တကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်နှင့် ဘဝင်မြင်ခြင်း များကို သတိထားရန် ပုပ်ရဟန်းမင်းကြီး သတိပေး

Casa Sant Marta တွင် နေ့စဉ် သမ္မာကျမ်းစာကို အခြေခံပြီး ဟောကြားသော မစ္ဆားတရား
တကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်နှင့် ဘဝင်မြင်ခြင်း များကို သတိထားရန် ပုပ်ရဟန်းမင်းကြီး သတိပေး
နိုဝင်ဘာလ ၅၊ ၂၁၈
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တနင်္လာနေ့ မနက် Casa Sant Marta တွင် နေ့စဉ် သမ္မာကျမ်းစာကို အခြေခံပြီး ဟောကြားသော မစ္ဆားတရား တော်မြတ်၌
အဖွဲ့အစည်းအတွင်းစည်းလုံးခြင်းကိုပျက်ပြားစေပြီး စိတ်ဝမ်းကွဲခြင်းနှင့် ပြသနာများကိုသာဖြစ်ပေါ်စေသော တကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်နှင့် ဘဝင်မြင်ခြင်း များကို သတိထားရန် ပုပ်ရဟန်းမင်းကြီး သတိပေး ဟောကြားခဲ့ပါသည်။
အပေါင်းအသင်းမိတ်ဆွေဖွဲ့တဲ့နေရာမှာ ကိုယ်အတွက် သာကြည့်ပြီး မိတ်ဆွေမဖွဲ့ဖို့၊ အလုပ်လုပ်တဲ့နေရာမှာလည်း မိမိအတွက်သာကြည့်ပြီး လုပ်တတ်သော စိတ်ဓတ်များမထားကြဖို့ သခင်ခရစ်တော်က ရှင်းရှင်းလင်းလင်း သွန်သင် ပေးခဲ့ပါသည်။
တကိုယ်ကောင်းစိတ်ထားခြင်း၊ ကိုယ်ကျိုးရှာအမြတ်ထုတ်ခြင်း၊ မိမိအတွက်သာကြည့်တတ်ခြင်းသည် သခင်ခရစ်တော်၏ သွန်သင်ချက်နှင့် ဆန့်ကျင်သော အရာဖြစ်ပါသည်။
တန်ဖိုးမရှိသော ဂုဏ်သတင်းကျော်ဇော်ခြင်းတွေ၊ ကိုယ်ကျိုးရှာအမြတ်ထုတ်ခြင်းတွေကို ရှောင်ကျဉ်ပြီး နိုမ်ချသောစိတ်နှင့် တပါးသူကို ဦးစားပေးတတ်သော အကျင့်များမွေးမြူကြဖို့ တမန်တော်ပေါ်လူး၏ ဖိလစ်ပိမြို့သားတို့ထံပေးစာ ပထမကျမ်းစာကို အခြေခံပြီး ဟောကြားခဲ့ပါသည်။ သူတပါးမကောင်းပြောခြင်း၊ မိမိကိုယ်ကို အမွှန်းတင်၍ တပါးသူနှင့်ယှဉ်ပြီး ချိုးနှိမ်စွာပြောဆိုခြင်းတို့သည် မကောင်းမူ အကျိုးရလဒ်များကိုသာဖြစ်ပေါ်စေကြောင်း၊
မိမိကိုယ်ကို အထင်ကြီးခြင်း၊ သူတစ်ပါးကို အထက်စီးမှပြောဆိုဆက်ဆံခြင်းသည် အဖွဲ့အစည်းများ ၊ မိသားစုများကို စိတ်ဝမ်းကွဲစေခြင်းပျက်စီးစေခြင်းများကို ဦးတည်နေကြောင်း၊
ခရစ်ယာန်အသက်တာ အသက်ရှင်နေထိုင်မှုသည်၊ သခင်ခရစ်တော်သွန်သင်ခဲ့သည့်အတိုင်း၊ ကောင်းမွန်သော အလုပ်များကို အကျိုးအမြတ်မမျှော်ဘဲ တပါးသူအတွက်လုပ်ကိုင်ပေးခြင်း၊ စည်းလုံးမှုကိုတိုးပွားများပြားစေခြင်း၊ တပါးသူကိုဦးစားပေးခြင်းတို့ဖြစ်ကြောင်း၊ အပြုအမူအပြောအဆိုယဉ်ကျေးပြုငှါစွာပြောဆိုဆက်ဆံခြင်းဖြင့် ငြိမ်းချမ်းခြင်းကိုတည်ဆောက်ခြင်းတို့ဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-11/pope-francis-mass-casa-santa-marta.html

#pope, #mass, #humble, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 19 =