တစ်ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနှင့်ဒုက္ခသည်များနေ့  တွင် မိမိတို့ နေအိမ်များမှ စွန့်ခွာထွက်ပြေးရသူများအတွက်ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ကဆုတောင်း

တစ်ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနှင့်ဒုက္ခသည်များနေ့  တွင် မိမိတို့ နေအိမ်များမှ စွန့်ခွာထွက်ပြေးရသူများအတွက်ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ကဆုတောင်း

တစ်ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနှင့်ဒုက္ခသည်များနေ့  တွင် မိမိတို့ နေအိမ်များမှ စွန့်ခွာထွက်ပြေးရသူများအတွက်ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ကဆုတောင်း

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က စက်တင်ဘာလ၏ နောက်ဆုံး တနင်္ဂနွေနေ့ကို တစ်ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနှင့်ဒုက္ခသည်များနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်ကျင်းပသည်။

တနင်္ဂ‌နွေနေ့ အန်ဂျေလူးစ်မေတ္တာဆိုသည့်နေရာမှ စိန်ပီတာ့ရင်ပြင်တွင် ယုံကြည်သူများစုရုံး နေကြစဉ် ရဟန်းမင်းကြီးအရှင်သူမြတ်မှ ရွှေ့ပြောင်းနေထိုင်သူများနှင့်ဒုက္ခသည်များအား အထူးတလည်နှုတ်ဆက်ပါကြောင်းနှင့် သူတို့အပါအဝင် သူတို့အားကူညီပေးကြသောသူများအတွက်ပါ ဆုတောင်းပေးကြောင်း မြွက်ကြားခဲ့ပါသည်။

ထို့အပြင် ရဟန်းမင်းကြီးအရှင်သူမြတ်သည် သည် စိန်ပီတာ့ရင်ပြင်ရှိ "Angels Unawares" ဟူ၍ အမည်တပ်ထားသော ကြေးဝါပန်းပုဘက်သို့ အာရုံပြုကာ ကမ္ဘာလုံးဆိုင်ရာ နေ့ရက်အတွက်ရဟန်းမင်းကြီး၏ သတင်းစကားတွင် သခင်ယေဇူးနှင့်သူ၏မိသားစုကဲ့သို့ မိမိတို့နေရာဒေသမှ ထွက်ပြေးတိမ်း‌ရှောင် နေရသော ပြည်တွင်းစစ်ရှောင်နေရသူများ၏ အတိဒုက္ခရောက်ပုံကို ဦးတည်၍ ရှင်းပြခဲ့ပါသည်။

ကမ္ဘာတဝန်းရှိ ကက်သလစ်ပရဟိတအဖွဲ့အစည်းများ၏ Caritas ဂရုဏာအဖွဲ့အစည်းသည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှ ကမ္ဘာကြီး၏ ပြည်တွင်းစစ်ရှောင်နေရသူများ (IDPs) ၏တရားမျှတမှု၊ ဂုဏ်သိက္ခာရှိသော ဘဝနှင့် မိမိတို့နေအိမ်မျသို့ လုံခြုံစွာပြန်လာနိုင်ရန်အတွက် ငိုကြွေးသံကို ပြောကြားရာ၌ ပါဝင်ခဲ့ကြသည်။ Caritas Internationalisသည် မိမိသည် ကက်သလစ်အသင်းတော်သည် ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များနေ့ကိုစက်တင်ဘာ ၂၇ ရက်‌ နေ့တွင်သတ်မှတ်သည့် အနေဖြင့် မိမိတို့၏ ခေါ်တော်မူခြင်းကို ထပ်လောင်းပြောဆိုခဲ့သည်။

နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို အသုံးပြုရင်း မကြာခဏမေ့လျော့ခံရသော ပြည်တွင်းစစ်ရှောင်နေသူဒုက္ခသည်များ (IDPs) ၏အဖြစ်ဆိုးကို အာရုံစိုက်ရန်၊ အစိုးရများမှ ခြွင်းချက်မရှိထောက်ပံ့ရန် အခြေခံ ၀န်ဆောင်မှုများနှင့်ကမ္ဘာတဝန်းရှိအိုးအိမ်မဲ့ပြည်သူများအတွက်ဂုဏ်သိက္ခာရှိရှိလုံခြုံသောအိမ်ပြန်နိုင်မှုကို တောင်းဆိုခဲ့သည်။

"ပုပ်ရဟန်းမင်းကြီးရဲ့ခေါ်ဆိုမှု"

