ညှိနိုင်းဆွေနွေးတိုင်ပင်ခြင်းအမူ၌ အမှား မရှိနိုင်

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း

ညှိနိုင်းဆွေနွေးတိုင်ပင်ခြင်းအမူ၌ အမှား မရှိနိုင်
မေလ ၁၅၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း တွင် ဘာသာတရား ညှိနိုင်းဆွေးနွေးရေး နိုင်ငံတကာ ဂျူးလူမျိုး ကော်မတီအဖွဲ့ဝင်များနှင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခဲ့ပါသည်။

ယင်းတွေ့ဆုံခြင်းတွင်း အဖွဲ့ဝင်များကို ဂျူးလူမျိုးတတ်​သိပညာရှင်များ ကက်သလစ်ပညာရှိများ ၏ ညှိနိုင်းဆွေးနွေပွဲးသည် ပညာရှိများစုစည်းထားသည် အထွေထွေညီလာခံနှင့်တူညီကြောင်း ပြောကြားခဲ့ပါသည်။

ယင်းအဖွဲ့သို့ ပုပ်ရဟန်းမင်းကြီး ရးသားပေးပို့သော မှတ်ချက်စာတွင် ဒုတိယဗာတီကန် အစည်းအဝေးကြီးမှ ကက်သလစ်အသင်းတော်နှင့် ခရစ်ယာန်မဟုတ်သော အသင်းတော်များ၏ ဆက်ဆံရေး (Nostra Aetate) ကြေငြာစာတန်း သည် ယခုအချိန်တွင် ဂျူးလူမျိုးများ နှင့် ခရစ်ယာန်တို့၏ ညှိနိုင်းဆွေးနွေးခြင်းနည်းလမ်း၌ ကောင်းမွန်သော အသီးအပွင့် များရရှိနေကြောင်း၊ ဂျူးဘာသာဝင်များ နှင့် ခရစ်ယာန်များသည် ဘိုဘေးတို့မှ ရရှိခဲ့သော ဝိညာဉ်ရေးရာ အမွေ အနှစ်များကို အတူတကွတန်ဖိုးထားရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ဝေမျှသုံးစွဲခြင်း၊ ညီကိုယ်မောင်နှမစိတ်ဖော်ဆောင်ခြင်း၊ အပြန်အလှန်နားလည်မှုတည်ဆောက်ခြင်းများကို အလေးအမြတ်တန်ဖိုးထားကြဖို့ ဝေမျှကြရမည်ဖြစ်သည်။

ကမ္ဘာအနှံအပြားမှာ ဒုက္ခပေးနေသော ခရစ်ယာန်များ ညှင်းပန်းနှိတ်စက်သတ်ဖြတ်ခံနေရမှု အရေးများ၊ ရောဂါတမျိုးပြန်ထလာသကဲ့သို့ ပြန်လည်ပေါ်ပေါက်လာသည် ဂျူးလူမျိုးမုန်းတီးရေးဝါဒ နှင့် ဆိုးဝါးစွာဖြစ်ပေါ်နေသည့် ရွေ့ပြောင်းဒုက္ခသည်များ အရေးများကြုံတွေနေရချိန်တွင် ယခုကဲ့သို့ သင်တို့၏ ဘာသာတရားနှီးနှောဖလှယ်ရေးလုပ်ငန်း ပြောဆိုဆွေနွေးကြခြင်းလုပ်ငန်းသည် အချိန်ကိုက် လုပ်ဆောင်လာသောအရာတုခုဖြစ်ကြောင်း ကိုလည်း ထောက်ပြခဲ့ပါသည်။

ပြောဆိုညှိနိုင်းဆွေးနွေခြင်း နည်းလမ်းအားဖြင့် အတူတကွပူးပေါင်းလုပ်ဆောင်းခြင်းသည် တစ်ဦးကို တစ်ဦး ပိုမိုနားလည်လာစေခြင်း၊ သီးခံစိတ်ရှည်ခြင်းနှင့် အပြန်အလှန် ရိုသေလေးစားခြင်း နေအထားကို ဘာသာတရားများအကြားတွင် တည်ဆောက်ကြခြင်း ဖြစ်ကြောင်း၊ ကျွနုပ်တို့၏ ခွန်အားသည် ပြသနာများကိုဖြစ်ပေါ်စေသည့် အစွန်းရောက် တစ်ဖက်စောင်းနင်း ကိုယ်အသာရလိုမူဝါဒမဟုတ်၊ နူးညံသိမ်မွေ့စွာ အတူတကွ တွေ့ဆုံဆွေးနွေးကြခြင်းသာ ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ညှိနိုင်းဆွေနွေးတိုင်ပင်ခြင်းအမှု၌ ဘယ်သောအခါမျှ အမှာ မရှိနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။။

 

https://www.vaticannews.va/en/pope/news/2019-05/pope-dialogue-key-to-tol...

#pope, #generalaudience, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 2 =