ခြင်တုံ တရားကိုလက်ကိုင်ပြုထားမည်ဆိုပါလျင်တစ်နေ့တာအ တွင်း ‘ကျေးဇူးတင်ပါတယ်’ ဟုပြောဆိုရန်မခက်ခဲတော့ပေ။ ကျေး ဇူးတင်တတ်သောစိတ်ကြောင့်တစ်နေ့တာလုပ်သမျှ၌မောသည်၊ ပန်းသည်မရှိ။ ပေါ့ပါးသွက်လက် နေမည်။

(အသက်၏လက်ဆောင်)

ရဟန်းမင်းကြီးသည် “Eucharist” ဟူသောဝေါ ဟာရကိုရှင်းပြသည်။ အဘယ် ကြောင့်ဆိုသော် ခရစ်ယာန်အ သက်တာ၏ရေသောက်မြစ်၊ ပင်မကျောရိုးကြီးဖြစ်သည်။ ဤဝေါဟာရသည်ဂရိစကားဖြစ်သည်။ ဆိုလိုရင်းမှာ

‘ကျေး ဇူး ဆပ်တင်ခြင်း’ ဖြစ်သည်။ ခရစ်ယာန်များ သည်အခြားသောယုံကြည်သူများကဲ့သို့ ‘အသက်ကို’ ၏ကောင်းကြီးတော်အတွက် ဘုရားကိုကျေးဇူးတင်သည်။ ကျွန်ုပ်တို့အားလုံးသည်မွေးဖွားခဲ့ကြသည်။ အဘယ် ကြောင့်ဆိုသော် ကျွန်ုပ်တို့အားအသက်ရှင် သန်စေလိုသူများကြောင့်ဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် ‘အသက်’ ၏ကျေးဇူးကြွေးကိုသက်ရှိထင်ရှားရှိနေသရွေ့ဆပ် ရန်ကျန်သည်။ ဘုရားသခင်အားကျေးဇူးတင်ပြီးနောက်၊ မိဘ၊ ဆရာသမားများ၊ ထိုဆရာသမားများ၌ဘာသာရေးဆ ရာ၊ ဆ ရာမ၊ အတန်းပညာ သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၊ ကျေးဇူးမကင်းသောအခြားသောသူများနှင့်၄င်းတို့၌တာ၀န်ရှိ သည်များထက်ပိုသောဂရုစိုက်မူဖြင့် ကျွန်ုပ်တို့အားအရိပ်တကြည့်ကြည့်ဖြင့်စောင့်ရှောက်ပေးသူများကိုကျေးဇူးတင်ရမည်။ ၄င်းတို့၏ပံ့ပိုးကူညီမူများ သည် ကျွန်ုပ်တို့အားကျေးဇူး တင်တတ်ရန်သင်ကြားနှိုး ဆော်နေသည်။ မိတ်ဆွေသူငယ်ချင်းခင်မင် မူသည်လည်း အစဉ်ကျေးဇူးတင်ရမည့်လက်ဆောင်ဖြစ်သည်။

(ချစ်ခြင်းသည်ကျေးဇူးတင်တတ်ခြင်းကိုမွေးဖွားပေး သည်။)

ကျေးဇူးတင်ခြင်းသည် ယေဇူးသခင်နှင့်ဆုံဆည်းခြင်း၌ကြီးထွားလာလေ့ရှိသည်။ ယေဇူးသခင်သည် ပျော်ရွှင် အောင်၊ တွေ့ဆုံရသောသူများ၌ ဘုရားသခင်အားမြင်တွေ့ပြီး ကျေးဇူးတင်ချီးမွှမ်းတတ်အောင်သင်ပေးသည်။ ကျွန်ုပ်တို့ အားလုံးသည်လည်း ခံစားနေရသောရောဂါပျောက်ကင်းသွားသောအရေပြားရောဂါသည် (၁၀) နှင့်အတူပျော်ရွှင်ရမည်။ အ ဘယ်ကြောင့်ဆိုသော် ၄င်းတို့သည်ခံစားနေရသော၊ အ ရှက်ရနေစေသော၊ လူ့အသိုင်း အဝိုင်း နှင့်သီးခြားနေရသောအခြေအ နေမှကင်းဝေးသွားသောကြောင့်ဖြစ်သည်။

(ယေဇူးသခင်၏နှင့်ဆုံဆည်းခြင်းသည်ပျော်ရွှင်မူကိုပေး သည်။)

ရောဂါပျောက်ကင်းသွားသူ (၁၀) ဦးအနက် တစ်ဦးသာ လျှင်ပျောက်ကင်းသွားသောရောဂါအတွက်ပျော်ရွှင်မူကိုပြ ခဲ့သည်။ သူသည်ယေဇူးသခင်နှင့်ထပ်မံဆုံဆည်းရန် စိတ်အားထက်သန်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည်စွန့် ပစ်ခံမဟုတ်။ ချစ်ခြင်းကိုခံရကြောင်းလုံး၀ သေ ချာနေသည်။ ဤသည်ကားအင်းအမြစ်ဖြစ်သည်။ ဤအချက်ကားချစ်ခြင်းကို ဖော်ပြသောတွန်းအားဖြစ် သည်။ ဤတွန်းအားသည်ကမ္ဘာကြီးကိုအုပ်စိုးမည်ဟု အီတလီကဗျာဆရာဒန်းတေ (Dante) ၏ အရေးအဖွဲ့ကို ကိုးကား၍မိန့်ကြားခဲ့သည်။ ဤဆိုလိုရင်းမှာ ခရစ်ယာန်များအတွက်အိမ်တော်ရှိသည်။ ခရစ္ဏတူး၌နေထိုင်နိုင် သည်။ ထိုအိမ်တော်၌နေ၍ ကမ္ဘာကြီးအားဆင်ခြင်တွေးတောရန်ဖြစ်သည်။ ဤသို့တွေးတောဆင် ခြင်ခြင်းဖြင့် ကမ္ဘာကြီး၏ အ ဆုံးမဲ့သောလှပခြင်းကိုပိုမိုခံ စားရမည်ဖြစ်သည်။

ထို့ကြောင့်ရဟန်းမင်းကြီးက ယေဇူးသခင်အားဆုံဆည်းနိုင်ရန်ကြိုးစားရင်း ပျော်ရွှင်ခြင်း ၌အစဉ်ရှိနေရန်၊ ကျေးဇူး တင်ရန်လည်းဘယ်တော့မျှမမေ့ရန်တိုက်တွန်းခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကျေးဇူးတင်တတ်သူဖြစ်လျှင် ကမ္ဘာကြီးသည်ပိုမို ကောင်းမွန်လာမည်။ ကျေးဇူးတင်တတ်ခြင်းကိုအနည်းငယ်မျှသာပြုလျင်ပင်ကျွန်ုပ်တို့သည် ကမ္ဘာကြီးအားမျှော်လင့်ချက် အနည်းငယ်ကိုလက်ဆင့်ကမ်းပေးနေခြင်းဖြစ်သည်။ အရာရာတိုင်းနွယ်ယှက်ပေါင်းစည်းနေသည်။ ကျွန်ုပ်တို့အားလုံးသည် လည်း မည်သည့်နေရာ၌ရှိနေစေကာမူ မိမိတို့၏ဆိုင်ရာ၀တ္တရားများကိုကျေပြွန်စွာဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ် ကြောင်းမိန့်ကြားရင်းနိဂုံးချုပ်လိုက်ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3hEiBPz

Add new comment

4 + 3 =