ကက်သလစ်အသင်းတော်သည်စက်တင်ဘာလ၏ နောက်ဆုံးတနင်္ဂနွေကို ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်သူများနှင့်ဒုက္ခသည်များနေ့အဖြစ်သတ်မှတ်လိုက်သည်။ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ယခုနှစ် ၁၀၆ ကြိမ်မြောက်နှစ်ပတ်လည်ပွဲတော်အတွက်“ ယေရှုခရစ်ကဲ့သို့ထွက်ပြေးရန်ဖိအားပေးခြင်း” ကို ခေါင်းစဉ်အဖြစ် ရွေးချယ်ခဲ့သည်။ မေလတွင် ထုတ်လွင့်သော သတင်းစကားတစ်ခု၌ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ပြည်တွင်းစစ်ရှောင် ပြည်သူများ (IDPs) အရေအတွက် တိုးပွားလာမှုအတွက် အထူးသတိပြုရန်နှင့် မူဝါဒအသစ်များကို တောင်းဆိုခဲ့သည်။ Covid-19 ၏ အကျိုးဆက်ကြောင့် မရေရာမှုများ၊ စွန့်ပစ်ခံရသူများ၊ ပတ်ဝန်းကျင်မှ ပထုတ်ခံရသူများလုံးကို လက်ခံကြိုဆိုကြောင်း ပုပ်ရဂန်းမင်းကြီးအရှင်သူမြတ်က မိန့်ကြားခဲ့သည်။ "ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များ၏ပြဿနာသည် အသက် ၈၃ နှစ်ရှိသော ပုပ်ရဟန်းမင်းကြီး၏ အဓိကအစီအစဉ်တစ်ရပ်ဖြစ်‌ ကြောင်းပြောကြားခဲ့သည်။

"တရားမျှတမှုအတွက် IDP ၏ ငိုကြွေးသံ"

Caritas Internationalis Internationalis Secretary General အဖွဲ့အစည်းမှ အလွှိုင်ရှက်စ် ဂျွန်ဆိုသူမှ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် အရှင်သူမြတ်၏ ဖိတ်ခေါ်မှုကို ထောက်ခံ၍ “ ဒီအထူးနေ့မှာ တရားမျှတမှုအတွက် ပြည်တွင်းစစ်ရှောင်ဒုက္ခသည်များ၏ အော်ဟစ်သံကိုအချိန်နှင့်အမျှ၊ချက်ချင်း အရေးတယူလုပ်‌ ဆောင်ပေးပါရန် ကျွန်ုပ်တို့ အဆိုသွင်းချင်ပါတယ်။” ဟူ၍‌ ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ Caritas သည် မိမိတို့၏ တိုင်းပြည်များ၌ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများနှင့် အဆက်မပြတ်တိုက်ရိုက်ဆက်သွယ်နေကြောင်းပြောကြားခဲ့သည်။ ထိုသူတို့သည် မိမိတို့ဘာသာစွန့်ခွာကာ၊ သမားရိုးကျဥပဒေအရအကာအကွယ်မဲ့ခြင်းခံရသူများဖြစ်သည်။ Internal Displacement Monitoring Centre ၏ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာအရ "၂၀၁၉ ခုနှစ်အကုန်တွင် ကမ္ဘာအနှံ့ရှိနိုင်ငံပေါင်း ၆၁ နိုင်ငံနှင့်နယ်မြေ ၆၁ ခုရှိ အငြင်းပွားမှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့်လူပေါင်း ၄၅.၇ သန်းသည်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။"ဟု မှတ်တမ်းတင်ခဲ့သည်။

ဂျွန်က "ဤအရေအတွက်သည် မှတ်တမ်းတင်ဖူးခဲ့သည့်အရာများထဲမှ အမြင့်ဆုံးဖြစ်သည်" ဟု ဆိုသည်။ "သို့သော် တိုးပွားနေသော အရေအတွက်နှင့် အရေးတကြီးအခြေအနေများရှိနေ‌‌ သော်လည်း ယနေ့တိုင် IDP၏ အခြေအနေသည် နိုင်ငံတကာအဆင့်တွင် လုံလောက်စွာကိုင်တွယ်နိုင်ခြင်းမရှိသေး။" ဟု သူကထောက်ပြခဲ့သည်။

"ဒုက္ခသည်များနှင့် IDP အခြေအနေ"

ဂျွန်က အပြည်ပြည်ဆိုင်ရာအကာအကွယ်ပေးသောဒုက္ခသည်များနှင့်မတူဘဲ IDP များသည်နိုင်ငံတကာဥပဒေအရအကာအကွယ်ပေးမှုမှအကျိုးကျေးဇူးများမခံစားရကြောင်း၊ အကြောင်းမှာ သူတို့သည် မိမိတို့နိုင်ငံ၏ နယ်နိမိတ်အတွင်းတွင်သာရှိနေသောကြောင့်ဖြစ်သည်။ ထိုသူတို့သည် ငတ်မွတ်ခြင်း၊ စစ်ပွဲဖြစ်ပွားမှုနှင့် အကြမ်းဖက်မှုများကိုဖြစ်စေသော ဒီမိုကရေစီနည်းမကျသော နိုင်ငံရေးစနစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၏ သားကောင်များသာဖြစ်ရသည်။ သူတို့သည် ကမ္ဘာပေါ်မှာအားနွဲ့ဆုံးလူများထဲတွင်ပါပြီး ဂုဏ်သိက္ခာရှိရှိနေထိုင်ရန် သူတို့၏ အခြေခံအခွင့်အရေးကိုငြင်းပယ်ခံထားရသူများဖြစ်သည်။ IDP ကလေးများ၊ အထူးသဖြင့် ငယ်ရွယ်သောမိန်းကလေးများနှင့် အမျိုးသမီးများသည် ကမ္ဘာပေါ်တွင် ပိုမိုအားနွဲ့‌သောသူများဖြစ်၍ မကြာခဏခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်း၊အကြမ်းဖက်မှုများကိုလည်းမကြာခဏခံနေရကြောင်း ပြောပြခဲ့သည်။

"အခြေခံအရင်းအမြစ်ကိုဖော်ထုတ်ပြခြင်း"

Caritas Internationalis မှမှတ်ချက်ချသည်မှာပြည်တွင်းစစ်ရှောင်ခြင်း အခြေအနေများသည် ကြာရှည်စွာဖြစ်ပေါ်နေပြီးအတင်းအဓမ္မနေရာရွှေ့ပြောင်းရခြင်း၏အဓိကအကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုရသေးသောကြောင့်ဖြစ်သည်။ ဥပမာ - ဆီးရီးယား၊ ကိုလံဘီယာနှင့်ယူကရိန်းတို့၏ပဋိပက္ခအခြေအနေများ။ ဆိုမာလီယာ (Somalia)၊ ဘိုကီနာ ဖာဆို(Burkina Faso)၊ မာလီ(Mali) နှင့်ဖိလစ်ပိုင်(Philippines)တို့ကဲ့သို့သော သဘာဝဘေးအန္တရာယ်များနှင့် ဆင်းရဲငတ်ပြတ်မှုများ(သို့မဟုတ်) ရာသီဥတုပြောင်းလဲမှုကြောင့် ဆက်လက်၍ လုံခြုံမှုကင်းမဲ့သော အခြေအနေများကြောင့် အတင်းအဓမ္မ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရသူများ ကို အိမ်ပြန်ခွင့်မပြုဂသည့် အကျိုးဆက်များသည်လည်း လူများကိုလည်းအိုးမဲ့အိမ်မဲ့ဖြစ်စေသည့် အကြောင်းတစ်ခုဖြစ်ကြောင်းရင်းတစ်ခုဖြစ်သည်။

အစိုးရများ၊ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများ

ဂျွန်ဆိုသူ လူပုဂ္ဂိုလ်တစ်ဦးက“ ဒီအဖြစ်ဆိုးကြီးကိုကျွန်ုပ်တို့ ဆက်လက်၍ မျက်စိပိတ်၍ မနေနိုင်ပါဘူး။နိုင်အောင်ဖြစ်နေတယ်။ အစိုးနှင့် နိုင်ငံတကာအအဖွဲ့အစည်းသည် ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရသူများအတွက် ချက်ချင်းအရေးယူပေးပါရန်” လှုံ့ဆော်၍ပြောခဲ့သည်။ Caritas ဂရုဏာရေးအသင်းသည် အိုးအိမ်စွန့်ခွာတိမ်းရှောင်သူပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သော အစားအစာနှင့်‌ သောက်ရေသန့်များကဲ့သို့သော ၀ န်ဆောင်မှုများရရှိစေရန်နှင့် အထူးသဖြင့် ဤ COVID-19 ငပ်ရောဂါပျံ့နှံ့ကူးစက်မှုကာလတွင် သူတို့ကို သိက္ခာရှိရှိ နေထိုင်ခွင့်ပြုရန် အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့များအား မေတ္တာရပ်ခံခဲ့သည်။ ဂရုဏာအသင်းသည် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား မိမိတို့နေအိမ်များသို့ ပြန်နေချင်သောသူများအတွက် လုံခြုံမှုနှင့် သိက္ခာရှိရှိဖြင့်နေအိမ်များတွင် ပြန်သွားနိုင်ရန် တိုက်တွန်းခဲ့ပါသည်။ ပြည်တွင်း ထွက်ပြေးပုန်းရှောင် ရသည့်‌အကြောင်းရင်းများထဲမှ ပဋ္ဌိပက္ခများဖြစ်သည့် ကမ္ဘာတစ်ဝန်း ပစ်ခတ်ရပ်စဲမှုကိုလည်းတောင်းဆိုခဲ့သည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

Photo courtesy of: ANSA

https://bit.ly/36t5eOT

Add new comment

2 + 4 =